April 22, 2018

Shotcutကို Ubuntu OS မွာ ဘယ္လို ထည့္သြင္းမလဲ

[ Zawgyi ]

Shotcut ဆိုတာကေတာ့ cross-platform အသံုးျပဳ ႏိုင္မယ့္ video editor ေဆာ့ဖ္ဝဲ တစ္ခုပဲျဖစ္ပါတယ္။ Ubuntu OS မွာ 4k video ဖိုင္ေတြအထိအေထာက္အပံ့ေပးႏိုင္တဲ့ ဗီဒီယိုတည္းျဖတ္ေဆာ့ဖ္ဝဲတစ္ခုလည္း ျဖစ္ပါတယ္။

Ubuntu OS မွာ Shotcut ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Shotcut ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြ ကေတာ့ –

sudo add-apt-repository ppa:haraldhv/shotcut
sudo apt-get update
sudo apt-get install shotcut

ဆိုတဲ့ command ေတြပဲ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို အသံုးျပဳၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး ထည့္သြင္း ေပးသြားမွာ ျဖစ္ပါတယ္။ တကယ္လို႔ အဆိုပါ ေဆာ့ဖ္ဝဲကိုအသံုးမျပဳ လုိေတာ့ဘူးဆိုရင္ sudo apt-get remove shotcut ဆိုတဲ့ command နဲ႔ ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

-သီဟ

=================

[ Unicode ]

Shotcutကို Ubuntu OS မှာ ဘယ်လို ထည့်သွင်းမလဲ

=================

Shotcut ဆိုတာကတော့ cross-platform အသုံးပြု နိုင်မယ့် video editor ဆော့ဖ်ဝဲ တစ်ခုပဲဖြစ်ပါတယ်။ Ubuntu OS မှာ 4k video ဖိုင်တွေအထိအထောက်အပံ့ပေးနိုင်တဲ့ ဗီဒီယိုတည်းဖြတ်ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ Shotcut ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Shotcut ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:haraldhv/shotcut
sudo apt-get update
sudo apt-get install shotcut

ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ command တွေကို အသုံးပြုပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ဆော့ဖ်ဝဲကိုအသုံးမပြု လိုတော့ဘူးဆိုရင် sudo apt-get remove shotcut ဆိုတဲ့ command နဲ့ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ