December 12, 2017

SM: Myanmar Radio

ပြည်တွင်းက နာမည်ကြီးရေဒီယိုတွေရဲ့ Live ထုတ်လွှင့်မှုတွေကို နားဆင်နိုင်မယ့် App ဖြစ်ပါတယ်။ ရွှေရေဒီယို၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ မန္တလေး FM ၊ VOA ၊ MRTV ၊ RFA ၊ BBC News ၊ NHK ၊ ဓမ္မရေဒီယိုစတဲ့ ရေဒီယိုလိုင်းတွေကို အွန်လိုင်းကနေတစ်ဆင့် နားဆင်နိုင်အောင် ဖန်တီးပေးထား တာဖြစ်ပါတယ်။ App ကို အသုံးပြုဖို့အတွက် အင်တာနက်ချိတ်ဆက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ App ကို Android version 2.2 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း