Plasma Desktop ကို Ubuntu OS မွာ ထည့္သြင္းျခင္း

[ Zawgyi ]

Plasma Desktop ဆိုတာကေတာ့ Ubuntu OS ကို ပိုမိုေကာင္းမြန္တဲ့ user interface နဲ႔ အသံုးျပဳခ်င္သူေတြအတြက္ ထည့္သြင္းသံုးစဲြႏိုင္မယ့္ app တစ္ခုျဖစ္ပါတယ္။ အဆိုပါ Plasma Desktop ကို Ubuntu OS မွာ ထည့္သြင္းခ်င္သူမ်ားအတြက္ ေဖာ္ျပပါ နည္းလမ္းအတိုင္း ထည့္သြင္းႏိုင္ပါတယ္။

Ubuntu OS မွာ Plasma ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ ေတာ့Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Plasma ကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြ ကေတာ့ –

sudo add-apt-repository ppa:kubuntu-ppa/backports

sudo apt-get update

sudo apt-get install plasma-desktop

ဆိုတဲ့ command ေတြနဲ႔ ထည့္သြင္းႏိုင္မွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ၿပီး တစ္ခါတည္းထည့္သြင္း ေပးသြားမွာျဖစ္တဲ့အတြက္ ေခတၱေစာင့္ဆိုင္းေပး ရပါမယ္။ ဒါဆိုရင္ Plasma Desktop ကို Ubuntu OS မွာ စတင္ အသံုးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

-သီဟ

=============

[ Unicode ]

Plasma Desktop ကို Ubuntu OS မှာ ထည့်သွင်းခြင်း

=============

Plasma Desktop ဆိုတာကတော့ Ubuntu OS ကို ပိုမိုကောင်းမွန်တဲ့ user interface နဲ့ အသုံးပြုချင်သူတွေအတွက် ထည့်သွင်းသုံးစွဲနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ အဆိုပါ Plasma Desktop ကို Ubuntu OS မှာ ထည့်သွင်းချင်သူများအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။

Ubuntu OS မှာ Plasma ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင် တော့Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Plasma ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:kubuntu-ppa/backports

sudo apt-get update

sudo apt-get install plasma-desktop

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ပြီး တစ်ခါတည်းထည့်သွင်း ပေးသွားမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေး ရပါမယ်။ ဒါဆိုရင် Plasma Desktop ကို Ubuntu OS မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

-သီဟ