April 21, 2018

Samsung Chromebook Pro

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၅၄၉.၉၉

အားသာခ်က္

ေပါ့ပါးၿပီး ေတာ္ေတာ္ေလး ပါးလႊာမႈရွိေအာင္ ဖန္တီးထားတဲ့အျပင္ ဒီဇုိင္းပိုင္းကလည္း အထူးပဲဆြဲေဆာင္မႈ ရွိလွပါတယ္။ Stylus ပါတစ္ပါတည္း ပါဝင္တာက သေဘာက်စရာပါ။ Display ကလည္း အေရာင္ေသြးလွပေကာင္းမႈၿပီး ေတာက္ပမႈရွိပါတယ္။ Android apps ေတြကို လက္ပ္ေတာ့မွာ runs ႏုိင္တာက ဒီလက္ပ္ေတာ့ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

ကီးဘုတ္ရဲ႕ ခလုတ္ေတြက ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းရွိေပမယ့္ စာ႐ိုက္ရတာ သိပ္အဆင္ေျပလွႀကီးေတာ့ မဟုတ္ဘူးလို႔ ခံစားရပါတယ္။ Android App ေတြကို ၾကားခံေဆာ့ဖ္ဝဲမလိုဘဲ ထည့္သြင္းကစားႏုိင္ေပမယ့္ App တုိင္ေတာ့ ကစားႏုိင္မွာ မဟုတ္ပါဘူး။ 32GB သိုေလွာင္ႏုိင္မႈက ၿပိဳင္ဘက္လက္ပ္ေတာ့ေတြနဲ႔ ယွဥ္ရင္နည္းတယ္လို႔ ေျပာရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၂.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2400×1600 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့အျပင္ Touchscreen အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 3.1 GHz ရွိတဲ့ Intel Core m3-6Y30 processor ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32GB eMMC ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 615 ေထာက္ပံ့ပါဝင္ပါတယ္။ Webcam ကေတာ့ 720p အမ်ဳိးအစားျဖစ္ပါတယ္။ ၄.၁x၂.၉ လက္မအရြယ္ အစား Touchpad က ေခ်ာ့ေမြ႕ေကာင္းမြန္မႈရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.0 ေထာက္ပံ့ပါ၀င္ၿပီး SD card reader ေပါက္၊ USB 2.0 နဲ႔ USB Type-C ေပါက္ေတြ ပါဝင္ပါတယ္။ ဘက္ထရီနဲ႔ကို ၈ နာရီနဲ႔ ၅ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.ဝ၈ ကီလိုဂရမ္ (၂.၄ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

သတၱဳကိုယ္ထည္နဲ႔ ဖန္တီးထားၿပီး ေပါ့ပါးပါးလႊာတဲ့ ဒီဇုိင္းရွိတဲ့ 2-in-1 အမ်ဳိးအစား လက္ပ္ေတာ့တစ္လုံး ျဖစ္ပါတယ္။ 2-in-1 အမ်ဳိးအစားလက္ပ္ေတာ့ကို လုပ္ေဆာင္ခ်က္အျပည့္အဝနဲ႔ အသုံးျပဳခ်င္သူေတြ၊ ေက်ာင္းသားေတြနဲ႔ စတုိင္က်လွပတဲ့ လက္ပ္ေတာ့ကို ကိုင္ခ်င္သူေတြအတြက္ အထူးသင့္ေလ်ာ္ လွပါတယ္။ ေတာက္ပၿပီး ၾကည္လင္ ျပတ္သားမႈရွိလွတဲ့ Displays ရွိတဲ့အျပင္ Touchscreen
နဲ႔တြဲဖက္အသံုးျပဳႏုိင္တဲ့ Stylus pen ပါ၀င္တာေတြက ေပးရတဲ့တန္ဖိုးနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးတန္တယ္လို႔ ခံစားရမွာျဖစ္ပါတယ္။ တစ္ေန႔တာအသုံးခံတဲ့ ဘက္ထရီစနစ္ကလည္း အျပင္သြားတုိင္း အားသြင္းဖုိ႔ ေဆာင္သြားစရာမလိုဘဲ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Android App ေတြကို ဒီထက္ပိုၿပီး အသုံးျပဳႏုိင္ေအာင္ ေထာက္ပံ့ေပးႏုိင္ရင္ေတာ့ လက္ပ္ေတာ့သုံးရင္း ဂိမ္းကစားခ်င္သူေတြအတြက္ ပိုအဆင္ေျပမယ့္အျပင္ သိုေလွာင္ႏုိင္မႈကို ဒီထက္ပိုၿပီးမ်ားမ်ားထည့္ ေပးႏုိင္ရင္ ပိုေကာင္းမယ္လို႔ ထင္ပါတယ္။

-ရဲထြဋ္ဝင္း
Ref – www.laptopmag.com

===============

[ Unicode ]

Samsung Chromebook Pro

===============

တန်ဖိုး – ကန်ဒေါ်လာ ၅၄၉.၉၉

အားသာချက်

ပေါ့ပါးပြီး တော်တော်လေး ပါးလွှာမှုရှိအောင် ဖန်တီးထားတဲ့အပြင် ဒီဇိုင်းပိုင်းကလည်း အထူးပဲဆွဲဆောင်မှု ရှိလှပါတယ်။ Stylus ပါတစ်ပါတည်း ပါဝင်တာက သဘောကျစရာပါ။ Display ကလည်း အရောင်သွေးလှပကောင်းမှုပြီး တောက်ပမှုရှိပါတယ်။ Android apps တွေကို လက်ပ်တော့မှာ runs နိုင်တာက ဒီလက်ပ်တော့ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ကီးဘုတ်ရဲ့ ခလုတ်တွေက ပျော့ပျော့ပျောင်းပျောင်းရှိပေမယ့် စာရိုက်ရတာ သိပ်အဆင်ပြေလှကြီးတော့ မဟုတ်ဘူးလို့ ခံစားရပါတယ်။ Android App တွေကို ကြားခံဆော့ဖ်ဝဲမလိုဘဲ ထည့်သွင်းကစားနိုင်ပေမယ့် App တိုင်တော့ ကစားနိုင်မှာ မဟုတ်ပါဘူး။ 32GB သိုလှောင်နိုင်မှုက ပြိုင်ဘက်လက်ပ်တော့တွေနဲ့ ယှဉ်ရင်နည်းတယ်လို့ ပြောရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၂.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2400×1600 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့အပြင် Touchscreen အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 3.1 GHz ရှိတဲ့ Intel Core m3-6Y30 processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB eMMC ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 615 ထောက်ပံ့ပါဝင်ပါတယ်။ Webcam ကတော့ 720p အမျိုးအစားဖြစ်ပါတယ်။ ၄.၁x၂.၉ လက်မအရွယ် အစား Touchpad က ချော့မွေ့ကောင်းမွန်မှုရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.0 ထောက်ပံ့ပါ၀င်ပြီး SD card reader ပေါက်၊ USB 2.0 နဲ့ USB Type-C ပေါက်တွေ ပါဝင်ပါတယ်။ ဘက်ထရီနဲ့ကို ၈ နာရီနဲ့ ၅ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.ဝ၈ ကီလိုဂရမ် (၂.၄ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပြီး ပေါ့ပါးပါးလွှာတဲ့ ဒီဇိုင်းရှိတဲ့ 2-in-1 အမျိုးအစား လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ 2-in-1 အမျိုးအစားလက်ပ်တော့ကို လုပ်ဆောင်ချက်အပြည့်အဝနဲ့ အသုံးပြုချင်သူတွေ၊ ကျောင်းသားတွေနဲ့ စတိုင်ကျလှပတဲ့ လက်ပ်တော့ကို ကိုင်ချင်သူတွေအတွက် အထူးသင့်လျော် လှပါတယ်။ တောက်ပပြီး ကြည်လင် ပြတ်သားမှုရှိလှတဲ့ Displays ရှိတဲ့အပြင် Touchscreen
နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Stylus pen ပါ၀င်တာတွေက ပေးရတဲ့တန်ဖိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တော်တော်လေးတန်တယ်လို့ ခံစားရမှာဖြစ်ပါတယ်။ တစ်နေ့တာအသုံးခံတဲ့ ဘက်ထရီစနစ်ကလည်း အပြင်သွားတိုင်း အားသွင်းဖို့ ဆောင်သွားစရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android App တွေကို ဒီထက်ပိုပြီး အသုံးပြုနိုင်အောင် ထောက်ပံ့ပေးနိုင်ရင်တော့ လက်ပ်တော့သုံးရင်း ဂိမ်းကစားချင်သူတွေအတွက် ပိုအဆင်ပြေမယ့်အပြင် သိုလှောင်နိုင်မှုကို ဒီထက်ပိုပြီးများများထည့် ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

-ရဲထွဋ်ဝင်း
Ref – www.laptopmag.com