PhotoFlim Strip ကို Ubuntu OS တွင် ထည့်သွင်းခြင်း

PhotoFlim Strip ဆိုတာကတော့ Ubuntu OS မှာ ဗီဒီယိုတွေကို အဆင့် ၃ ဆင့်နဲ့တင် ဖန်တီးပြုလုပ်နိုင်မယ့်  ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ဓာတ်ပုံတွေကို စုစည်းပြီး ဗီဒီယိုဖိုင်အဖြစ် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Full HD အရည်အသွေးရှိတဲ့ ဗီဒီယို ဖိုင်တွေကို ဖန်တီးပြုလုပ် ပေးနိုင်မယ့် ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။

PhotoFlim Strip ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။  ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

PhotoFlim Strip  ကို Ubuntu OS 16.04 မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြထားတဲ့ Command ကို Terminal ထည့်သွင်းပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ –

sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb apps” >> /etc/apt/sources.list.d/getdeb.list’
wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –
sudo apt-get update
sudo apt-get install photofil mstrip

ဆိုတဲ့ command ကို အသုံးပြုရမှာဖြစ်ပြီး 16.10 မှာဆိုရင်

sudo sh -c ‘echo “deb http://archive.getdeb.net/ubuntu yakkety-getdeb apps” >> /etc/apt/sources.list.d/getdeb.list’
wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add –
sudo apt-get update
sudo apt-get install photofilmstrip

ဆိုတဲ့ command နဲ့ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြန်ဖြုတ်ချင်တယ်ဆိုရင်

sudo apt-get remove photo filmstrip
sudo apt-get autoremove

ဆိုတဲ့ command နဲ့ remove ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

-သီဟ