Prototype Biohazard Bundle

Developer – Radical Entertainment
Publisher – Activision
Platform(s) – PS4, Xbox One
Genre(s) – Open World/Action
Release Date – April 20, 2017
Gameplay – 8
Story – 7
Graphics – 7.5
Presentation – 9
Final Score – 8 out of 10

Prototype Biohazard Bundle ဟာ Activision ရဲ့ 7th Generation Console ခေတ်မှာ ထွက်ရှိခဲ့တဲ့ Prototype 1 နဲ့ Prototype  2 ဂိမ်းတွေကို resolution ပိုင်းနှင့် graphics ပိုင်းအနည်းငယ်ပြန်လည် ပြင်ဆင် ထားပြီး PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက် ပြန်ထုတ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ THQ Nordic က Darksiders 1 နဲ့ 2 ဂိမ်းတွေကို remastered version အဖြစ် ဆက်တိုက် ရောင်းချခဲ့ပြီးနောက်မှာ မေလအစောပိုင်းက Darksiders III ဂိမ်းကိုလည်း ဖြန့်ချိဖို့ ကြော်ငြာခဲ့တယ်ဆိုတော့ Activision အနေနဲ့လည်း Prototype ဂိမ်းသစ်တွေ၊ ခပ်ဆင်ဆင် project တွေ ထပ်လာဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ Prototype နှစ်ဂိမ်းလုံးဟာ Open World ဂိမ်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့အတွက် console အသစ်တွေ ဝယ်ပြီးနောက်ပိုင်း မကစားခဲ့ရသူ တွေနဲ့ graphics အမြင့်ပိုင်းနဲ့ ပြန်ကစားလိုသူတွေ အတွက် အဆင်ပြေမှာပါ။ Open World ဂိမ်းနှစ်ခုဖြစ်တဲ့ Prototype နဲ့ PlayStation exclusive ဂိမ်း Series တစ်ခုဖြစ်တဲ့ Infamous တို့ သိပ်မကွာတဲ့ အချိန်အတွင်းမှာပဲ အပြိုင်အဆိုင် ထွက်ရှိခဲ့လို့ အမြဲနှိုင်းယှဉ်ခြင်း ခံခဲ့ရဖူးတဲ့ Prototype 1 ကိုရော Prototype 2 ကိုပါ publisher Activision ပိုင်ဆိုင်တဲ့ developer Radical
Entertainment ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။ Prototype remastered version တွေကို digital release နဲ့အရင် ဖြန့်ချိခဲ့ပြီး physical 2 in 1 bundle အဖြစ် Activision က ဆက်လက် ရောင်းချခဲ့ပါတယ်။

Prototype ပထမဂိမ်းမှာ ကစားသူဟာ အတိတ်မေ့နေပြီး Virus ပိုးတစ်မျိုးဖြင့် စမ်းသပ်ခံထားရရာမှ အသွင်မျိုးစုံပြောင်းနိုင်သော ထူးခြားတဲ့ Bio Weapon လူသားတစ်ယောက်ဖြစ်သူ Alex Mercer နေရာကနေ ကစားရမှာဖြစ်ပြီး Virus ပိုးရဲ့ နောက်ကွယ်မှ လျှို့ဝှက်ချက်တွေကို ရှာဖွေရပုံ ကစားရမှာဖြစ်ပါတယ်။ Mercer ဟာ ဂိမ်းရဲ့ဇာတ်လိုက်ဆိုပေမယ့် God of War ဂိမ်းတွေက Kratos
လိုမျိုးပဲ လိုချင်တာရဖို့ အပစ်မဲ့သူတွေကို စတေးဖို့ ဝန်မလေးသူ တစ်ယောက်ပုံစံဖန်တီးထားပြီး ဒုတိယဂိမ်းမှာတော့ Mercer ကို
လက်စားချေလိုသူ James Heller နေရာက ကစားရမှာဖြစ် ပါတယ်။ James Heller ရဲ့ မိသားစုဟာ Mercer Virus ကြောင့်
အသက် ဆုံးရှုံးခဲ့ရတဲ့အတွက် Heller ဟာ Alex Mercer ကို လက်စား ချေချင်နေသူဖြစ်ပါ တယ်။ Prototype 2 မှာ Heller
ဟာ Mercer နဲ့ တိုက်ခိုက်ရ မှာဖြစ်တဲ့အပြင် Virus နဲ့ ဇီဝလက်နက် Bio Weapon တွေကို စမ်းသပ်နေတဲ့ ရန်သူ Blackwatch group ကိုပါ နှိမ်နှင်းရန် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

Experience points နှင့် Leveling system ပါဝင်တဲ့ အတွက်ကြောင့် Movement speed နဲ့ Jumping ability အစရှိတဲ့ Basic character ability တွေရော၊ တိုက်ခိုက်မှု စွမ်းအင်တွေကိုပါ upgrade တင်နိုင်မှာ ဖြစ်သလို Fallout 3 နဲ့ Fallout New Vegas တို့ကလိုမျိုး Level တက်တိုင်း တိုက်ခိုက်မှုတွေမှာ နောက်ထပ် သီးသန့် effect နဲ့ bonus ablity တွေ လိုက်ပေါင်းပေးတဲ့ Perk System လည်း ပါဝင်ပါတယ်။ Prototype ရဲ့ trademark တစ်ခုလို့ ပြောလို့ရမယ့် New York မြို့သူမြို့သားတွေနဲ့ ရန်သူတွေကို ဝါးမြိုပြီး သွေးဖြည့်နိုင်တဲ့ consume ability ပြန်လည်ပါဝင်သလို အရေးပါတဲ့ Black watch တပ်သားတွေဆီမှ မှတ်ဉာဏ်များ ရယူရန်၊ Weapons နှင့် Vehicles upgrade များရယူရန် အတွက်ကိုလည်း Consume ability အသုံးပြုနိုင်ပါတယ်။ မိမိ Consume ပြုလုပ်ထားတဲ့ ရန်သူပုံ ဟန်ဆောင်ပြီး ရန်သူစခန်းတွေထဲ ဖောက်ဝင်ကာ Stealth ပုံစံကစားရတဲ့ Infiltration mission တွေလည်း ပါဝင်ပါတယ်။  နှစ်ဂိမ်းစလုံးမှာ Main Story Mode ကြီးပဲ ကစားမယ် ဆိုရင်  တစ်ဂိမ်းကို ၁၀ နာရီလောက်
gameplay time ရှိပါတယ်။ Side missions တွေလည်း ပါဝင်သလို  Boss fights တွေမှာတော့ Prototype 2 ကပိုပြီး ကစားလို့ ကောင်းတာ တွေ့ရမှာပါ။

Graphics ပိုင်းကတော့ Tomb Raider Definitive Edition တို့၊ God of War III – HD Remastered တို့လိုမဟုတ်ဘဲ အရင်ကထက် သိသိသာသာကြီး ပိုမကောင်းလာပေမယ့် Gameplay ပိုင်းကစားရတာ အရမ်းသွက် တော့ ရန်သူတွေနဲ့တိုက်ခိုက်နေ ချိန်၊ တိုက်အမြင့်ကြီးတွေပေါ် ပြေးတက်နေချိန်၊ ပျော်ဖို့ ကောင်းတဲ့ Special Ability တွေ သုံးနေရချိန်မှာဆို Graphics ပိုင်းကိုတောင် သိပ်သတိထားမိမှာ မဟုတ်ပါဘူး။ Prototype 1 ရဲ့ ဇာတ်ကောင် Alex Mercer ကတော့ Anti-Hero ပုံစံ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်ဖြစ်ပါတယ်။ Prototype 2 ကတော့ အရင် ဂိမ်းတုန်းက ကောင်းတဲ့အချက် တွေ ပြန်ထည့်ထားပြီးအားနည်း ချက်တွေကို ပြင်ဆင်ထားသလို ability အသစ် ၊ gameplay ပုံစံအသစ်များစွာလည်းပါဝင်တဲ့ အတွက်ကြောင့် Prototype Biohazard Bundle မှာပါဝင်ထားတဲ့  နှစ်ဂိမ်းလုံးက တော့ ထွက်ထားတာ နည်းနည်းကြာပြီဆိုပေမယ့် ဆော့လို့ကောင်းတဲ့ Open World Action ဂိမ်းတွေ ဖြစ်ပါတယ်။

-နေအောင်လတ်