November 19, 2017

Product Red ဆိုတာ

Product Red ဆိုတာကတော့ (RED) ကပိုင်ဆိုင်တဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ Product Red ရဲ့ ရည်ရွယ်ချက်က HIV/AIDS ကို တိုက်ဖျက်ရာမှာ

လူတွေပိုမိုသိရှိလာအောင်ဆောင်ရွက်ဖို့နဲ့ ရန်ပုံငွေရှာဖွေဖို့ပါ။ Product Red နဲ့ လက်တွဲဆောင်ရွက်တဲ့ ကုမ္ပဏီတွေထဲမှာ Nike, American Express (UK), Apple Inc., Coca-Cola, Starbucks, Converse, Electronic Arts, Head, Buckaroo, Penguin Classics (UK & International), Gap, Armani, Hallmark (US), SAP, Beats Electronics, Supercell နဲ့ YouTube စတား PewDiePie တို့ ပါဝင်ပါတယ်။

ဒီအယူအဆကို U2 အဆိုတော်နဲ့ တက်ကြွလှုပ်ရှားသူ Bono က ONE Campaign နဲ့ DATA ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ Booby Shriver နဲ့အတူ ပူးပေါင်းစတင်ခဲ့တာ ဖြစ်ပါတယ်။ Product Red ရဲ့ ငွေကြေးတွေကို အေ့စ်၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်တဲ့ Global Fund ထံ လှူဒါန်းပါတယ်။

စီးပွားရေးအပိုင်းမှာတော့ တွဲဖက်ကုမ္ပဏီတစ်ခုစီက Product Red အမှတ်တံဆိပ်ပါတဲ့ ထုတ်ကုန်တစ်ခုကို ဖန်တီးပါတယ်။ အဲ့ဒီနောက် ရောင်းချရတဲ့ အမြတ်ငွေထဲက ၅၀ ရာခိုင်နှုန်းကို တွဲဖက်ကုမ္ပဏီတစ်ခုစီက Global Fund ဆီ လှူဒါန်းရပါတယ်။

Apple ဟာ (RED) နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အတွက် iPhone 7 နဲ့ iPhone 7 Plus (Product)RED Special Edition ကို မကြာသေးခင်က မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီ special edition iPhone ဟာ အနီရောင်နဲ့ထွက်ရှိလာတဲ့ ပထမဆုံး iPhone ဖြစ်ပြီး 128GB နဲ့ 256GB storage option တွေနဲ့ပဲ ရနိုင်ပါတယ်။ တန်ဖိုးက အခြား iPhone 7, iPhone 7 Plus မော်ဒယ်တွေနဲ့ အတူတူပါပဲ။ အနီရောင် iPhone အတွက် ၇၄၉ ဒေါ်လာကနေ စတင်မှာဖြစ်ပြီး အနီရောင် iPhone 7 Plus ကိုတော့ ၈၆၉ ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။ ဒီ အနီရောင် iPhone 7 တွေကို Apple Store, Apple ဝက်ဘ်ဆိုက်နဲ့ အခြား authorized retailer တွေကနေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အရှင်းလင်းဆုံးပြောရရင် ဒါဟာ iPhone 7 ကို အရောင်အသစ်တစ်မျိုးနဲ့ ထုတ်လိုက်တာ ဖြစ်ပါတယ်။ Feature တွေနဲ့ လုပ်ဆောင်ချက်တွေက အရင်မော်ဒယ်တွေနဲ့ အတူတူပါပဲ။ Apple အနေနဲ့ကတော့ ဒီနှစ် စက်တင်ဘာလမတိုင်မီအထိ iPhone ဗားရှင်းသစ် ဖြန့်ချိဖို့ အစီအစဉ်မရှိသေးပါဘူး။

Ref: Wikipedia/Apple