June 24, 2017

Slack chat platform ကို ဒေါ်လာ ၉ဘီလျံနဲ့ ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ Amazon

Amazon ဟာ chat platform တစ်ခုဖြစ်တဲ့ Slack ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

Slack ရဲ့ messaging ဝန်ဆောင်မှုကို ၂၀၁၃ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ Airbnb, Samsung, BuzzFeed နဲ့ ဟားဗတ်တက္ကသိုလ် အပါအဝင် ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက Slack ရဲ့ platform အတွက် ဒေါ်လာ သန်း ၅၄၀ မတည် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ဒေါ်လာသန်း ၂၀၀ ထပ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Amazon အနေနဲ့ Slack ကို ဒေါ်လာ ၉ ဘီလျံကျော်နဲ့ ဝယ်ယူဖွယ်ရှိတယ်လို့ Bloomberg ရဲ့သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပေမယ့် Slack အနေနဲ့ ဘယ်ကမ်းလှမ်းမှုကိုမှ လက်ခံဖွယ်မရှိပါဘူး။

Amazon ဟာ ကုမ္ပဏီရဲ့ ပထမဆုံး e-commerce platform တစ်ခုပါ။ ဒါပေမယ့် ကုမ္ပဏီက အစားအသောက် အိမ်တိုင်ရာရောက်ပို့တာအပြင် cloud storage အပါအဝင် နယ်ပယ်မျိုးစုံအထိ လုပ်ငန်းကို တိုးချဲ့နေပါတယ်။

Amazon ဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး ငါးခုထဲက တစ်ခုအပါအ၀င်ဖြစ်ပြီး အဲဒီကုမ္ပဏီတွေထဲမှာ Amazon တစ်ခုပဲ messaging platform မရှိတာပါ။ Apple မှာ iMessage, Facebook မှာ Messenger ရှိသလို Microsoft မှာလည်း Outlook နဲ့ Teams ရှိပြီး Google မှာ Hangouts ရှိပါတယ်။

Slack ကို အခမဲ့ download လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Slack ရဲ့အထူး feature ဖြစ်တဲ့ အကန့်အသတ်မရှိ ဆက်သွယ်ရေး history, support နဲ့ statistics ကို အသုံးပြုချင်ရင် ကုမ္ပဏီတွေရဲ့ သုံးစွဲတစ်ဦးစီအတွက် ငွေကြေးကောက်ခံပါတယ်။

Slack ကို နေ့စဉ်အသုံးပြုသူ ၅ သန်းခန့် ရှိပြီး ဝန်ဆောင်မှုအတွက် ၁.၅ သန်းက ငွေပေးချေပြီး အသုံးပြုနေကြတယ်လို့ သိရပါတယ်။

စိုးထက်
Ref: BusinessInsider

//ambient pc code