June 25, 2017

Rise of the Tomb Raider: 20 Year Celebration

Developer: Crystal Dynamics
Publisher: Square Enix
Genre: Adventure, Open World
Platform: PC, Xbox One, PlayStation 4
Release Date: May 24, 2017
Gameplay – 9
Graphics – 9.5
Story – 8
Presentation – 10
Final Score – 9.5 out of 10

၁၉၉၆ ခုနှစ်က PC နဲ့ PlayStation ဂိမ်းတွေမှာ ပထမဆုံးထွက်ရှိခဲ့တဲ့ Tomb Raider ဂိမ်းဟာ ယခင် 2D gameplay ဂိမ်းတွေသာ အဓိကဆော့ဖြစ်ခဲ့ကြတဲ့ ကစားသမားအတော် များများကို စိတ်ဝင်စားဖွယ်ရာ 3D environment တွေနဲ့ third person action adventure gameplay တို့ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ပထမ Tomb Raider ဂိမ်းရဲ့ အောင်မြင်မှုကြောင့် ၁၉၉၆ မှ ၂၀၀၀ ခုနှစ်အထိ ငါးနှစ်ဆက်တိုက် ဂိမ်းအသစ်တွေ ထုတ်လုပ်ခဲ့သလို နောက်ပိုင်း PlayStation 3 နဲ့ Xbox360 အပါအဝင် gaming platform တွေမှာလည်း Tomb Raider ဂိမ်းတွေ ဆက်လက်ထွက် ရှိခဲ့ပါ တယ်။ ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomb Raider: Underworld ဂိမ်းအပြီးမှာ နာမည်ကျော် publisher နဲ့ developer Square Enix က Tomb Raider franchise ကို ဝယ်ယူခဲ့ပါတယ်။ Lara Croft and the Guardian of Light အမည်ရ Action ဂိမ်းထွက်ရှိခဲ့ပြီးနောက် မူလ Tomb Raider စီးရီးကိုတင်ဆက်ပုံ၊ ဇာတ်ကောင်ပုံစံ အသစ်နဲ့ reboot version အဖြစ် ၂၀၁၃ ခုနှစ်မှာပြန်လည် ဖြန့်ချိခဲ့ပါတယ်။ အခုအသစ် ထွက်ရှိထားတဲ့ ၂၀၁၃ Tomb Raider ဂိမ်းရဲ့အဆက် Rise of
the Tomb Raider မှာတော့ ကစားသူဟာ Lara Croft ကို အရင်ဂိမ်းတွေကလို ရှေးဟောင်း ရတနာများ၊ သမိုင်းဝင် relics တွေကို ရှာဖွေသူတစ်ယောက်အဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်သလို ပိုမိုအတွေ့အကြုံ ရင့်ကျက်လာပြီး မူလဂိမ်းတွေ မှာကဲ့သို့ Adventurer တစ် ယောက် အသွင်ကူးပြောင်း လာ ပုံကို မြင်တွေ့ရမယ့် ဂိမ်းဖြစ်ပါ တယ်။ အစောပိုင်းမူရင်း Rise of the Tomb Raider ဂိမ်းတွေကတော့ Xbox One နဲ့ PC တို့မှာ အရင်ထွက်ခဲ့ပြီး PS4 မှာလည်း ဆက်ထွက်လာပါတယ်။ အခု 20th anniversary version အသစ်ကိုတော့ Tomb Raider Series နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်နဲ့ ဖြန့်ချိလိုက်တဲ့ Rise of the Tomb Raider: 20 Year Celebration အဖြစ် အမည်ပေးထားပြီး main story အပြင် story DLC တွေပါအားလုံး ပါဝင်လာတာကို တွေ့ရ မှာပါ။

Rise of the Tomb Raider ဂိမ်းရဲ့ storyline ကတော့ Lara Croft အနေနဲ့ ဆန်းကြယ်သော ရှေးဟောင်းမြို့တော် Kitezh မှာ ထူးဆန်းသောသတ္တဝါမျိုးစုံ၊ သဘာဝ ဘေးဒဏ်မျိုးစုံအပြင် ကြေးစား စစ်သားတွေနဲ့ပါ ရင်ဆိုင်ရမယ့် survival gameplay အသားပေး ဂိမ်းတစ်ခုဖြစ်ပါ တယ်။ Lara အနေနဲ့သူမအဖေ ခေတ်ကတည်းက ရှာဖွေခဲ့တဲ့ ထာဝရ အသက်ရှင်နိုင်စွမ်း (Immortality) ကို ပေးစွမ်းနိုင်တဲ့ အရာကို ရှေးဟောင်းမြို့တော် Kitezh မှာ လိုက်လံရှာဖွေရပုံ အခြေခံဇာတ်လမ်း ဆင်ထားပါတယ်။ သဲလွန်စမျိုးစုံ ရှာဖွေရင်း အခြား နေရာမျိုးစုံ သွားလာရမှာဖြစ်ပြီး Trinity အမည်ရ သဘာဝဖြစ်ရပ် လွန်အမှုတွေကို စုံစမ်းတဲ့ paramilitary organization နဲ့ပါ ရင်ဆိုင်ရမှာပါ။ သက်ရှိရန်သူတွေအပြင် သဘာဝဘေးဒဏ်မျိုးစုံနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး platforming နဲ့ survival gameplay တွေ ပါဝင်သလို အရင်ဂိမ်းကထက် action ပိုင်းတွေ ပိုများလာပြီး မူလဂိမ်း တုန်းကထက် မြေပုံပေါ်မှာသွားလာစရာ နေရာတွေ အများကြီး ဖွင့်ပေးထားပါတယ်။ location တစ်ခုမှတစ်ခု fast travel သွားလာနိုင်တဲ့ Open World ဂိမ်းအသွင် ပြုလုပ်ပေးထားပေမယ့် story missions တွေကိုတော့ cinematic cutscenes တွေ၊ platforming gameplay တွေ မျိုးစုံနဲ့ တောင်တန်းတွေ၊ လှိုင်ဂူတွေအစရှိတဲ့ levels မျိုးစုံမှာ ကစား ရမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကလည်း ဂိမ်းပေါ်မှာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပြီး အချမ်းဒဏ်ခံနိုင်တဲ့ သားမွှေးအ ကောင်းစားလိုချင်ရင် သတ်မှတ် ထားတဲ့ ရာသီဥတုနှင့် အချိန်ပေါ်မူတည်ပြီး အမဲလိုက်ရမယ့် ဝံပုလွေတွေကို ရှာရမယ့် ပုံစံမျိုး တွေလုပ်ထားတဲ့အတွက် အရင် TR ဂိမ်းတွေကထက် ပိုပြီး survival အသားပေး gameplay တွေ ပါဝင်လာပါတယ်။ ပထမTomb Raider Reboot တုန်းက puzzle တွေ နည်းလို့သိပ်အား မရခဲ့ကြသူတွေကတော့ ခု main story မှာရော side missions မှာပါ ပါဝင်တဲ့ puzzle/platforming ပိုင်းတွေကို ပိုကြိုက်မှာပါ။ Graphics ပိုင်းတွေကလည်း ပိုကောင်းလာပြီး ပထမ ၂၀၁၃ Reboot ဂိမ်းရဲ့ PC version မှာ စတင်ပါဝင်ခဲ့တဲ့ TressFX ဆိုတဲ့ real-time rendering နည်းပညာအသစ်နဲ့ Lara ရဲ့ ဆံပင်ဟာ လေတိုက်တဲ့ လွှင့်နေတာမျိုး၊ ရေစိုတဲ့အခါ၊ သဲတွေပေတဲ့အခါ ပုံစံပြောင်းလဲသွားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အရင် Tomb Raider ဂိမ်းတွေမှာကတည်းက pistol တွေ၊ shotgun တွေအစရှိတဲ့ firearms မျိုးစုံပါဝင်ပေမယ့် ရန်သူအနည်းငယ်၊ ထူးဆန်းတဲ့ creatures တွေနဲ့သာ အဓိက ရင်ဆိုင်ခဲ့ရပေမယ့် အခုဂိမ်းမှာတော့ လက်နက်မျိုးစုံကို ကိုယ်တိုင်ပေါင်းစပ်နိုင် upgrade ပြုလုပ်နိုင်သလို XP စနစ်နဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ ability အသစ်တွေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လမ်းရှာရတဲ့ platforming ပိုင်းတွေ၊ item ရှာရတဲ့ platforming gameplay တွေလည်း ထည့်သွင်းထားသလို မြားတွေ၊ pickaxe တွေအသုံးပြုပြီး လမ်းပွင့်ဖို့အတွက်ရော ရန်သူတွေကို တိုက်ဖို့အတွက်ပါ နှစ်မျိုးတွဲသုံးနိုင်တာကတော့ သဘောကျဖို့ ကောင်းပါတယ်။ မြားတွေကိုလည်း poison, fire, grenade, rope အစရှိသဖြင့် ပုံစံမျိုးစုံ ဖန်တီးနိုင်ပါတယ်။ အခုဂိမ်းမှာရေလည်း ငုပ်နိုင်မှာမို့လို့ ရန်သူတွေ မမြင်အောင် Stealth ပုံစံကစားပြီး တိုက်ခိုက်ချင်သူတွေကတော့ နည်းဗျူဟာ အသစ်မျိုးစုံသုံးပြီး တိုက်ခိုက်နိုင်ဦးမှာပါ။ Story DLC အနေနဲ့ကတော့ Baba Yaga: The Temple of the Witch နဲ့ Cold Darkness Awakened ဇာတ်လမ်းသစ်တွေ ပါဝင်ထားပါတယ်။ နဂိုကတည်းကတော့ supernatural ဆန်တဲ့ဇာတ်လမ်းတွေ ပထမဂိမ်းကတည်းက ပါခဲ့ပေမယ့် Baba Yaga မှာကတော့ ကြောက်စရာကောင်းတဲ့ horror sequence တွေ ထည့်ထား သလို နောက်ပိုင်း background level တွေကိုပါ ပိုပြီး fantasy ဆန်ဆန် ပုံစံတွေပါထားလို့ ကစားရတာ ပုံစံကွဲတဲ့ story DLC တစ်ခုဖြစ်တာ တွေ့ရမှာပါ။ Cold Darkness Awakened မှာလည်း zombies လိုမျိုး အကောင်ဆန်းတွေ ပါဝင်ထားပါသေးတယ်။

Square Enix ရဲ့ Rise of the Tomb Raider: 20 Year Celebration ဂိမ်းသစ်ဟာ မူလဂိမ်းထက် graphics ပိုင်း ရော gameplay ပိုင်းတွေပါ ပိုမို ကောင်းမွန်လာတဲ့အတွက် Tomb Raider ဂိမ်းပရိသတ်များရော Open World Action ဂိမ်းနှစ် သက်သူများပါ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

-နေအောင်လတ်

//ambient pc code