October 20, 2017

Polarr Photo Editor Lite

ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်ဓာတ်ပုံဆရာများ အသုံးပြုနေတဲ့ Polarr Photo Editor Lite ဆော့ဖ်ဝဲဟာ ပိုမို ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံအဖြစ်ဖန်တီးနိုင်စေရန် editing tool များစွာကိုထည့်သွင်းပေးထား တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။

RAW format တွေ နဲ့ DNG format တွေကို ပြင်ဆင်နိုင်သလို export လုပ်တဲ့အခါမှာ TIFF file format နဲ့ ထုတ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

ဒီ ဆော့ဖ်ဝဲ ကို အသုံးပြုချင်တယ်ဆိုရင် Mac App Store မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစားကတော့ 36.7 MB ခန့်ရှိမှာဖြစ်ပါတယ်။ Mac OS X 10.10 နဲ့ အထက် 64 bit processor တွေပေါ်မှာသာ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။