October 20, 2017

Samsung Galaxy Note 8

Price : 1,275,000ks

အားသာချက်

ကင်မရာပိုင်းကောင်းမွန်ခြင်း၊ Screen အရည်အသွေးမြင့်မားခြင်းနဲ့ ရုပ်ထွက်ပိုင်းကောင်းမွန်ခြင်း၊ ဖုန်းထဲမှာအသုံးပြုထားတဲ့ CPU, GPU ပိုင်းနဲ့ Hardware ပိုင်းတွေ မြင့်မားကောင်းမွန်ခြင်း၊ မှတ်ဉာဏ်ပိုင်းမြင့် မားခြင်းအစရှိတဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ဆိုရမှာပါ။ IP68 ရရှိထားပြီး ရေစိုဒဏ်ခံနိုင်ခြင်း၊ ဖုန်းတွင်းအသုံးပြုစနစ် တွေစုံလင်ကောင်းမွန်ခြင်းနဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံဒီဇိုင်းကောင်း မွန်ခြင်းတွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေပါပဲ။

အားနည်းချက်

Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် SD Card ကိုအသုံးပြုမယ် ဆိုရင် Sim Card တစ်ကတ်ပဲ အသုံးပြုလို့ရမှာပါ။ Sim Card Adapter ကလည်း ပျော့ပျောင်းတဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့အတွက် ထုတ်သွင်း ပြုလုပ်တဲ့အချိန်မှာ အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းတွေကိုဂရု စိုက်သင့်ပါတယ်။

ဒီဇိုင်း

ပုံစံဒီဇိုင်းပိုင်း လှပသေသပ်တဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းရဲ့ဖွဲ့စည်း တည်ဆောက်မှုပုံစံက အထက်အောက်မြင့်ပြီး ဘေးတိုက် အကျယ်က လက်တစ်ဘက်တည်းနဲ့ ကိုင်တွယ်အသုံးပြုဖို့ အံဝင်ခွင်ကျရှိတဲ့အရွယ်အ စားမျိုးလည်းရှိပါတယ်။ ရှေ့ဘက်မြင်ကွင်း မျက်နှာပြင်အပြည့်ပုံစံဖြစ်ပြီး မြင်ကွင်းဘေးဘောင်လုံးဝမရှိအနားခုံးမှန်ပုံစံမျိုးပြုလုပ်ထားတာပါ။ မြင်ကွင်းအပြည့်ပုံစံဖြစ်တဲ့အတွက် ရှေ့မျက်နှာပြင်ပေါ်မှာ ခလုတ်တွေ တစ်ခုမှမပါဝင်ပဲ စနစ်အားလုံးကို Touch စနစ်နဲ့အသုံးပြရမှာဖြစ်ပြီး နောက်ကျောဘက်ကာဗာပေါ်မှာတော့ ကင်မရာနှစ်လုံးနဲ့ Fingerprint ကို ဘေးချင်းယှဉ်လျက် တပ်ဆင်ပေးထားပါတယ်။ စပီကာ၊ USB ကို တော့ဖုန်းရဲ့ အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားပြီး Sim Slot ကတော့ဖုန်းရဲ့ အပေါ်ထိပ်ဘက်မှာပါ။ ကိုင်တွယ်အသုံးပြုချိန်မှာတော့ အလေးချိန်အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။

မြင်ကွင်း

၆.၃ လက်မရှိတဲ့ Super AMOLED Screen အမျိုးအစားဖြစ်ပြီး 1440 x 2960 pixels ရှိတဲ့ WQHD Screen အမျိုးအစားဖြစ်ပါတယ်။ Screen က ရှေ့မျက်နှာပြင်အပြည့်နီးပါးဖြစ်တဲ့အတွက်အရွယ်အစားကသင့်တင့်တဲ့ အရွယ်အစားမျိုးပါပဲ။

နည်းပညာ

ဖုန်းရဲ့ Security ပိုင်းမှာတော့ ပုံမှန် Lock စနစ်တွေနဲ့ Fingerprint,Iris Scanner စနစ်အပြင် အသုံးပြုသူရဲ့မျက်နှာနဲ့ မှတ်သားထားပြီး ဖွင့်နိုင်တဲ့ Face Recognition စနစ်လည်းပါဝင်လာတာ တွေ့ရပါတယ်။ ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ အသုံးပြုမယ့်စနစ်ရဲ့လိုအပ်ချက်နဲ့ ပါဝါအသုံးပြုနိုင်မှု ဘက်ထရီပမာဏတွေပေါ်မှာမူတည်ပြီး Resolution ကို အသုံးပြုသူ စိတ်ကြိုက်ချိန်ပြီး သုံးနိုင်ပါတယ်။ Note Pen ရဲ့အရွယ်အစားနဲ့ Knit ကလည်းသေးငယ်တဲ့အတွက် စာရေးခြင်း တွေအပြင် ပုံဆွဲခြင်း၊ ဒီဇိုင်းလုပ်ခြင်းတွေ အတွက်ပါ ကောင်းမွန်ပါတယ်။ ကင်မရာနည်းပညာပိုင်းမှာလည်း Wide Lens နဲ့ Zoom Lens နှစ်ခုကို တွဲဖက်အသုံးပြုထားတဲ့ Dual Camer နည်းပညာ၊ EDGE Screen နည်း ပညာ၊ Multi Windows, Device Maintenance, Gesture & Motion , Second App အစရှိတဲ့စနစ်တွေအပြင် စုံလင်လှတဲ့ အသုံးပြုစနစ်တွေကို ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။

သုံးသပ်ချက်

Note8 ဟာ ဖုန်းရဲ့ကင်မရာပိုင်း၊ Memory ပိုင်းနဲ့ CPU, GPU အစရှိတဲ့ ဖုန်းတွင်း Hardware ပိုင်းတွေမှာ မြင့်မားကောင်းမွန်တဲ့ဖုန်းဖြစ် ပါတယ်။ ရေစိုခံခြင်းအပိုင်းမှာကောင်းမွန်တဲ့အပြင် ဖုန်းတွင်းအသုံးပြုစ နစ်ပိုင်းတွေမှာလည်း စုံလင်ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ ရှေ့မြင်ကွင်း Screen အရည်အသွေး ကောင်းမွန်တဲ့အပြင် Resolution ကိုစိတ်ကြိုက် ချိန်ပြီးသုံးနိုင်တဲ့အတွက် ပါဝါသုံးစွဲနှုန်းကိုလည်း ထိန်းချုပ်နိုင်တာက ကောင်းမွန်တဲ့အချက်ပါပဲ။ Security ပိုင်းမှာလည်း အသုံးပြုနိုင်တဲ့စနစ် တွေအများအပြား ပါဝင်လာတာကိုတွေ့ရပါတယ်။ Highend ဖုန်းအမျိုး အစားဖြစ်ပေမယ့် ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည်မြင့် မားနေတဲ့အချက်တွေက ဒီဖုန်းကိုရွေးချယ်ချင်စရာ အချက်တွေ ဖြစ်နေစေပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim, Dual Stand-by)
OS – Android OS, v7.1.1
CPU – Octa-core (4×2.3 GHz & 4×1.7 GHz)
GPU – Mali-G71 MP20
Memory – Internal 64GB, 6GB RAM, Micro SD 256GB
Camera – Dual 12 MP (26mm, f/1.7, PDAF & 52mm, f/2.4, AF), OIS, autofocus, 2x optical zoom, dual-LED (dual tone) flash, Geotagging, simultaneous 4K video and 9MP image
Video, Secondary 8 MP, f/1.7, autofocus, 1/3.6
Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot
Bluetooth – 5.0, A2DP, EDR, LE
Battery – Li-Ion 3300 mAh Battery

သူတို့အမြင်

မစိုးပပ (စမ်းသပ်အသုံးပြုသူ)

Note 8 ကိုတော့ အရမ်းသဘောကျပါတယ်။ ဖုန်းကကိုင်ရတာ တော်တော်လေးကောင်းပြီး ဒီဇိုင်းကလည်း တော်တော်လှပါတယ်။ Screen ကလည်းအပြည့်ဆိုတော့ ကြည့်ရတာလည်း ကျယ်ကျယ် ဝန်းဝန်းနဲ့ ကောင်းတဲ့အပြင် Resolution ကလည်းမြင့်တော့ ရုပ်ထွက်က တော်တော်လေး ကောင်းတယ်။ ကင်မရာကတော့အ ကြိုက်ဆုံးပဲ။ လက်ရှိ သူငယ်ချင်းတွေကိုင်ထားတဲ့ ဖုန်းတွေနဲ့ ဓာတ်ပုံ ယှဉ်ရိုက်ကြည့်တာတော့ Note8 က ရုပ်ထွက်ပိုင်းရော ရိုက်ရတဲ့အ ပိုင်းမှာပါတော်တော်လေး ကောင်းတယ်။ ဖုန်းထဲက အခြားပါဝင်တဲ့ Specification တွေကလည်း မြင့်တယ်။ ကျွန်မက အကျီဒီဇိုင်းလေး တွေလုပ်တော့ Note Series တွေဆိုရင် သဘောကျပါတယ်။ မျက် နှာနဲ့ ဖုန်းကို Unlock လုပ်ရတဲ့ စနစ်ကလည်း တော်တော်လေး ကောင်းပါတယ်။

ကိုကျော်ဇေယျ (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ ဒီဇိုင်းပိုင်းကတော့ တော်တော်လေးကြွားတယ်။ လှလည်း လှတယ်။ ရှေ့မျက်နှာပြင်အပြည့်ပုံစံအပြင် EDGE Screen ပုံစံမျိုးလုပ်ထားတဲ့ ဘေးဘောင်တွေက လုံးဝကိုမပါတော့ဘူး။ ဖုန်းထဲက Feature တွေကလည်း တော်တော်လေး ကောင်းတာတွေ့ ရတယ်။ သုံးတဲ့သူတွေအတွက် အသုံးတည့်တဲ့ စနစ်တွေတော်တော် များများပါလာတယ်။ Note Function ပိုင်းမှာ အရမ်းထူးခြားသွားတာ မျိုးသိပ်မရှိပေမယ့် Note စနစ်တွေ သုံးရတာတော့ ပိုကောင်းလာတာ သေချာတယ်။ Hardware ပိုင်းတွေကလည်း အားလုံးအမြင့်တွေဆိုတော့ ဖုန်းရဲ့ Processing ပိုင်းကတော့ သိပ်ပြောစရာမရှိလှပါ ဘူး။ Memory ပိုင်းလည်း ကောင်းပါတယ်။ ရေစိုခံတဲ့ အချက်ကလည်း တော်တော်လေးကောင်းပါတယ်။

ကိုမျိုးမင်းဦး (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းလာတယ်။ နောက်ဘက် Dual ကင်မရာစနစ်မှာ Wide Lens နဲ့ Zoom Lens နှစ်ခုကို သုံးပေးထားတဲ့အတွက် Wide ရော Zoom ရော နှစ်မျိုးလုံးရိုက်လို့ရ နေတယ်လို့ ဆိုပေမယ့် Zoom လုပ်လိုက်ရင်တော့ ဖုန်းကင်မရာတွေရဲ့ ထုံးစံအတိုင်းပဲ လုပ်လှုပ်တဲ့ဒဏ်ကို ခံနိုင်မှုနည်းတာလေးတော့ တွေ့ရတယ်။ ဒါပေမဲ့ တစ်ခြားကျန်တဲ့ အချက်တွေတော်တော် များများကတော့ ကောင်းပါတယ်။ ရေစိုခံတဲ့အချက်နဲ့ ဖုန်းထဲမှာအသုံးတည့်တဲ့ စနစ်တွေ တော်တော်များများ ပါလာတဲ့ အချက်ကလည်း ကောင်းတဲ့အချက်တွေပါပဲ။ Face Recognition စနစ်ကလည်း တော်တော်လေး ကောင်းတာတွေ့ရတယ်။

ဖုန်းရဲ့ Security ပိုင်းမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ အများအပြား ပါဝင်တာတွေ့ရပါတယ်။ ပုံမှန် Lock စနစ်တွေနဲ့ Iris Scanner အပြင် Face Recognition စနစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ အသုံးပြုမယ့်စနစ်ရဲ့လိုအပ်ချက်နဲ့ ပါဝါအသုံးပြုနိုင်မှု ဘက်ထရီပမာဏတွေပေါ်မှာ မူတည်ပြီး Resolution ကို အသုံးပြုသူ စိတ်ကြိုက်ချိန်ပြီး သုံးနိုင်ပါတယ်။

Navigation Key တွေကို စိတ်ကြိုက်ပြောင်းလဲ သုံးစွဲနိုင်တဲ့စနစ်

Spen Feature နဲ့ Multi Windows စနစ်အပါအဝင် အခြား Motion အသုံးပြုစနစ်များ ပါဝင်ပါတယ်။

Social App နဲ့ Chat App တွေကို နှစ်ခုစီခွဲပြီး အကောင့်နှစ်ခုခွဲသုံးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။

-ကိုသက်