November 19, 2017

Prof. Dr. U Aung Tun Thet MBA Scholarship ချီးမြှင့်မည်

Strategy First Institute မှ နာယကကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်အား ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်လာ ၁ သောင်း MBA ပညာသင်ဆုကို Prof. Dr. U Aung Tun Thet MBA Scholarship အနေနဲ့ပေးအပ် သွားမှာဖြစ်ပါတယ်။ ငွေကြေး လိုအပ်ချက်ရှိသူများမှ ထူးချွန်သူကိုသာ ရွေးချယ်မယ့် Need Based Scholarship အမျိုးအစားဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်ထား လိုသူတွေဟာ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။ ပညာသင်ဆုရရှိသူဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လမှာ ဖွင့်လှစ်မယ့် MBA သင်တန်းကို တက်ရောက်ရမှာပါ။

လျှောက်ထားသူတွေဟာ Why I believe an MBA is more valuable than a car for me? နဲ့ Why do you think you deserve the MBA scholarship offered by Strategy First? (Financial Reasons – အထောက်အထားဖြင့် တင်ပြရန်။) စတဲ့ ခေါင်းစဉ်နှစ်ခုကို စာလုံးရေ (၇၀၀) စီ ရေးသားလျှောက်ထားရမှာပါ။ ခေါင်းစဉ် (၁) က ဆန်ခါတင်ရွေးချယ်ခံရဖို့အတွက် (၆၀) ရာခိုင်နှုန်း သက်ရောက်မှု ရှိမှာဖြစ်ပြီး ခေါင်းစဉ် (၂) က ၄၀ ရာခိုင်နှုန်း သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။

သတ်မှတ်ချက်များ အနေနဲ့ကတော့ ဘွဲ့တစ်ခုခုရရှိထားပြီး လုပ်သက်အနည်းဆုံး (၃) နှစ်ရှိရပါမယ်၊ MBA ဘွဲ့ရထားပြီးသူများ လျှောက်ထားခွင့် မရှိပါဘူး။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိပြီး IELTS 6.0 အနည်းဆုံး ရရှိထားသူ အကယ်၍ IELTS မဖြေဆိုရသေးလျှင်လည်း ဆန်ခါတင် အရွေးခံရပါက ကျောင်းမှာ စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဆန်ခါတင် (၅) ဦး စာရင်းကို ၂၀၁၇ ခုနှစ် ဇွန်လမှာ ကြေညာပေးမှာဖြစ်ပြီး ဇွန်လ ၄ ရက်မှာ ရွေးချယ်ရေးအဖွဲ့ကဆန်ခါတင် (၅) ဦးကို လူတွေ့စစ်ဆေးမှာဖြစ်ကာ ပညာသင်ဆု ရရှိသူကို ဇွန်လ ၅ ရက်မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုတဲ့ သူတွေအနေနဲ့ ဖုန်း – ၀၉၄၅၀၁၇၇၇၇၀ ဒါမှမဟုတ် [email protected] ဆီကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာဖြစ်ပါတယ်။