Pillars of Eternity II : Deadfire

[ Zawgyi ]

၂၀၁၅ ခုႏွစ္အတြင္းက ထြက္ရိွထားတဲ့ Pillars of Eternity ရဲ႕ ေနာက္ဆက္တြဲအျဖစ္ ထြက္ရွိလာတဲ့ ဂိမ္းအသစ္ပါ။ Feature အသစ္ေတြ ထည့္သြင္းဖန္တီီးမႈထက္ Platform အစံုနဲ႔ ကစားႏုိင္aအာင္ အားျဖည့္ထားျခင္းပါ။ အခု ေမ ၈ ရက္က ကြန္ပ်ဴတာ စနစ္အားလံုးနဲ႔ ကစားႏိုင္ေအာင္ ေရာင္းခ်လာၿပီျဖစ္ၿပီး Wins , Linux အျပင္ masOS ေတြနဲ႔ပါ ကစားႏုိင္မွာပါ။ Nintendo Switch, PS4, Xbox One ေတြ အတြက္ေတာ့ မၾကာခင္လပိုင္းအတြက္ ေရာက္လာပါလိမ့္မယ္။ ျပည္တြင္းမွာ ကြန္ပ်ဴတာနဲ႔ပဲ ဂိမ္းကစားသူမ်ား တဲ့ အေနအထားအတြက္ကေတာ့ အခုတင္ အဆင္ေျပေနပါၿပီ။

ဂိမ္းမွာ အားနည္းခ်က္ တစ္ခုအေနနဲ႔ ေျပာစရာရွိတာဆိုလို႔ Single တစ္မ်ိဳးတည္းပဲ ကစား ႏုိင္ျခင္းပါပဲ။ တစ္ကိုယ္ေရသမားေတြေတာ့ စိတ္ႀကိဳက္ ျဖစ္မွာပါ။

ဂိမ္းရဲ႕ ဖန္တီးထားမႈအတြင္း ျပင္ပမွာလို ရာသီဥတု ေျပာင္းလဲမႈေတြ ရွိမယ္၊ အျခား သက္ရွိိေတြလည္း ပါမယ္၊ ေန႔နဲ႔ည ေျပာင္းလဲမႈ ပါမယ္။ ခ်န္ပီယံလို႔ဆိုတဲ့ Hero ကို မိမိႏွစ္သက္ရာ ေရြးခ်ယ္ကစားရမွာပါ။ Hero (ခ်န္ပီယံ) တစ္ေယာက္ခ်င္းစီမွာ အားနည္းခ်က္၊ အားသာခ်က္ တြဲဖက္ပါရွိေနမယ္။ ခ်န္ပီယံေရြးၿပီးရင္ ေရလမ္းခရီးအတြက္ သေဘၤာကို ေရြးရမယ္၊ မိမိလက္ထဲေရာက္မွ သေဘၤာကို စိတ္ႀကိဳက္ ျပင္ဆင္ႏုိင္ဦးမယ္။ တိုက္ခိုိက္ေရးအတြက္ အေျမႇာက္ဘယ္ေလာက္ တပ္မယ္၊ ျမန္ျမန္ဆန္ဆန္ ရြက္လႊင့္ႏုိင္ဖုိ႔အတြက္
လုိအပ္တာေတြလည္း ဟန္ခ်က္ညီေအာင္ ျဖည့္ရမယ္။

ကစားသူအေနနဲ႔ တစ္ဆင့္ခ်င္းပံုစံ သြားရမယ့္ ပန္းတိုင္၊ ဦးတည္ခ်က္အတုိင္း လိုအပ္ရင္ သေဘၤာ၊ မဟုတ္ရင္ ေျခလ်င္ မိမိအဖြဲ႕နဲ႔အတူ သြားရမွာပါ။ အဖြဲ႔ကေတာ့ AI နဲ႔ လာမယ့္ ကြန္ပ်ဴတာစနစ္ကေန လိုက္ကစားေပးမယ့္ အဖြဲ႕ပါ။ ဒီအဖြဲ႕ကို ဦးေဆာင္ၿပီး တိုက္ခိုက္မႈေတြ၊ ရြက္လႊင့္မႈေတြ လုပ္ရမွာပါ။ ေရလမ္းမွာ သေဘၤာခ်င္း တိုက္ခိုက္ရမႈေတြ၊ ေရသတၱဝါ ဆန္းေတြနဲ႔ တိုက္ခိုက္ရမႈေတြလည္း ပါမယ္။

ကုန္းလမ္းမွာလည္း ဘီလူးေတြနဲ႔ တိုက္ခုိက္ရမယ္၊ ပေဟဠိေတြလည္း ပါတယ္။ လမ္းေတြ၊ တံခါးေတြကိုဖြက္ၿပီး ပိတ္ထားတာေတြ ပါမယ္။ ဒါေတြကို အခ်ိန္မီ ေအာင္ျမင္ေအာင္ ဖြင့္ရမယ္၊ ဝင္ရမယ္၊ ျဖတ္သန္းသြားရမယ္ေပါ့။ ၿပီးေတာ့ ပထမဂိမ္းမွာ သေဘၤာက ဝယ္ရတာ ျဖစ္ေပမယ့္ အခုဂိမ္းမွာေတာ့ ဝယ္လုိ႔လည္းရတယ္၊ ဒါမွမဟုတ္ မိမိသေဘၤာက အားနည္းခ်က္ ရွိေနရင္၊ သေဘာမက်ရင္ ရန္သူ႔သေဘၤာကို ခိုးယူအသံုးျပဳလို႔ရတဲ့ အခ်က္တစ္ခုပါလာပါတယ္။ အဆင့္ ၁ ဆင့္မွာ အဆင့္ခြဲ ၃ ခုပါတယ္။ ဒီအဆင့္ခြဲေတြ ေအာင္ျမင္ၿပီးမွ တစ္ဆင့္ေအာင္မယ္၊ ဒီလိုနဲ႔ ဂိမ္းထဲက အဆင့္ေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ၿပီးရင္ေတာ့ ေနာက္ဆံုး God ကို ရွာေဖြ ရင္ဆိုင္ၿပီး ခ်န္ပီယံ ျဖစ္ေၾကာင္း သက္ေသျပရပါလိမ့္မယ္။

ဂိ္မ္းက ႐ုပ္ထြက္ေကာင္းမြန္ မႈ၊ ဖန္တီးမႈ အားေကာင္းျခင္းေတြက လူႀကိဳက္မ်ားေနေစပါ တယ္။ အထူးသျဖင့္ ပထမအႀကိမ္ မိတ္ဆက္ခ်ိန္မွာေတာင္ ၂၃ နာရီအတြင္း အျမတ္အစြန္းရရွိ ေအာင္ျမင့္ခဲ့တယ္လုိ႔ မွတ္တမ္းေတြအရ သိရပါတယ္။ ဇာတ္ေၾကာင္း ခုိင္မာမႈ အားနည္းေပမယ့္ ကစားရမႈအပိုင္းမွာေတာ့ ဆြဲေဆာင္မႈေကာင္းတာ အမွန္ပါ။ AI စနစ္နဲ႔ ဖန္တီးထားၿပီး မိမိကို လိုက္ကူမယ့္ အဖြဲ႕၀င္ေတြရဲ႕ စြမ္းေဆာင္ရည္က မိမိရဲ႕ညႊန္ၾကား တိုက္ခိုက္ေစမႈအေပၚမွာ မူတည္ပါလိ္မ့္မယ္။ မိမိရဲ႕ ဦးေဆာင္မႈမွန္ရင္ အႏုိင္ရမယ္၊ မဟုတ္ရင္ ႐ံႈးနိမ့္ပါလိမ့္မယ္။ ဒီလိုပဲ ပေဟဠိေတြ ေျဖရွင္းမႈမွာလည္း မိမိရဲ႕ ေတြးေတာမႈကပဲ အဓိကပါ။ ဦးေဆာင္ႏုိင္မႈ ဆိုင္ရာ ဂိမ္းျဖစ္ၿပီး တိုက္ခိုက္ခန္းေတြ ပါဝင္ေပမယ့္ မိမိက Hero တစ္ေယာက္လို အစြမ္းျပ တိုက္ခုိက္စရာ သိပ္မလုိဘဲ ဦးေဆာင္မႈေပးရမယ့္ ဂိမ္းျဖစ္လုိ႔ ေခါင္းေဆာင္ ေကာင္းေကာင္း ျဖစ္ခ်င္သူေတြအတြက္ စိန္ေခၚမႈ ေကာင္းေကာင္းေပးမယ့္ ဂိမ္းသစ္ပါပဲဗ်ာ။

-သက္ႏုိင္ဦး (UCSL)

============

[ Unicode ]

Pillars of Eternity II : Deadfire

============

၂၀၁၅ ခုနှစ်အတွင်းက ထွက်ရှိထားတဲ့ Pillars of Eternity ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာတဲ့ ဂိမ်းအသစ်ပါ။ Feature အသစ်တွေ ထည့်သွင်းဖန်တီီးမှုထက် Platform အစုံနဲ့ ကစားနိုင်aအာင် အားဖြည့်ထားခြင်းပါ။ အခု မေ ၈ ရက်က ကွန်ပျူတာ စနစ်အားလုံးနဲ့ ကစားနိုင်အောင် ရောင်းချလာပြီဖြစ်ပြီး Wins , Linux အပြင် masOS တွေနဲ့ပါ ကစားနိုင်မှာပါ။ Nintendo Switch, PS4, Xbox One တွေ အတွက်တော့ မကြာခင်လပိုင်းအတွက် ရောက်လာပါလိမ့်မယ်။ ပြည်တွင်းမှာ ကွန်ပျူတာနဲ့ပဲ ဂိမ်းကစားသူများ တဲ့ အနေအထားအတွက်ကတော့ အခုတင် အဆင်ပြေနေပါပြီ။

ဂိမ်းမှာ အားနည်းချက် တစ်ခုအနေနဲ့ ပြောစရာရှိတာဆိုလို့ Single တစ်မျိုးတည်းပဲ ကစား နိုင်ခြင်းပါပဲ။ တစ်ကိုယ်ရေသမားတွေတော့ စိတ်ကြိုက် ဖြစ်မှာပါ။

ဂိမ်းရဲ့ ဖန်တီးထားမှုအတွင်း ပြင်ပမှာလို ရာသီဥတု ပြောင်းလဲမှုတွေ ရှိမယ်၊ အခြား သက်ရှိိတွေလည်း ပါမယ်၊ နေ့နဲ့ည ပြောင်းလဲမှု ပါမယ်။ ချန်ပီယံလို့ဆိုတဲ့ Hero ကို မိမိနှစ်သက်ရာ ရွေးချယ်ကစားရမှာပါ။ Hero (ချန်ပီယံ) တစ်ယောက်ချင်းစီမှာ အားနည်းချက်၊ အားသာချက် တွဲဖက်ပါရှိနေမယ်။ ချန်ပီယံရွေးပြီးရင် ရေလမ်းခရီးအတွက် သင်္ဘောကို ရွေးရမယ်၊ မိမိလက်ထဲရောက်မှ သင်္ဘောကို စိတ်ကြိုက် ပြင်ဆင်နိုင်ဦးမယ်။ တိုက်ခိိုက်ရေးအတွက် အမြှောက်ဘယ်လောက် တပ်မယ်၊ မြန်မြန်ဆန်ဆန် ရွက်လွှင့်နိုင်ဖို့အတွက်
လိုအပ်တာတွေလည်း ဟန်ချက်ညီအောင် ဖြည့်ရမယ်။

ကစားသူအနေနဲ့ တစ်ဆင့်ချင်းပုံစံ သွားရမယ့် ပန်းတိုင်၊ ဦးတည်ချက်အတိုင်း လိုအပ်ရင် သင်္ဘော၊ မဟုတ်ရင် ခြေလျင် မိမိအဖွဲ့နဲ့အတူ သွားရမှာပါ။ အဖွဲ့ကတော့ AI နဲ့ လာမယ့် ကွန်ပျူတာစနစ်ကနေ လိုက်ကစားပေးမယ့် အဖွဲ့ပါ။ ဒီအဖွဲ့ကို ဦးဆောင်ပြီး တိုက်ခိုက်မှုတွေ၊ ရွက်လွှင့်မှုတွေ လုပ်ရမှာပါ။ ရေလမ်းမှာ သင်္ဘောချင်း တိုက်ခိုက်ရမှုတွေ၊ ရေသတ္တဝါ ဆန်းတွေနဲ့ တိုက်ခိုက်ရမှုတွေလည်း ပါမယ်။

ကုန်းလမ်းမှာလည်း ဘီလူးတွေနဲ့ တိုက်ခိုက်ရမယ်၊ ပဟေဠိတွေလည်း ပါတယ်။ လမ်းတွေ၊ တံခါးတွေကိုဖွက်ပြီး ပိတ်ထားတာတွေ ပါမယ်။ ဒါတွေကို အချိန်မီ အောင်မြင်အောင် ဖွင့်ရမယ်၊ ဝင်ရမယ်၊ ဖြတ်သန်းသွားရမယ်ပေါ့။ ပြီးတော့ ပထမဂိမ်းမှာ သင်္ဘောက ဝယ်ရတာ ဖြစ်ပေမယ့် အခုဂိမ်းမှာတော့ ဝယ်လို့လည်းရတယ်၊ ဒါမှမဟုတ် မိမိသင်္ဘောက အားနည်းချက် ရှိနေရင်၊ သဘောမကျရင် ရန်သူ့သင်္ဘောကို ခိုးယူအသုံးပြုလို့ရတဲ့ အချက်တစ်ခုပါလာပါတယ်။ အဆင့် ၁ ဆင့်မှာ အဆင့်ခွဲ ၃ ခုပါတယ်။ ဒီအဆင့်ခွဲတွေ အောင်မြင်ပြီးမှ တစ်ဆင့်အောင်မယ်၊ ဒီလိုနဲ့ ဂိမ်းထဲက အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးရင်တော့ နောက်ဆုံး God ကို ရှာဖွေ ရင်ဆိုင်ပြီး ချန်ပီယံ ဖြစ်ကြောင်း သက်သေပြရပါလိမ့်မယ်။

ဂိ်မ်းက ရုပ်ထွက်ကောင်းမွန် မှု၊ ဖန်တီးမှု အားကောင်းခြင်းတွေက လူကြိုက်များနေစေပါ တယ်။ အထူးသဖြင့် ပထမအကြိမ် မိတ်ဆက်ချိန်မှာတောင် ၂၃ နာရီအတွင်း အမြတ်အစွန်းရရှိ အောင်မြင့်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဇာတ်ကြောင်း ခိုင်မာမှု အားနည်းပေမယ့် ကစားရမှုအပိုင်းမှာတော့ ဆွဲဆောင်မှုကောင်းတာ အမှန်ပါ။ AI စနစ်နဲ့ ဖန်တီးထားပြီး မိမိကို လိုက်ကူမယ့် အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်က မိမိရဲ့ညွှန်ကြား တိုက်ခိုက်စေမှုအပေါ်မှာ မူတည်ပါလိ်မ့်မယ်။ မိမိရဲ့ ဦးဆောင်မှုမှန်ရင် အနိုင်ရမယ်၊ မဟုတ်ရင် ရှုံးနိမ့်ပါလိမ့်မယ်။ ဒီလိုပဲ ပဟေဠိတွေ ဖြေရှင်းမှုမှာလည်း မိမိရဲ့ တွေးတောမှုကပဲ အဓိကပါ။ ဦးဆောင်နိုင်မှု ဆိုင်ရာ ဂိမ်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေ ပါဝင်ပေမယ့် မိမိက Hero တစ်ယောက်လို အစွမ်းပြ တိုက်ခိုက်စရာ သိပ်မလိုဘဲ ဦးဆောင်မှုပေးရမယ့် ဂိမ်းဖြစ်လို့ ခေါင်းဆောင် ကောင်းကောင်း ဖြစ်ချင်သူတွေအတွက် စိန်ခေါ်မှု ကောင်းကောင်းပေးမယ့် ဂိမ်းသစ်ပါပဲဗျာ။

-သက်နိုင်ဦး (UCSL)