October 20, 2017

Samsung Galaxy J7 Prime

Price – 360,000

အားသာချက်

ဖုန်းမှာပါဝင်တဲ့ CPU, ဂရပ်ဖစ် GPU ပိုင်းတွေမှာ ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ဖုန်းပါပဲ။ Screen Resolution ကောင်းမွန်တဲ့အပြင် Pixel Desity ppi ကလည်း မြင့်မားတာကို တွေ့ရမှာ။ ဖုန်းရဲ့ RAM ပိုင်းမြင့်မားတဲ့အပြင် ကင်မရာပိုင်းမှာ ဆိုရင်လည်း ရှေ့ကင်မရာရော နောက်ဘက် ကင်မရာပါ Megapixels ကောင်းမွန်ပါတယ်။ Fingerprint ပါဝင်ပြီး ပါဝါအသုံးပြုခြင်းအတွက် ဘက်ထရီပိုင်းမှာလည်း သင့်တင့်ကောင်းမွန်ပါတယ်။

အားနည်းချက်

Screen က Full HD Screen Resolution Screen ဖြစ်ပေမယ့်လည်း Samsung ဖုန်းတွေမှာ မြင်တွေ့နေကျ AMOLED Screen မဟုတ်ပါ ဘူး။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီက ပါဝါသိုလှောင်နိုင်မှု ပမာဏ ကောင်းမွန်ပေမယ့် အားသွင်းမြန်ဆန်တဲ့ First Charging လိုစနစ်တွေကိုလည်း ဒီဖုန်းမှာ မတွေ့ရပါဘူး။

ဒီဇိုင်း

ဖုန်းရဲ့ ကိုယ်ထည်တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ပုံစံဒီဇိုင်းကလည်း ပါးပါးလျားလျားနဲ့ ကြည့်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ Fingerprint ကတော့ ဖုန်းရဲ့ရှေ့ဘက် မျက်နှာပြင်ပေါ် မှာ Home Button နဲ့အတူတူတွဲပြီး တပ်ဆပ်ပေးထားတာပါ။ ဒီဖုန်းမှာ ထူးခြားတာကတော့ Sim Card Slot တွေပါပဲ။ Sim Card Slot ၂ ခုပါ ပါတယ်။ တစ်ခုမှာတော့ SD Card နဲ့ Sim Card တစ်ခုဖြစ်ပြီး နောက် တစ်ခုမှာတော့ Sim Card တစ်ခုဖြစ်တဲ့အတွက် Sim Card နှစ်ခုစလုံး တစ်ပြိုင်တည်း သုံးနိုင်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၁၇ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၅ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈ စင်တီမီတာ ရှိပါတယ်။ အလေးချိန် ကတော့ ၁၆၇ ဂရမ်ပါ။

မြင်ကွင်း

၅.၅ လက်မရှိတဲ့ PLS TFT Screen အမျိုးအစား ဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~401 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ

Gesture စနစ်တွေများစွာ ပါဝင်တဲ့အပြင် ဖုန်းအချက်အလက် လုံခြုံရေးအတွက် Finger Print စနစ်နဲ့ Privacy & Safety စနစ်တွေကိုလည်း အသုံးပြုနိုင် ပါလိမ့်မယ်။ ရှေ့ကင်မရာမှာ HDR စနစ်ပါဝင် လာပါတယ်။ နောက်ဘက် ကင်မရာမှာလည်း ကင်မရာ အသုံးပြု စနစ်တွေကို စုံစုံလင်လင် တွေ့ရမှာပါ။ Microsoft Word, Excel, PowerPoint စနစ်တွေ ပါဝင်တဲ့အတွက် အိတ်ဆောင် ကွန်ပျူတာ တစ်လုံးလို အသုံးပြုနိုင်တဲ့အပြင် Samsung ရဲ့ ကျန်းမာရေး ၀န်ဆောင်မှု App တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ Screen အရည်အသွေး ကောင်းမွန်တာကြောင့် ကြည်လင်တဲ့ရုပ်ထွက် မြင်ကွင်းကို ခံစားနိုင်ပါတယ်။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး သုံးသပ်ကြည့်မယ် ဆိုရင်တော့ J7 Prime ဟာ CPU, GPU နဲ့ Screen Resolution ပိုင်း၊ ကင်မရာ ပိုင်းတွေမှာတော့ ကောင်းမွန်တယ်လို့ ဆိုရမယ့် ဖုန်းပါပဲ။ Fingerprint စနစ်၊ ကောင်းမွန်တဲ့ သတ္တုကိုယ် ထည်ဒီဇိုင်း၊ ပါဝါသိုလှောင်နိုင်မှု မြင့်မားတဲ့ ဘက်ထရီ စနစ်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုနိုင်တဲ့အပြင် Sim Card နှစ်ကတ်လုံး တစ်ပြိုင်တည်း သုံးနိုင်လာတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ ဈေးနှုန်း အလယ်အလတ်တန်းစား ဖုန်းတစ်ခုလို့ ဆိုပေမယ့် တန်ဖိုးနည်းနည်းလေး မြင့်နေတယ်လို့တော့ ခံစားရစေပါတယ်။

Network     GSM – 2G/ 3G/ 4G
SIM           Dual SIM (Nano Sim Dual Standby)
OS            Android OS, v6.0.1
CPU         Octa-core 1.6 GHz Cortex-A53
GPU          Mali-T830MP2
Memory    16/ 32GB, 3GB RAM , Micro SD 256GB
Camera    13 MP, f/1.9, 28mm, autofocus, LED flash, Geo-tagging, touch focus, face detection, panorama, HDR, Video, Front 8 MP, f/1.9
Wi-Fi         802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth   v4.1, A2DP, LE
Battery      Li-Ion 3300 Battery

ကိုစည်သူမောင် (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ ဒီဇိုင်းပိုင်းနဲ့ ကိုင်ရတာက မဆိုးဘူးလို့ ပြောရမယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ CPU, GPU ပိုင်းတွေကလည်းမဆိုးပါဘူး။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ ဘက်ထရီပိုင်းကလည်း ကောင်းပါတယ်။ ကင်မရာ ပိုင်းကလည်း သိပ်ပြောစရာ မရှိပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ Samsung ရဲ့ ကင်မရာနဲ့ Screen တွေက တော်တော်လေးကောင်းတယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော်ဒီဖုန်းကို သုံးကြည့်ရသလောက်တော့ ဖုန်းကိုသုံးရတဲ့ အချိန်မှာ အခက်အခဲ သိပ်မရှိလှဘူး။ အဆင်ပြေတယ်။ ဒါပေမယ့် အားသွင်းရတာတော့ နည်းနည်းကြာတယ်လို့ ခံစားရတယ်။ ဒါကလည်း သူ့မှာပါတဲ့ဘက်ထရီက များတဲ့အတွက်ကြောင့်လို့ပဲ ထင်ပါတယ်။ ဖုန်းကသုံးရတဲ့အပိုင်းမှာ အဆင်ပြေပေမယ့် ဈေးကတော့ နည်းနည်းလေး များနေသလို ခံစားရတယ်။

D Mobile (YGN)

J7 Prime ရဲ့ ဈေးကွက် အရောင်းအဝယ်ကတော့ မဆိုးဘူးလို့ပဲ ပြောရမယ်။ သူ့ဟာနဲ့သူတော့ ကြိုက်ကြတယ်။ ပြီးတော့ လက်ဆောင် လေးတွေကလည်း တော်တော်ပေးထားတော့ သုံးတဲ့သူတွေက လက်ဆောင်တွေရတော့ သဘောကျကြရတယ်။ ကျွန်တော့်အမြင်နဲ့ ဆိုရင်တော့ ဈေးနည်းနည်းလေး ဒီထပ်ပိုသက်သာရင် ပိုကောင်းမယ်လို့ ခံစားရတယ်။ ဈေးက နည်းနည်းလေးမြင့် နေသလိုပဲ။ ဖုန်းကတော့ သုံးရတဲ့နေရာမှာ မဆိုးဘူးလို့ြေ ပာရမယ်။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ သိပ်အားမရတာက ဒီဖုန်းမှာ AMOLED Screen မဟုတ်ပဲ တစ်ခြား Screen တစ်ခုကို သုံးထားတာ ကိုလည်း သိပ်သဘော မကျသလိုတော့ဖြစ်မိတယ်။

ကိုထွန်းမြင့် (စမ်းသပ်အသုံးပြုသူ)

ဖုန်းကိုသုံးရတဲ့ အခါမှာတော့ အခက်အခဲ သိပ်မရှိပါဘူး။ ဖုန်းမှာ ဖွဲ့စည်းပေးထားတဲ့ Hardware ပိုင်းတွေကလည်း ကောင်းပါတယ်။  ကင်မရာကလည်း ကောင်းပါတယ်။ ဒါပေမယ့် 4K Video ရိုက်တဲ့ အခါမှာတော့ ကျွန်တော့်စိတ်ထဲ နည်းနည်းလေး စိတ်တိုင်းမကျ သလိုရှိတယ်။ တုန်သလိုပဲ။ ဒါပေမယ့် ဒါကလည်း သိပ်ပြီးကြီးမားတဲ့ ပြဿ နာတော့ မဟုတ်ပါဘူး။ ဘက်ထရီပိုင်းကလည်း ကောင်းပါတယ်။ Fingerprint ကလည်း ကောင်းပါတယ်။ အဓိက ကောင်းလာတဲ့ အချက်တစ်ခု ဆိုရင်တော့ Sim Card နှစ်ကတ်နဲ့ SD Card သုံးခုစလုံးကို တစ်ပြိုင်တည်း သုံးနိုင်လာတယ်။ အဲဒါက ကောင်းပါတယ်။ အရင်က ဆို SD Card သုံးရင် Sim ကတ်တစ်ကတ်ပဲ သုံးနိုင်တော့ ခုဒီဖွဲ့စည်းပုံက ပိုကောင်းသလို ခံစားရတယ်။ ဈေးတော့နည်းနည်းများသလို ခံစားရတယ်။

Samsung ရဲ့ ၀န်ဆောင်မှု App တွေနဲ့ Microsoft Apps စနစ်တွေကို အသုံးပြုနိုင်ပါတယ်။

ကင်မရာပိုင်းမှာ ဆိုရင်လည်း ဗီဒီယိုတွေကို ရိုက်ကူးနေရင်းနဲ့ တိုက်ရိုက်လွှင့်နိုင်မယ့် Live broadcast,  Video Collage, Virtual shot, Hyperlapse အစရှိတဲ့ ထူးခြားတဲ့ စနစ်တွေ အပါဝင် အခြား ကင်မရာ စနစ်ပေါင်းများစွာကို အသုံးပြုနိုင်ပါလိမ့်မယ်။

ရှေ့ကင်မရာမှာလည်း စုံလင်တဲ့ဓာတ်ပုံ အသုံးပြုစနစ်တွေကို ထိတွေ့နိုင်ပါလိမ့်မယ်။

ကင်မရာရဲ့ Setting ထဲမှာလည်း အသုံးပြုနိုင်မယ့် စနစ်များစွာ ပါဝင်နေပါသေးတယ်။

Samsung ကနေပြီး နောက်ပိုင်းမှာ ထပ်မံပြီး ဝန်ဆောင်မှုပေးမယ့် MySamsung ဆိုတဲ့ စနစ်ကလည်း စိတ်ဝင်စားစရာ စနစ်တစ်ခုပါပဲ။ MySamsung ဟာ Samsung ရဲ့ App ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး ဒီ App ကိုတော့ လက်ရှိအချိန်မှာ Playstore ပေါ်ကနေရယူ အသုံးပြုရမှာပါ။ နောက်ပိုင်းမှာတော့ ဖုန်းထဲမှာ ဝန်ဆောင်မှု Icon တစ်ခုအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး အသုံးပြုတဲ့သူက သုံးချင်တယ်ဆိုတဲ့ အချိန်မှာ နှိပ်လိုက်တာနဲ့ Download လုပ်ပေးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီဝန်ဆောင် မှု App ကို ပြည့်စုံအောင် ပြုလုပ်နေသေးတဲ့အတွက် Samsung က မကြေငြာသေးဘူးလို့ ဆိုပါတယ်။

ဒီ App မှာတော့ Samsung ဖုန်းအသုံးပြုတဲ့ သူအတွက် မိမိအသုံးပြုတဲ့ ဖုန်းနဲ့သက်ဆိုင်တဲ့ Tips & Tricks တွေ ပါဝင်မှာဖြစ်သလို Samsung ဖုန်းတွေအတွက် Services တွေနဲ့ ဖုန်းရောင်းချပေးနေတဲ့ ဆိုင်နေရာတွေ အစရှိတာတွေကို App ပေါ်ကနေ ကြည့်နိုင်ပါတယ်။ App ကို Google Map နဲ့ တစ်ခါတည်း ချိတ်ဆက်ပေးထားပြီး မိမိရောက်ရှိနေတဲ့ နေရာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Samsung Service ကောင်တာတွေ၊ အရောင်းဆိုင်တွေ အစရှိတာတွေကို အကွာအဝေး၊ လမ်းညွှန်တွေနဲ့ တစ်ကွ ပြသပေးပါတယ်။ နောက်ပိုင်းမှာတော့ ဖုန်းနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲဝန်ဆောင်မှုတွေ ကို ဒီ App ပေါ်ကနေ တစ်ထိုင်တည်း မေးမြန်းတာ အွန်လို်င်းကနေ တစ်ဆင့် ကိုယ့်ရဲ့ဖုန်းကို MySamsung App ပေါ်ကနေ တစ်ခါတည်း OS ပြဿနာ ဖြေရှင်းတာတွေကို လုပ်သွားဖို့ ရှိတယ်လို့  Samsung မြန်မာက တာဝန်ရှိသူတွေက ဆိုပါတယ်။

Lock Screen & Security ဆိုတဲ့ စနစ်ထဲမှာလည်း ဖုန်းရဲ့အချက်အလက် လုံခြုံရေးအတွက် အသုံးပြုနိုင်မယ့် Fingerprint စနစ်အပါအဝင် အခြားအသုံးပြုနိုင်မယ့် Security စနစ်တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။

Fingerprint

SimSlot

-ကိုသက်