February 25, 2018

Predator XB2 Gaming Monitor

Gamer တွေ အကြိုက်တွေ့စေနိုင်မယ့် Acer အမှတ်တံဆိပ် Predator XB2 Gaming Monitor ဖြစ်ပါတယ်။ Resolution မှာ 1920×1080 Full HD ဖြစ်ပြီး Zero Frame Design နဲ့ပါ ပေါင်းစပ်ဖန်တီး ထားတာကြောင့် အရည်အသွေးမြင့် Gaming အတွေ့အကြုံကို ခံစားရရှိမှာဖြစ်ပါတယ်။ Predator GameView ဆိုတဲ့နည်းပညာလည်း ပါဝင်ပါတယ်။ ကိုယ်ဆော့မယ့် ဂိမ်းအမျိုးအစားပေါ် မူတည်ပြီး Profile ၃ ခု ဖန်တီးထားနိုင်ပါတယ်။ Action Game အတွက် Action နဲ့ ပတ်သတ်တဲ့ setting တွေချိန်ထားပြီး save ထားနိုင်သလို Sports ဆိုပါက sport, Racing ဆိုပါက racing ဆိုပြီး save ထားနိုင်ပါတယ်။ Response time မှာ 1ms ဖြစ်ပြီး Refresh rate မှာ 240Hz ဖြစ်ပါတယ်။ တန်ဖိုးမှာ USD 589 နဲ့ Shwe Lamin Nagar Co.Ltd ဖုန်း ၀၁-၂၅၅၆၅၅၊ ၀၁-၂၅၅၇၁၄ မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ဝေဝေ