December 13, 2017

Qmmp Music Player ကို Ubuntu OS မှာ ထည့်သွင်းခြင်း

Qmmp ဆိုတဲ့ Music Player ဟာ Winamp ကဲ့သို့ လုပ်ဆောင်ချက်များ တူညီတဲ့ music player တစ်ခုဖြစ်ပါတယ်။ Qmmp ဟာ open source ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး အသံဖိုင်အတော်များများကို အထောက်အပံ့ပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

Qmmpကို ထည့်သွင်းဖို့ အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Qmmp ကိုUbuntu OS မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်းပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo add-apt-repository ppa:forkotov02/ppa

sudo apt-get update

sudo apt-get install qmmpqmmp-plugin-pack

ဆိုတဲ့ command တွေကို ထည့်သွင်းပေးရပါမယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် သက်ဆိုင်ရာ package တွေကို
download လုပ်ပြီး install တစ်ခါတည်း လုပ်သွားမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ပေးရပါမယ်။ အကယ်လို့ Qmmp ကို အသုံးမပြုချင်တော့လို့ Uninstall လုပ်ချင်တယ်ဆိုရင် ဖော်ပြပါ command တွေကို သုံးစွဲရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo apt-get remove qmmpqmmp-plugin-*

sudo apt-get autoremove

ဆိုတဲ့ command တွေပဲ ဖြစ်ပါတယ်။

-သီဟ