December 14, 2017

Selfie ယဉ်ကျေးမှုထဲမှာ သင့်ကို ဦးဆောင်စေမယ့် V7+

Vivo ရဲ့ နောက်ဆုံးထုတ် V7+ က 24MP အရှေ့ကင်မရာ၊ FullViewTM Display ဆိုတဲ့ အချက်နှစ်ချက်ကို အဓိက ဦးစားပေးပြီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ FullView လည်း သူ့အားသာချက်နဲ့သူ ရှိနေသလို 24MP အရှေ့ ကင်မရာကလည်း သူ့အားသာချက်နဲ့သူ ရှိနေပါတယ်။
ဒီနေ့ခေတ် စမတ်ဖုန်း အသုံးပြုသူအတော်များများက Selfie ရိုက်ဖို့ကိုလည်း ဦးစားပေးအချက်အလက် တစ်ခုအဖြစ် ထည့်သွင်းလာကြပါတယ်။ လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာတဲ့ Selfie ယဉ်ကျေးမှုမှာ စမတ်ဖုန်းတွေနဲ့ လူမှုကွန်ယက်တွေက အဓိကအရင်းခံပါပဲ။

 


လူအများစုက ကိုယ့်ရဲ့ အကောင်းဆုံးအရာတွေကိုပဲ မျှဝေချင်ကြတာ သဘာဝပါပဲ။ ဒါကြောင့် သူတို့ရဲ့ Selfie ပုံတွေကို အရည်အသွေးကောင်းကောင်း ရချင်ကြပါတယ်။ ဒါက သုံးစွဲသူတွေရဲ့ လိုလားချက်နဲ့ လိုအပ်ချက်ပါ။ ဒါကိုလည်း စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက သိရှိပြီး သူ့ထက်ငါ အပြိုင်အဆိုင် ဖြည့်ဆည်းနေကြပါတယ်။
အခုနောက်ပိုင်းမှာ Vivo က သိသိသာသာကို Selfie culture ထဲ ဦးဆောင်မှုယူဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ 2016 နှစ်လယ်ပိုင်းတုန်းက V3 ကိုထုတ်တော့ 8MP အရှေ့ကင်မရာကို ထည့်သွင်းခဲ့ပါတယ်။ 2016 နှစ်ကုန်ပိုင်းကျတော့ V5 ကို ဈေးကွက်ထဲ ဖြန့်ခဲ့ပါတယ်။ 20MP အရှေ့ကင်မရာက ကမ္ဘာ့ Mega pixel အများဆုံးအဖြစ် ဦးဆောင်ခဲ့ပါသေးတယ်။ V5+ မှာတော့ ကမ္ဘာ့ ပထမဆုံး 20MP Dual selfie camera ကို ထည့်သွင်း ထုတ်လုပ်ခဲ့ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ V7+ ကလည်း စမတ်ဖုန်းနယ်ပယ်မှာ 24MP အရှေ့ကင်မရာအဖြစ် ဦးဆောင်နေဆဲပါပဲ။ V7+ ထွက်လာတော့ အရှေ့ကင်မရာက Single ကင်မရာပဲ ဖြစ်သွားတာကို တွေ့လိုက်ရတဲ့အတွက် အနည်းငယ်တော့ အံ့အားသင့်သွားပါတယ်။ ဒါပေမယ့် Selfie ရိုက်ကူးကြည့်တော့ V5+ ရဲ့ Dual camera ထက် မနိမ့်တဲ့အပြင် ပိုပြီးကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်တာ တွေ့ရပါတယ်။ ဒါက Vivo ရဲ့ နောက်ခံအလင်းချိန်ညှိခြင်းနဲ့ ညမြင်ကွင်းမှာ ဓာတ်ပုံရိုက်ကူးခြင်းတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေပါပဲ။

 


သာမန် အနီးကပ်အလှ Selfie ရိုက်လိုသူတွေအတွက် လိုအပ်ချက်တွေဖြစ်တဲ့ နောက်ခံဝေဝါးစေမှုအတွက်လည်း ထောက်ပံ့မှုတွေပေးထားတာက သုံးစွဲသူအတွက် စိတ်ကျေနပ်စေမယ့် အချက်ဖြစ်ပါလိမ့်မယ်။
ပြီးတော့ ပြေပြစ်တဲ့ Selfie Softlight ပါပဲ။ အလင်းရောင်အားနည်းနေတဲ့ အချိန်မျိုးမှာ လိုအပ်တဲ့ အလင်းရောင် ဖျော့ဖျော့ကို ဖန်တီးပေးတာက သုံးစွဲသူတွေ မငြင်းဆန်နိုင်မယ့် ထောက်ပံ့မှုပါပဲ။ ဒါတင်မကသေးဘဲ ကိုယ့်ရဲ့ အသားအရောင်နဲ့ အပြစ်အနာအဆာတွေအတွက် ပြုပြင်ပေးမယ့် မျက်နှာအလှပြုပြင်စနစ်လည်း ပါဝင်နေတာက Selfie ယဉ်ကျေးမှုထဲ ပျော်ပျော်ရွှင်ရွှင် စီးမျောစေဖို့ တွန်းအားတစ်ခု ဖြစ်ပါလိမ့်မယ်။
Selfie ဟာ အဆင့်မြင့် ပညာရှင်တွေနဲ့ ရိုက်ကူးတာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒီလိုပြောကြတာမှန်ပေမယ့် V7+ နဲ့ ရိုက်ကူးပြီး အကောင်းဆုံးအနေအထားအထိ သင့်စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။ လိုအပ်တာကတော့ V7+နဲ့ ရိုက်ကူးသူရဲ့ စိတ်ကူးစိတ်သန်းပါပဲ။ ဒီနှစ်ခုကို အချိုးကျပေါင်းစပ်သွားရင်တော့ Selfie ယဉ်ကျေးမှုမှာ ရှေ့ရောက်နေဖို့ သိပ်မဝေးတော့ပါဘူး။