September 19, 2017

Samsung Galaxy Note 8 ကို သြဂုတ် ၂၃ ရက်တွင် ဖြန့်ချိဖွယ်ရှိ

Samsung အနေနဲ့ Galaxy Note 8 ကို သြဂုတ်လ ၂၃ ရက်မှာ ဖြန့်ချိသွားမယ်လို့ ကိုရီးယားသတင်းရင်းမြစ် အများအပြားက ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ phablet ကို Note 7 နဲ့ Note 7 တွေလို IFA မှာ မိတ်ဆက်မှာမဟုတ်ဘဲ နယူးယောက်မှာကျင်းပမယ့် သီးခြားပွဲတစ်ခုမှာ ကြေညာသွားမယ်လို့ ဆိုပါတယ်။

Samsung ဟာ Galaxy Note 8 ကို သြဂုတ်လမှာ မိတ်ဆက်မယ့်အတွက်ကြောင့် Note 8 ကို iPhone 8 မိတ်ဆက်ပွဲမတိုင်မီ စတင်ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့ တင်ပို့ရောင်းချမှုက အောက်တိုဘာလအထိ နှောင့်နှေးနိုင်တာကြောင့် ကိုရီးယားကုမ္ပဏီကြီးအနေနဲ့ ဒီတစ်ကြိမ်မှာ ပိုမိုအသာစီးရနိုင်ဖွယ်ရှိပါတယ်။

Galaxy Note 8 မှာ ၆.၃ လက်မ screen, S Pen နဲ့ Infinity Display တို့ပါဝင်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် dual camera ပါဝင်တဲ့ ပထမဆုံး global Samsung စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

-နောင်နောင်
Ref: GSMArena