November 18, 2017

Oway Ride မှတစ်ဆင့် လေကြောင်းနှင့် ကားလက်မှတ် မှာယူနိုင်ပြီဟု သိရ

Oway Ride မှတစ်ဆင့် လေကြောင်းနဲ့ကားလိုင်းလက်မှတ်တွေမှာယူနိုင်ပြီလို့သိရပါတယ်။

ဒေသတွင်းနဲ့ပြည်ပခရီးစဉ်တွေကို သွားရောက်လည်ပတ်ဖို့ လေကြောင်းလိုင်းတွေ၊ ဘက်စ်ကားနဲ့ဟိုတယ်တွေကို အက်ပလီကေးရှင်းကနေ တစ်ဆင့် ကြိုတင်မှာယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Oway Ride Application မှာ လုပ်ဆောင်ချက်အသစ် သုံးခုကို ထည့်သွင်းလိုက်ပြီး Oway Travel, ခရီးသည် တွေရဲ့လုံခြုံစိတ်မှုအတွက် အဆင့်မြှင့်တင်ထားခြင်း၊ လုပ်ငန်းသုံးတွေအတွက် ကားစီမံခန့်ခွဲမှု စတာတွေပဲဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ အက်ပလီကေးရှင်းကို Play store မှာရယူနိုင်ပါတယ်။