September 26, 2017

RAM 1GB အောက် စမတ်ဖုန်းများအတွက် Android Go ကို Google မိတ်ဆက်

Google ဟာ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများအတွက် Android Go ကို Google I/O 2017 မှာ မိတ်ဆက်ပေးခဲ့ပါတယ်။
Android Go ဟာ အခြေခံအားဖြင့် အသစ်ထွက်မယ့် Android O ရဲ့ lighter version တစ်ခုဖြစ်ပါတယ်။ Android Go မှာ စွမ်းဆောင်ရည်နိမ့်ထုတ်ကုန်တွေမှာ Android ကို ချောမွေ့စွာအသုံးပြုနိုင်စေမယ့် optimization အချို့ပါဝင်ပြီး memory, storage နဲ့ data အနည်းငယ်သာ သုံးစွဲမယ့် Google app တွေနဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Google Play Store မှာ app အမျိုးအစားအားလုံးအပြင် entry-level user တွေအတွက် ဖန်တီးထားတဲ့ ဖိုင်အရွယ်အစား 10MB အောက်သာရှိတဲ့ app တွေကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ YouTube Go က YouTube app ရဲ့ optimized version တစ်ခုဖြစ်ပြီး offline ကြည့်ရှုဖို့အတွက် ဗီဒီယိုတွေကို အလွယ်တကူ download ပြုလုပ်ထားနိုင်တယ်လို့ သိရပါတယ်။

Android O ကနေစတင်ပြီး RAM 1GB အောက်သာပါဝင်တဲ့ ထုတ်ကုန်တိုင်းမှာ Android Go ကို default အနေနဲ့ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ထွက်ရှိမယ့် Android ဗားရှင်းအားလုံးအတွက် Android Go မူကွဲကို ဖြန့်ချိပေးသွားမယ်လို့လည်း Google က ပြောကြားခဲ့ပါတယ်။

Ref: TheVerge