July 17, 2018

Samsung Galaxy A8 Star

Price : 789,000

[ Zawgyi ]

အားသာခ်က္

ဒီဖုန္းကေတာ့ ကင္မရာေတာ္ေတာ္ေလး ေကာင္းတယ္လို႔ေျပာႏိုင္တဲ့ ဖုန္းပါပဲ။ ေရွ႕နဲ႔ ေနာက္ဘက္ကင္မရာေတြရဲ႕ Megapixels ျမင့္မား ေကာင္းမြန္တဲ့အခ်က္နဲ႔ မွတ္ဉာဏ္ပိုင္းေကာင္းမြန္တဲ့အခ်က္၊ ဘက္ထရီ ရဲ႕ပါဝါသိုေလွာင္ႏိုင္မႈပမာဏ ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္ေတြပါပဲ။ ဖုန္းမွာသံုးထားတဲ့ CPU နဲ႔ GPU ပိုင္းမွာ လည္းေကာင္းမြန္တဲ့အျပင္ ဖုန္းရဲ႕ Screen ပိုင္းမွာလည္း ေကာင္းမြန္တဲ့ ဖုန္းျဖစ္ပါတယ္။

အားနည္းခ်က္

Dual Sim ဖုန္းအမ်ိဳးအစားျဖစ္ေပမယ့္ Sim 2 Slot မွာ SD Card ကိုအသံုးျပဳမယ္ဆိုရင္ Sim Card တစ္ကတ္ပဲ သံုးႏိုင္မွာပါ။ ဘက္ထရီအားသြင္းႏႈန္းျမန္ဆန္တဲ့ First Charging စနစ္လည္းပါဝင္ တာမေတြ႕ရပါဘူး။

ဒီဇိုင္း

ေရွ႕မ်က္ႏွာျပင္ အျပည္ပံုစံမ်ိဳး ျပဳလုပ္ထားတဲ့ ဖုန္းျဖစ္ၿပီး Screen အေပၚထိပ္ဘက္မွာလည္း Notch မပါပါဘူး။ က်ယ္ဝန္းတဲ့ မ်က္ႏွာျပင္ဖြဲ႕စည္းမႈမ်ိဳး ရွိေနၿပီး ကိုယ္ထည္ကိုလည္း သတၱဳစပ္ ကိုယ္ထည္ပံုစံမ်ိဳး တည္ေဆာက္ထားပါတယ္။ ေသသပ္က်စ္လ်စ္တဲ့ ပံုစံဒီဇိုင္း မ်ိဳးျဖစ္ၿပီး ကိုင္တြယ္အသံုးျပဳခ်ိန္မွာလည္းေကာင္းမြန္ပါတယ္။ ေရွ႕မ်က္ ႏွာျပင္ အျပည့္ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာ ခလုတ္ေတြတစ္ခုမွမ ပါဝင္တာေၾကာင့္ Home, Back, Recent ေတြကို Touch စနစ္နဲ႔ပဲအသံုး ျပဳရမွာပါ။ Fingerprint Sensor ကိုေတာ့ ေက်ာဘက္ကာ ဗာေပၚမွာ တပ္ဆင္ေပးထားၿပီး ပါဝါခလုတ္နဲ႔ အသံအတိုးအက်ယ္ ခလုတ္ေတြအျပင္ Samsung ရဲ႕ Bixby Button လို႔ေခၚတဲ့ ခလုတ္တစ္ခုလည္းပါဝင္ပါတယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၃ လက္မရွိတဲ့ Super AMOLED Screen ကိုအသံုးျပဳထားၿပီး 1080 x 2220 pixels ရွိတဲ့ Full HD+ Screen အမ်ိဳးအစားပါ။

နည္းပညာ

ကင္မရာမွာ အသံုးျပဳႏိုင္ဖို႔အတြက္ ဓာတ္ပံုအသံုးျပဳ Mode စနစ္ေတြကို စံုစံုလင္လင္ထည့္သြင္းေပးထားတာေတြ႕ရပါတယ္။ ေနာက္ဘက္ကင္မရာႏွစ္လံုး အသံုးျပဳထားတဲ့အတြက္ Portrait စနစ္မွာလည္း ေတာ္ေတာ္ေလး ေကာင္းမြန္တာေတြ႕ရမွာပါ။ Fingerprint စနစ္အျပင္ မ်က္ႏွာနဲ႔ မွတ္သားၿပီး ဖြင့္ႏိုင္တဲ့ Face Recognition စနစ္၊ ဂိမ္းကစားတဲ့ သူေတြအတြက္ Game Mode, Windows ႏွစ္ခုခြဲၿပီး သံုးႏိုင္မယ့္ Multi Windows စနစ္၊ Chat App ေတြကို အေကာင့္ႏွစ္ခုစီ ခြဲၿပီး သံုးႏိုင္မယ့္ Dual Messenger စနစ္ေတြကိုဒီဖုန္းမွာ အသံုးျပဳႏိုင္ပါလိမ့္မယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ ဖုန္းရဲ႕လံုၿခံဳေရးစနစ္မွာ Auto factory reset ဆိုတဲ့ စနစ္ပါဝင္လာပါ တယ္။ ဒီစနစ္ကေတာ့ ဖုန္းရဲ႕ Password ကိုမွားယြင္းဖြင့္မႈ အႀကိမ္ေရ ၁၅ ႀကိမ္ထပ္ ေက်ာ္တဲ့အခ်ိန္မွာ ဖုန္းထဲက အခ်က္အလက္ေတြကိုအလို အေလ်ာက္ Factory Reset လုပ္ေပးမယ့္ စနစ္ျဖစ္ပါတယ္။

သံုးသပ္ခ်က္

A8 Star ဟာ ဖုန္းရဲ႕ မွတ္ဉာဏ္ပိုင္း ဘက္ထရီပိုင္းေတြမွာ ေကာင္းမြန္တဲ့ ဖုန္းျဖစ္တဲ့အျပင္ ကင္မရာပိုင္းမွာလည္း ေတာ္ေတာ္ေလးေကာင္းတဲ့ ဖုန္းျဖစ္တဲ့အတြက္ ဓာတ္ပံုဝါသနာရွင္ေတြ အတြက္ေတာ့ စိတ္ႀကိဳက္ ျဖစ္ေစႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီဖုန္းဟာ Selfie ပိုင္းဒါမွမဟုတ္ ေနာက္ဘက္ ကင္မရာပိုင္းကိုပဲ ဦးစားေပးထားတာမ်ိဳးမဟုတ္ပဲ ကင္မရာစနစ္အားလံုးအတြက္ ေကာင္းမြန္ေအာင္ စီစဥ္ေပးထားတာေတြ႕ရပါ တယ္။ Screen ပိုင္းနဲ႔ ဖုန္းရဲ႕ CPU, GPU ရဲ႕လုပ္ေဆာင္ခ်က္ Performance ပိုင္းမွာလည္းေကာင္းမြန္တာေတြ႕ရပါတယ္။ အားသြင္းျမန္ဆန္ တဲ့ First Charging စနစ္မပါတာ၊ SD Card နဲ႔ Sim 2 နဲ႔တြဲထားတဲ့ အခ်က္ေတြေလာက္ကလြဲရင္ ေတာ္ေတာ္မ်ားမ်ားကလက္ခံခ်င္စရာ ေကာင္းတဲ့အခ်က္ေတြျဖစ္ေနေပမယ့္ ေစ်းႏႈန္း အနည္းငယ္ျမင့္တယ္လို႔ ေတာ့ခံစားရေစပါလိမ့္မယ္။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0 (Oreo)
CPU – Octa-core (4×2.2 GHz & 4×1.8 GHz)
GPU – Adreno 512
Memory – Internal 64GB, 4GB RAM , Micro SD 512GB
Camera – Dual: 24 MP (f/1.7) + 16 MP (f/1.7), phase detection autofocus, LED flash, Geo-tagging, touch focus, face, detection, panorama, HDR, Video, Secondary 24 MP (f/2.0)
Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, Bluetooth 5.0, A2DP, LE
Battery – Li-Ion 3700 mAh Battery

သူတို႔အျမင္

ကိုစိုးေဇယ်ာ (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းက ကင္မရာပိုင္းမွာ ေတာ္ေတာ္ေလးေကာင္းတယ္လို႔ေျပာ ရမယ့္ဖုန္းပါပဲ။ Note 8 ေလာက္ကို ကင္မရာကေကာင္းတယ္။ သူ႔ မွာပါလာတဲ့ ညပိုင္းဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ အလင္းအားနည္းရင္ပံု ေတြဖြာထြက္ေနတက္တာကို ေဖ်ာက္ႏိုင္ဖို႔အတြက္ Pixels ေတြကိုစု ေပးတဲ့ နည္းပညာက ေတာ္ေတာ္ေလးေကာင္းပါတယ္။ CPU နဲ႔ GPU ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကလည္း ေတာ္ေတာ္ေလးေကာင္း ပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္းအဆင္ေျပတယ္။ အဓိကသိပ္မႀကိဳက္ တာကေစ်းႏႈန္းလို႔ေျပာရမယ္။ ေစ်းက နည္းနည္းေလး ျမင့္ေနတယ္လို႔ ခံစားရတယ္။ သူနဲ႔ Specification သိပ္မကြာတဲ့ ဖုန္းေတြမွာ ဒီထပ္ ေစ်းေလ်ာ့တာေတြ ရွိေနတာ့ ဒါက ႏိႈင္းယွဥ္ေရြးခ်ယ္ခ်င္စရာ မဟုတ္သလိုေတာ့ခံစားရတယ္။

မယမင္းျမတ္သြယ္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာေတာ္ေတာ္ေလးေကာင္းတယ္လို႔ေျပာခ်င္တယ္။ ဓာတ္ ပံု႐ိုက္ရတာ ဝါသနာပါတဲ့သူဆိုေတာ့ ဒီဖုန္းကိုသံုးၾကည့္မိတဲ့ အခ်ိန္မွာ သေဘာအရမ္းက်တယ္။ Memory ပိုင္းကလည္းေကာင္း ပါတယ္။ ဘက္ထရီလည္း အသံုးခံတယ္။ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ Performance ပိုင္းေတြမွာလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။ Screen ကလည္းၾကည့္ရတာ အားရတယ္။ က်ယ္က်ယ္ဝန္းဝန္းရွိ တယ္။ ၿပီးေတာ့ ႀကိဳက္တဲ့ ေနာက္တစ္ခ်က္က ေရွ႕မ်က္ႏွာျပင္က Samsung ရဲ႕ Infinity Display မဟုတ္တာကိုလည္း သေဘာက် တယ္။ Infinity Display က ေဘးနားေတြ မွန္ကိုခံုးထားၿပီးေဘး ေဘာင္က ပါးသြားေတာ့ကိုင္ရတာ သိပ္မႀကိဳက္ဘူး။ ဒီဖုန္းမွာေစ်း ႏႈန္းကိုမၾကည့္ပဲ Brand ကိုၾကည့္မွပဲ ရမယ့္အခ်က္လည္းရွိတယ္။

ကိုေက်ာ္သူထြန္း (စမ္းသပ္အသံုးျပဳသူ)

ကင္မရာနဲ႔ CPU, GPU ပိုင္းေတြ Chipset ပိုင္းေတြသေဘာက်ပါ တယ္။ သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ဆိုရင္ေတာ့ Memory ကနည္းေနတယ္လို႔ခံ စားရတယ္။ ဒီထပ္ Memory ပိုမ်ားမ်ားပါသင့္တယ္လုိ႔ ထင္တယ္။ Screen ကလည္းေကာင္းပါတယ္။ အရြယ္အစား ႀကီးတယ္လုိ႔ဆိုေပ မယ့္လည္း လက္ထဲမွာကိုင္ရတဲ့အခ်ိန္မွာ သိပ္ၿပီး အခက္အခဲမရွိ သလိုမ်ိဳးလည္းခံစားရတယ္။ ဒါေတြကေတာ့ေကာင္းတဲ့အခ်က္ေတြ ေပါ့။ သိပ္မႀကိဳက္တာက ေစ်းႏႈန္းမ်ားေနၿပီး ေရစိုခံမဟုတ္တဲ့အခ်က္ ရယ္၊ Memory က ေစ်းႏႈန္းထက္နည္းေနတဲ့အခ်က္ရယ္ကိုေတာ့ သိပ္သေဘာမက်ဘူး။ က်န္တာေတာ့ ဒီဖုန္းမွာ ေျပာစရာသိပ္မရွိပါဘူး။

 

 

 

-ကိုသက္

[ Unicode ]

Price : 789,000

အားသာချက်

ဒီဖုန်းကတော့ ကင်မရာတော်တော်လေး ကောင်းတယ်လို့ပြောနိုင်တဲ့ ဖုန်းပါပဲ။ ရှေ့နဲ့ နောက်ဘက်ကင်မရာတွေရဲ့ Megapixels မြင့်မား ကောင်းမွန်တဲ့အချက်နဲ့ မှတ်ဉာဏ်ပိုင်းကောင်းမွန်တဲ့အချက်၊ ဘက်ထရီ ရဲ့ပါဝါသိုလှောင်နိုင်မှုပမာဏ ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေပါပဲ။ ဖုန်းမှာသုံးထားတဲ့ CPU နဲ့ GPU ပိုင်းမှာ လည်းကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ Screen ပိုင်းမှာလည်း ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။

အားနည်းချက်

Dual Sim ဖုန်းအမျိုးအစားဖြစ်ပေမယ့် Sim 2 Slot မှာ SD Card ကိုအသုံးပြုမယ်ဆိုရင် Sim Card တစ်ကတ်ပဲ သုံးနိုင်မှာပါ။ ဘက်ထရီအားသွင်းနှုန်းမြန်ဆန်တဲ့ First Charging စနစ်လည်းပါဝင် တာမတွေ့ရပါဘူး။

ဒီဇိုင်း

ရှေ့မျက်နှာပြင် အပြည်ပုံစံမျိုး ပြုလုပ်ထားတဲ့ ဖုန်းဖြစ်ပြီး Screen အပေါ်ထိပ်ဘက်မှာလည်း Notch မပါပါဘူး။ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဖွဲ့စည်းမှုမျိုး ရှိနေပြီး ကိုယ်ထည်ကိုလည်း သတ္တုစပ် ကိုယ်ထည်ပုံစံမျိုး တည်ဆောက်ထားပါတယ်။ သေသပ်ကျစ်လျစ်တဲ့ ပုံစံဒီဇိုင်း မျိုးဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်မှာလည်းကောင်းမွန်ပါတယ်။ ရှေ့မျက် နှာပြင် အပြည့်ဖြစ်တဲ့အတွက် မျက်နှာပြင်ပေါ်မှာ ခလုတ်တွေတစ်ခုမှမ ပါဝင်တာကြောင့် Home, Back, Recent တွေကို Touch စနစ်နဲ့ပဲအသုံး ပြုရမှာပါ။ Fingerprint Sensor ကိုတော့ ကျောဘက်ကာ ဗာပေါ်မှာ တပ်ဆင်ပေးထားပြီး ပါဝါခလုတ်နဲ့ အသံအတိုးအကျယ် ခလုတ်တွေအပြင် Samsung ရဲ့ Bixby Button လို့ခေါ်တဲ့ ခလုတ်တစ်ခုလည်းပါဝင်ပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၃ လက်မရှိတဲ့ Super AMOLED Screen ကိုအသုံးပြုထားပြီး 1080 x 2220 pixels ရှိတဲ့ Full HD+ Screen အမျိုးအစားပါ။

နည်းပညာ

ကင်မရာမှာ အသုံးပြုနိုင်ဖို့အတွက် ဓာတ်ပုံအသုံးပြု Mode စနစ်တွေကို စုံစုံလင်လင်ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ နောက်ဘက်ကင်မရာနှစ်လုံး အသုံးပြုထားတဲ့အတွက် Portrait စနစ်မှာလည်း တော်တော်လေး ကောင်းမွန်တာတွေ့ရမှာပါ။ Fingerprint စနစ်အပြင် မျက်နှာနဲ့ မှတ်သားပြီး ဖွင့်နိုင်တဲ့ Face Recognition စနစ်၊ ဂိမ်းကစားတဲ့ သူတွေအတွက် Game Mode, Windows နှစ်ခုခွဲပြီး သုံးနိုင်မယ့် Multi Windows စနစ်၊ Chat App တွေကို အကောင့်နှစ်ခုစီ ခွဲပြီး သုံးနိုင်မယ့် Dual Messenger စနစ်တွေကိုဒီဖုန်းမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ နောက်ထပ်တစ်ချက်ကတော့ ဖုန်းရဲ့လုံခြုံရေးစနစ်မှာ Auto factory reset ဆိုတဲ့ စနစ်ပါဝင်လာပါ တယ်။ ဒီစနစ်ကတော့ ဖုန်းရဲ့ Password ကိုမှားယွင်းဖွင့်မှု အကြိမ်ရေ ၁၅ ကြိမ်ထပ် ကျော်တဲ့အချိန်မှာ ဖုန်းထဲက အချက်အလက်တွေကိုအလို အလျောက် Factory Reset လုပ်ပေးမယ့် စနစ်ဖြစ်ပါတယ်။

သုံးသပ်ချက်

A8 Star ဟာ ဖုန်းရဲ့ မှတ်ဉာဏ်ပိုင်း ဘက်ထရီပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းဖြစ်တဲ့အပြင် ကင်မရာပိုင်းမှာလည်း တော်တော်လေးကောင်းတဲ့ ဖုန်းဖြစ်တဲ့အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ စိတ်ကြိုက် ဖြစ်စေနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒီဖုန်းဟာ Selfie ပိုင်းဒါမှမဟုတ် နောက်ဘက် ကင်မရာပိုင်းကိုပဲ ဦးစားပေးထားတာမျိုးမဟုတ်ပဲ ကင်မရာစနစ်အားလုံးအတွက် ကောင်းမွန်အောင် စီစဉ်ပေးထားတာတွေ့ရပါ တယ်။ Screen ပိုင်းနဲ့ ဖုန်းရဲ့ CPU, GPU ရဲ့လုပ်ဆောင်ချက် Performance ပိုင်းမှာလည်းကောင်းမွန်တာတွေ့ရပါတယ်။ အားသွင်းမြန်ဆန် တဲ့ First Charging စနစ်မပါတာ၊ SD Card နဲ့ Sim 2 နဲ့တွဲထားတဲ့ အချက်တွေလောက်ကလွဲရင် တော်တော်များများကလက်ခံချင်စရာ ကောင်းတဲ့အချက်တွေဖြစ်နေပေမယ့် စျေးနှုန်း အနည်းငယ်မြင့်တယ်လို့ တော့ခံစားရစေပါလိမ့်မယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.0 (Oreo)
CPU – Octa-core (4×2.2 GHz & 4×1.8 GHz)
GPU – Adreno 512
Memory – Internal 64GB, 4GB RAM , Micro SD 512GB
Camera – Dual: 24 MP (f/1.7) + 16 MP (f/1.7), phase detection autofocus, LED flash, Geo-tagging, touch focus, face, detection, panorama, HDR, Video, Secondary 24 MP (f/2.0)
Wi-Fi – 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, Bluetooth 5.0, A2DP, LE
Battery – Li-Ion 3700 mAh Battery

သူတို့အမြင်

ကိုစိုးဇေယျာ (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက ကင်မရာပိုင်းမှာ တော်တော်လေးကောင်းတယ်လို့ပြော ရမယ့်ဖုန်းပါပဲ။ Note 8 လောက်ကို ကင်မရာကကောင်းတယ်။ သူ့ မှာပါလာတဲ့ ညပိုင်းဓာတ်ပုံရိုက်တဲ့အချိန်မှာ အလင်းအားနည်းရင်ပုံ တွေဖွာထွက်နေတက်တာကို ဖျောက်နိုင်ဖို့အတွက် Pixels တွေကိုစု ပေးတဲ့ နည်းပညာက တော်တော်လေးကောင်းပါတယ်။ CPU နဲ့ GPU တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကောင်း ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်းအဆင်ပြေတယ်။ အဓိကသိပ်မကြိုက် တာကစျေးနှုန်းလို့ပြောရမယ်။ စျေးက နည်းနည်းလေး မြင့်နေတယ်လို့ ခံစားရတယ်။ သူနဲ့ Specification သိပ်မကွာတဲ့ ဖုန်းတွေမှာ ဒီထပ် စျေးလျော့တာတွေ ရှိနေတာ့ ဒါက နှိုင်းယှဉ်ရွေးချယ်ချင်စရာ မဟုတ်သလိုတော့ခံစားရတယ်။

မယမင်းမြတ်သွယ် (စမ်းသပ်အသုံးပြုသူ)

ကင်မရာတော်တော်လေးကောင်းတယ်လို့ပြောချင်တယ်။ ဓာတ် ပုံရိုက်ရတာ ဝါသနာပါတဲ့သူဆိုတော့ ဒီဖုန်းကိုသုံးကြည့်မိတဲ့ အချိန်မှာ သဘောအရမ်းကျတယ်။ Memory ပိုင်းကလည်းကောင်း ပါတယ်။ ဘက်ထရီလည်း အသုံးခံတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက် Performance ပိုင်းတွေမှာလည်း တော်တော်လေးကောင်းပါတယ်။ Screen ကလည်းကြည့်ရတာ အားရတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိ တယ်။ ပြီးတော့ ကြိုက်တဲ့ နောက်တစ်ချက်က ရှေ့မျက်နှာပြင်က Samsung ရဲ့ Infinity Display မဟုတ်တာကိုလည်း သဘောကျ တယ်။ Infinity Display က ဘေးနားတွေ မှန်ကိုခုံးထားပြီးဘေး ဘောင်က ပါးသွားတော့ကိုင်ရတာ သိပ်မကြိုက်ဘူး။ ဒီဖုန်းမှာစျေး နှုန်းကိုမကြည့်ပဲ Brand ကိုကြည့်မှပဲ ရမယ့်အချက်လည်းရှိတယ်။

ကိုကျော်သူထွန်း (စမ်းသပ်အသုံးပြုသူ)

ကင်မရာနဲ့ CPU, GPU ပိုင်းတွေ Chipset ပိုင်းတွေသဘောကျပါ တယ်။ သူ့ရဲ့စျေးနှုန်းနဲ့ဆိုရင်တော့ Memory ကနည်းနေတယ်လို့ခံ စားရတယ်။ ဒီထပ် Memory ပိုများများပါသင့်တယ်လို့ ထင်တယ်။ Screen ကလည်းကောင်းပါတယ်။ အရွယ်အစား ကြီးတယ်လို့ဆိုပေ မယ့်လည်း လက်ထဲမှာကိုင်ရတဲ့အချိန်မှာ သိပ်ပြီး အခက်အခဲမရှိ သလိုမျိုးလည်းခံစားရတယ်။ ဒါတွေကတော့ကောင်းတဲ့အချက်တွေ ပေါ့။ သိပ်မကြိုက်တာက စျေးနှုန်းများနေပြီး ရေစိုခံမဟုတ်တဲ့အချက် ရယ်၊ Memory က စျေးနှုန်းထက်နည်းနေတဲ့အချက်ရယ်ကိုတော့ သိပ်သဘောမကျဘူး။ ကျန်တာတော့ ဒီဖုန်းမှာ ပြောစရာသိပ်မရှိပါဘူး။

 

 

 

-ကိုသက်