September 19, 2017

Red Music Player

Dropbox နဲ့ ချိတ်ဆက်ထားပြီး Cloud ပေါ်မှာ သိမ်းထားတဲ့ သီချင်းတွေကို offline အဖြစ်ပြန်လည် နားထောင်နိုင်အောင် ပြုလုပ်ပေးထားတဲ့ music player တစ်ခုဖြစ်ပါတယ်။ အဆိုပါ app ဟာ အရင်က Dropbox တစ်ခုထဲကိုသာချိတ်ဆက်နိုင်ပေမယ့် အခုအခါမှာ Mega Cloud နဲ့ပါ ချိတ်ဆက်နိုင်အောင် ထည့်သွင်းပေးထားပါတယ်။

ထည့်သွင်းအသုံးပြုလိုသူတွေအနေနဲ့ iTunes မှာအခမဲ့ ရယူနိုင်မှာဖြစ်ပြီး download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 133 MB ခန့်ရှိမှာဖြစ်ပါတယ်။ iOS version 8.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင် မယ့် app ဖြစ်ပါတယ်။

Download ရယူလိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်။