September 19, 2017

Resident Evil: Revelations

Developer: Capcom
Publisher: Capcom
Release Date: August 29, 2017
Genre: Survival Horror
Platforms: PS4, Xbox One
Gameplay – 8.5
Story – 8
Graphics – 7
Presentation – 8
Final Score – 8 out of 10

Resident Evil Franchise ဟာ မူလ Survival Horror ဂိမ်းပုံစံကနေ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိတဲ့ Resident Evil 4 နောက်ပိုင်းကနေ Resident Evil 6 အထိ Action Horror ဂိမ်းပုံစံအသွင်စတင် ပြောင်းလဲခဲ့သလို ကြားထဲမှာ လည်း Resident Evil 5 ရဲ့ Lost in Nightmares DLC လိုမျိုး၊ Nintendo 3DS ရဲ့ Resident Evil Revelations လိုမျိုး Survival Horror ဆန်တဲ့ ဂိမ်းလေးတွေကို မူလ ပရိသတ်အကြိုက် ထုတ်လုပ်ခဲ့ပါသေးတယ်။ ၂၀၁၇ အစောပိုင်း RE 7 မထွက်ခင်ကြား အချိန်မှာ တော့ Capcom အနေနဲ့ Horror ပိုင်းကို အသားပေးမလား RE 5 တို့၊ 6 တို့လို Action ပိုင်းကို အသားပေးမလား ပြန်စီစဉ်နေတဲ့ အချိန်မှာ Resident Evil – Revelations ကို 3DS handheld အတွက် သီးသန့်ထုတ်လုပ်ခဲ့သလို ရောင်းအားလည်း ကောင်းခဲ့ပေ မယ့် handheld gaming platform တစ်မျိုးတည်းမှာထုတ်တဲ့ ဂိမ်းတွေရဲ့ ထုံးစံအတိုင်း ကစားဖူးသူတော့ console တွေလောက် မများသေးတာကို တွေ့ရမှာပါ။ ဒါ့အတွက်လည်း Capcom အနေနဲ့ Nintendo 3DS လက်ကိုင်ဂိမ်းမှာထွက်ရှိထားတဲ့ Resident Evil – Revelations ကို graphics ပိုင်း အဆင့်မြှင့် တင်ပြီး PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက် ဖြန့်ချိခဲ့သလို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ လည်း Nintendo Switch ဂိမ်း
စက်အတွက် ထွက်လာတော့မယ် လို့ သိရပါတယ်။

Resident Evil – Revelations ရဲ့ ဇာတ်လမ်းဟာ Resident Evil 4 နှင့် Resident Evil 5 ကြားကာလ Jill Valentine နှင့် Chris Redfield တို့အနေဖြင့် ဇီဝ လက်နက်များအသုံးပြုသည့် အကြမ်းဖက် သမားများကို နှိမ်နင်း မည့် Bioterrorism Security Assessment Alliance (BSAA) အဖွဲ့အား တည်ထောင်ပြီးခါစမှာ နေရာယူထားပါတယ်။ Chris Redfield ဟာ ၂၀၀၄ ခုနှစ်က Terragrigia မြို့ကို Bio weapon များအသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ Veltro အဖွဲ့အား ခြေရာခံလိုက်ရင်း ပျောက်ဆုံးသွားရာမှ Jill Valentine နှင့်သူမ၏ partner Parker တို့ဟာ Chris Redfield နောက်ဆုံး ရောက်ရှိနေနိုင်သော SS Queen Zenobia အမည်ရ ပင်လယ်ကူး သင်္ဘောအတွင်းသို့ ဝင်ရောက် ရှာဖွေရပုံဖြင့် ဇာတ် လမ်းကို စတင်ထားပါတယ်။ Resident Evil Revelations ဂိမ်းဟာ Resident Evil – Dead Aim တုန်းကလိုပဲ သင်္ဘောတွင်းမှာ အဓိကနေရာယူထားတဲ့ ဂိမ်းဖြစ်ပေမယ့် နောက်ကြောင်းပြန်တဲ့ နေရာတွေမှာလည်း ဝင်ရောက် ကစားနိုင်တာ တွေ့ရပါတယ်။ RE – Revelations 3DS version ထွက်ပြီးနောက်မှာတော့ RE – Revelations 2 ကို console အသစ်တွေမှာ ဖြန့်ချိခဲ့ပေမယ့် ပင်မဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေ တိုက်ရိုက်မချိတ်ထားတဲ့ အတွက် Revelations 2 ကို အရင်ဆော့ပြီးမှ 1 ကိုပြန်ကစားရင်ဖြစ်ဖြစ်၊ အစဉ်လိုက်ကစား ရင်ပဲဖြစ်ဖြစ် အဆင်ပြေမှာပါ။ Revelations 2 ကတော့ PC နှင့် PS4/Xbox One consoles အတွက် ရည်ရွယ်ထုတ်ထားတဲ့ အတွက် graphics ပိုင်းပို ကောင်းမှာပါ။ Resident Evil – Revelations ဟာ Survival Horror အသားပေးဂိမ်းဖြစ်ပြီး ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင် ဖို့ထက် မိမိအသက်ရှင်ဖို့နဲ့လွတ်လမ်းရှာတွေ့ဖို့ကို ဦးစားပေးရမယ့် ဂိမ်းဖြစ်ပါတယ်။ Camera viewpoint တွေ၊ level design တည်ဆောက်မှုတွေကတော့ အရင် Survival Horror အသား ပေး RE ဂိမ်းတွေနဲ့ပုံစံအနည်း ငယ် ကွဲပြားနေမှာဖြစ်ပြီး gameplay ပိုင်းကတော့ လက်ရှိ RE ဂိမ်းတွေနဲ့ ပုံစံဆင်တူပါတယ်။ ကျည်ဆန်ကတော့ အတော်လေးချွေတာပြီး boss fight တွေအတွက်၊ ရန်သူအကြီးစားတွေ အတွက် ammo များများချန်ထား သင့်ပေမယ့် checkpoint restart စနစ်ပါလို့ သိပ်တော့ပူစရာ မလိုပါဘူး။ Puzzle ပိုင်းတော့ အရမ်းကြီး မများပေမယ့် မြေပုံမှတ်ပြီး သွားလာရတဲ့ အရသာနဲ့သော့တွေ keycard တွေရှာရတဲ့ အရသာကိုတော့ မူရင်း Resident Evil ဂိမ်းပရိသတ်တွေ သဘောကျမှာပါ။ Weapon customization စနစ်လည်းပါဝင်လာသလို in-game unlockable contents တွေအများကြီးပါဝင်တဲ့ Raid Mode အမည်ရ Co-op Multiplayer mode လည်း ပါဝင်လာတာ တွေ့ရပါတယ်။

Nintendo 3DS လက်ကိုင်ဂိမ်းက မူရင်း graphics ကို texture quality ပိုင်းမြှင့်တင်ထား တာဖြစ်လို့ graphics ပိုင်းသီးသန့် အနေနဲ့ Resident Evil 6 တို့၊ 7 တို့ကို မမီပေမယ့် B.O.W တွေရဲ့ဒီဇိုင်း၊ သူတို့ရဲ့လှုပ်ရှားပုံနဲ့ တိုက်ခိုက်ပုံတွေက အသက်ပါသလို အစောပိုင်း RE ဂိမ်းတွေ ကစားရတဲ့ အရသာကိုလည်း ပေးနိုင်တာ တွေ့ရပါတယ်။ Main series မဟုတ်ပေမယ့် Revelations ဆိုတဲ့ နာမည်အတိုင်း RE ဇာတ်လမ်းကို စိတ်ဝင်စား သူ ပရိသတ်တိုင်းသိထားသင့်တဲ့ storyline တွေ အများကြီး ပါဝင် တာ တွေ့ရမှာပါ။ Resident Evil Revelations ဟာ puzzle ပိုင်းတွေသိပ်မပါတာကလွဲလို့ မူရင်း RE ပရိသတ်တွေ သဘော ကျမယ့် Survival Horror ဂိမ်း ပုံစံဖြစ်သလို၊ Nintendo 3DS console နဲ့ အရင် console ports မှာမကစားရသေးတဲ့ Resident Evil ပရိသတ်အားလုံးနှင့် horror game ပရိသတ်တွေ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

-နေအောင်လတ်