September 24, 2017

Samsung Galaxy S8 Launcher ကို S7 နဲ့ S7 EDGE မှာ ဘယ်လိုထည့်မလဲ

Samsung Galaxy S7 နဲ့ S7 EDGE မှာ S8 Launcher ကို ထည့်သွင်းသုံးစွဲလိုသူတွေအနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

အဆင့် – ၁

S8 launcher ကို Samsung Galaxy S7 နဲ့ S7 EDGE မှာ ထည့်သွင်းဖို့အတွက်ဆိုရင် Android Nougat ကို အသုံးပြုထားဖို့လိုပါတယ်။ ပြီးရင် TouchWiz home app မှာ clear data နဲ့ updates uninstall လုပ်ပေးရပါမယ်။

Settings > Applications ထဲကိုသွားပါ။ ပြီးရင် All apps ဆိုတာကိုရွေးပြီး TouchWiz home app ကို နှိပ်ပါ။

Application Info အောက်ကို ရောက်သွားရင် Storage ဆိုတာကိုရွေးပါ။

Storage ထဲမှာမှ Clear Data ဆိုတာကိုတွေ့ရပါမယ်။ Clear Data ဆိုတဲ့ခလုတ်ကို နှိပ်ပြီး Delete ကို ထပ်နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ Application Info ရဲ့ဘေးညာဘက်မှာ အစက်သုံးစက်နဲ့ menu button ကို တွေ့ရပါမယ်။ အဆိုပါ menu button ကို နှိပ်ပြီး Uninstall updates ဆိုတာကို နှိပ်ပါ။

အဆင့် -၂

ဒီ အဆင့်ကတော့ Samsung Galaxy S8 launcher ကို download လုပ်ရမှာဖြစ်ပါတယ်။ S8 Launcher ကို stock version နဲ့ modified version ဆိုပြီး ၂ မျိုး ခွဲခြားပေးထားပါတယ်။ နှစ်သက်ရာကိုရွေးချယ်ပြီး ထည့်သွင်း နိုင်ပါတယ်။

S8 Stock version ကို ဒီနေရာကနေ ရယူပါ။

Modified version ကို ဒီနေရာကနေ ရယူပါ။

တကယ်လို့ stock version ကိုထည့်သုံးရတာ အဆင်မပြေဘူးဆိုရင် modified version ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

အဆင့် – ၃

Download လုပ်ပြီးပြီဆိုရင် TouchWiz20home_com ဆိုတဲ့ APK ဖိုင်ကို Install လုပ်လိုက်ပါ။

Install လုပ်ပြီးပြီဆိုရင် Done ကို နှိပ်လိုက်ပါ။ ဒါဆိုရင် S8 launcher ကို S7 နဲ့ S7 EDGE မှာ ထည့်သွင်းပြီးပါပြီ။

Ref: GadgetHacks