July 17, 2018

Samsung ရဲ႕ စမတ္နာရီသစ္ကို Galaxy Watch ဟု ေခၚဆိုဖြယ္ရိွ

[ Zawgyi ]

Samsung ရဲ႕ ဝတ္ဆင္ႏိုင္တဲ့ ထုတ္ကုန္သစ္အမည္ကို Galaxy Watch လို႔ ေခၚဆိုဖြယ္ရိွတယ္လို႔ သိရပါတယ္။ မၾကာေသးခင္က Samsung ဟာ ကုိရီးယားဉာဏဆုိင္ရာပစၥည္း အဖြဲ႕အစည္းမွာ “Samsung Galaxy Watch” ဆိုတဲ့ လိုဂိုစာသားကို စာရင္းသြင္းထားတယ္လို႔ GalaxyClub က ေဖာ္ျပခဲ့ပါတယ္။

အဲဒီစာရင္းသြင္းထားမႈက Galaxy Watch ဆုိတဲ့အမည္ကုိ အတည္ျပဳလိုက္ပုံရပါတယ္။ Samsung အေနနဲ႔ အရင္က Gear S3 နဲ႔ Gear S2 ထုတ္ကုန္ေတြကို ထုတ္လုပ္ခဲ့တဲ့အတြက္ အရင္ေကာလာဟလသတင္းေတြမွာ Samsung ရဲ႕အသစ္ထြက္ရွိမယ့္ ထုတ္ကုန္အမည္ကုိ Samsung Gear S4 ဆိုၿပီး ရည္ညႊန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း စမတ္နာရီသစ္ကုိ Gear S4 အစား Galaxy Watch လို႔ပဲ ေခၚဆိုသြားမယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။

Samsung အေနနဲ႔ Galaxy Watch နဲ႔ Gear S4 ထုတ္ကုန္ႏွစ္မ်ိဳးကို ထုတ္လုပ္ႏိုင္သလို Gear S စမတ္နာရီေတြကုိ Galaxy Watch အမည္နဲ႔ ေျပာင္းလဲထုတ္လုပ္လာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

စုိးထက္
Ref: CNET

[ Unicode ]

Samsung ရဲ့ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်သစ်အမည်ကို Galaxy Watch လို့ ခေါ်ဆိုဖွယ်ရှိတယ်လို့ သိရပါတယ်။ မကြာသေးခင်က Samsung ဟာ ကိုရီးယားဉာဏဆိုင်ရာပစ္စည်း အဖွဲ့အစည်းမှာ “Samsung Galaxy Watch” ဆိုတဲ့ လိုဂိုစာသားကို စာရင်းသွင်းထားတယ်လို့ GalaxyClub က ဖော်ပြခဲ့ပါတယ်။

အဲဒီစာရင်းသွင်းထားမှုက Galaxy Watch ဆိုတဲ့အမည်ကို အတည်ပြုလိုက်ပုံရပါတယ်။ Samsung အနေနဲ့ အရင်က Gear S3 နဲ့ Gear S2 ထုတ်ကုန်တွေကို ထုတ်လုပ်ခဲ့တဲ့အတွက် အရင်ကောလာဟလသတင်းတွေမှာ Samsung ရဲ့အသစ်ထွက်ရှိမယ့် ထုတ်ကုန်အမည်ကို Samsung Gear S4 ဆိုပြီး ရည်ညွှန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း စမတ်နာရီသစ်ကို Gear S4 အစား Galaxy Watch လို့ပဲ ခေါ်ဆိုသွားမယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

Samsung အနေနဲ့ Galaxy Watch နဲ့ Gear S4 ထုတ်ကုန်နှစ်မျိုးကို ထုတ်လုပ်နိုင်သလို Gear S စမတ်နာရီတွေကို Galaxy Watch အမည်နဲ့ ပြောင်းလဲထုတ်လုပ်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

စိုးထက်
Ref: CNET