June 24, 2018

OPPO F7 Youth

Price : 319,000

အားသာခ်က္

CPU ျမင့္မားေကာင္းမြန္တဲ့အတြက္ ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ေတြေခ်ာ ေမြ႕ေကာင္းမြန္ျခင္း၊ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏျမင့္မားျခင္းေၾကာင့္ အခ်ိန္ၾကာျမင့္စြာ ဖုန္းကိုအသံုးျပဳႏိုင္ျခင္းေတြက ဒီဖုန္းရဲ႕ေကာင္းမြန္တဲ့ အခ်က္ေတြလို႔ ဆိုႏိုင္ပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့အျပင္ ေရွ႕ကင္မရာမွာလည္း တိက်ေကာင္းမြန္တဲ့ AI စနစ္အေထာက္အပံ့ ပါဝင္တဲ့ အခ်က္နဲ႔ Sim Card ႏွစ္ကတ္နဲ႔ SD Card ကို တစ္ၿပိဳင္တည္း ထည့္ၿပီးသံုးႏိုင္တဲ့ အခ်က္ေတြကလည္း ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။

အားနည္းခ်က္

Fingerprint Sensor မပါဝင္တဲ့အခ်က္က ဒီဖုန္းအတြက္ သိသာတဲ့ အခ်က္တစ္ခုလို ျဖစ္ေနေစပါတယ္။ Infrared စနစ္ပါဝင္တာ မေတြ႕ရသလို Berometer နဲ႔ Temperature လို Sensor ေတြလည္း ပါဝင္တာမေတြ႕ရပါဘူး။

ဒီဇိုင္း

မ်က္ႏွာျပင္အျပည့္ ပံုစံဒီဇိုင္းမ်ိဳးျဖစ္ေပမယ့္ F7 လိုမ်ိဳး မ်က္ႏွာျပင္ အေပၚထိပ္မွာ Notch ေတာ့မပါပါဘူး။ ေသသပ္က်စ္လ်စ္တဲ့ ပံုစံဒီဇိုင္းမ်ိဳးျဖစ္ၿပီး ကိုင္တြယ္အသံုးျပဳခ်ိန္မွာလည္း ေကာင္းမြန္ပါတယ္။ ေရွ႕မ်က္ႏွာျပင္ အျပည့္ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာ ခလုတ္ေတြတစ္ခုမွမ ပါဝင္တာေၾကာင့္ Home, Back, Recent ေတြကို Touch စနစ္နဲ႔ပဲ အသံုးျပဳရမွာပါ။ ဖုန္းကိုယ္ထည္ကိုေတာ့ သတၱဳနဲ႔ ပလတ္စတစ္ ေရာစပ္ထားတဲ့ပံုစံမ်ိဳး ျပဳလုပ္ထားတာပါ။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၀ လက္မရွိတဲ့ LTPS IPS LCD Screen ကိုအသံုးျပဳထားၿပီး 1080 x 2160 pixels ရွိတဲ့ Full HD+Screen အမ်ိဳးအစားပါ။

နည္းပညာ

OPPO ရဲ႕ Color OS ဗားရွင္းအသစ္ကို အသံုးျပဳရမွာျဖစ္တဲ့အတြက္ Color OS 5.0 ရဲ႕ နည္းပညာေတြကို ထိေတြ႕အသံုးျပဳႏိုင္မွာပါ။ ေရွ႕ကင္မရာမွာ AI Beauty Technology ပါဝင္လာၿပီး ဒီဖုန္းမွာပါဝင္လာတဲ့ AI စနစ္ဟာ အရင္က F5 ဖုန္းမွာသံုးခဲ့တဲ့ AI စနစ္ေတြထပ္ပိုၿပီး ေကာင္းမြန္ပါတယ္။ ဂိမ္းကစားေနတဲ့ အခ်ိန္မွာ ဖုန္းဝင္လာျခင္းနဲ႔ Notification ေတြေပၚလာျခင္းအတြက္ ဂိမ္းကစားတာကို အေႏွာက္အယွက္ မျဖစ္ေစတဲ့ စနစ္ေတြလည္း ပါဝင္လာတဲ့အျပင္ ဂိမ္းကစားလ်က္နဲ႔ပဲ ဖုန္းကိုလက္ခံၿပီး စကားေျပာႏိုင္တဲ့ စနစ္ပါဝင္လာပါတယ္။

သံုးသပ္ခ်က္

OPPO ရဲ႕ F7 Youth ဟာ F7 ထက္စာရင္ေတာ့ ေရွ႕ကင္မရာရဲ႕ Megapixels ပိုင္းမွာ အားနည္းတာကိုေတြ႕ရမွာပါ။ ဒါ့အျပင္ Fingerprint မပါတဲ့ အခ်က္တစ္ခ်က္ကလည္း ရွိေနပါေသးတယ္။ ဒါေပမဲ့ F7 Youth မွာသံုးထားတဲ့ CPU ဟာ F7 မွာသံုးထားတဲ့ CPU နဲ႔ တူေနတဲ့အ ျပင္ Graphic GPU နဲ႔ Memory ပိုင္း၊ RAM ပိုင္းေတြကလည္း F7 နဲ႔ တူတူပဲျဖစ္ေနတဲ့အတြက္ F7 Youth ဟာ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္ျမန္ဆန္ မႈနဲ႔ Performance ပိုင္းကို အဓိက ဦးစားေပးထားတဲ့ ဖုန္းလို႔သတ္မွတ္ လို႔ ရပါတယ္။ CPU နဲ႔ RAM ျမင့္မားျခင္းအျပင္ ဖုန္းမွာသံုးထားတဲ့ ဘက္ထရီကလည္း ပါဝါသိုေလွာင္မႈပမာဏ ေကာင္းမြန္တာေတြ႕ရပါတယ္။ Screen ပိုင္းမွာ ဆိုရင္လည္း F7 က Notch ပါဝင္တဲ့ ဒီဇိုင္းမ်ိဳးျဖစ္ၿပီး F7 Youth ကေတာ့ ပံုမွန္ မ်က္ႏွာျပင္ က်ယ္ဝန္းတဲ့ ပံုစံမ်ိဳးလုပ္ထားတဲ့ ဒီဇိုင္းမ်ိဳးရွိေနပါတယ္။ ေစ်းႏႈန္းအရလည္း F7 နဲ႔ ေတာ္ေတာ္ေလးကြာေနတဲ့အတြက္ Selfie သိပ္မ႐ိုက္ဘူး၊ Screen မွာ Notch ပါဖို႔မလိုဘူး၊ Fingerprint မပါတာလည္းကိစၥမရွိဘူး ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ Performance ပိုင္းကိုပဲ အဓိက ဦးစားေပးေရြးခ်ယ္ မယ္ဆိုရင္ေတာ့ F7 Youth ကိုေရြးခ်ယ္လို႔ရပါတယ္။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1
CPU – Octa-core (4×2.0 GHz & 4×2.0 GHz )
GPU – Mali-G72 MP3
Memory – Internal 64GB, 4GB RAM , Micro SD 256GB
Camera – 13 MP (f/2.2), phase detection autofocus,LED flash,Geo-tagging,touch focus,face detection, HDR, Video, Secondary 8 MP (f/2.2)
Wi-Fi – 802.11 b/g/n, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3410 mAh Battery

သူတို႔အျမင္

ဦးေထြးကို (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းအရ ၾကည့္မယ္ဆိုရင္ေတာ့ F7 ထပ္ပိုၿပီး သက္သာတဲ့ အတြက္ ေရြးခ်ယ္ခ်င္စရာပါပဲ။ ဒီဖုန္းမွာ ေနာက္ထပ္ေကာင္းတဲ့ အခ်က္ကေတာ့ F7 မွာသံုးထားတဲ့ CPU, GPU ေတြနဲ႔ တူတူပဲျဖစ္ေနတဲ့အတြက္ Memory နဲ႔ RAM ကလည္း F7 နဲ႔ တူတူပဲျဖစ္တဲ့အတြက္ ဖုန္းက Performance ပိုင္းမွာေတာ့ F7 နဲ႔ တူတူပါပဲ။ သံုးရတာ ေတာ္ေတာ္ေလး ေပါ့ေပါ့ပါးပါးနဲ႔ သြက္သြက္လက္လက္ရွိပါတယ္။ ကင္မရာပိုင္းမွာ Megapixel ေတြ နည္းသြားတာရွိေပမယ့္ ေနာက္ဘက္ကင္မရာက ေကာင္းပါတယ္။ ေစ်းကလည္းကြာတဲ့အတြက္ ကင္မရာ ေလွ်ာ့သြားတာ လက္ခံခ်င္စရာေကာင္းေပမယ့္ Fingerprint မပါတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ေလး သိသာသြားေစတယ္လို႔ ျမင္မိတယ္။

ကိုတင္ကိုကိုဝင္း (စမ္းသပ္အသံုးျပဳသူ)

Fingerprint သာ ပါမယ္ဆိုရင္ေတာ့ F7 ကိုမေရြးဘူး။ F7 Youth ကိုပဲ ေရြးမယ္လို႔ကိုေျပာလို႔ ရပါတယ္။ အျခားက်န္တဲ့အခ်က္ေတြမွာ ဒီဖုန္းက သိပ္ေျပာစရာမရွိဘူး။ ေရွ႕ကင္မရာက F7 ထက္ Megapixels နည္းသြားတယ္လို႔ ဆိုေပမယ့္လည္း Selfie ထပ္စာရင္ ေနာက္ဘက္ကင္မရာကို ပိုေရြးခ်ယ္ၾကမယ့္ သူေတြအတြက္ေတာ့ ဒီဖုန္းက ေနာက္ဘက္ကင္မရာလည္း မဆိုးဘူးလို႔ ေျပာခ်င္ပါတယ္။ Memory ေတြ၊ RAM ေတြနဲ႔ CPU, GPU ပိုင္းေတြကေတာ့ ေတာ္ေတာ္ေလးေကာင္းတာ ေတြ႕ရတယ္။ ဘက္ထရီကလည္း ေတာ္ေတာ္ေလး အသံုးခံပါတယ္။

မယမင္းလိႈင္(စမ္းသပ္အသံုးျပဳသူ)

F7 ကိုပဲ ပိုႀကိဳက္တယ္။ F7 Youth က F7 ထက္ ေစ်းသက္သာတာေတာ့ မွန္ပါတယ္။ CPU, GPU နဲ႔ Memory ပိုင္းေတြ၊ ဖုန္းရဲ႕ Performance ပိုင္းေတြက F7 နဲ႔ တူေနတယ္လို႔ ဆုိေပမယ့္လည္း အခ်ိဳ႕ေနရာေတြမွာ ေတာ္ေတာ္ေလးကြာပါတယ္။ ကင္မရာမွာ ဆိုရင္လည္း ေရွ႕ကင္မရာက ေတာ္ေတာ္ေလး ကြာသြားတယ္။ ၿပီးေတာ့ ဒီဇိုင္းပိုင္းမွာဆိုရင္လည္း Notch ပါတယ္၊ မပါဘူးဆိုတာထက္ ဒီဇိုင္းႏွစ္ခု ယွဥ္ၾကည့္လိုက္ရင္ F7 ကပိုၿပီးေကာင္းတာ ေတြ႕ရတယ္။ Fingerprint မပါတဲ့ အခ်က္ကိုေတာ့ လံုးဝကို သေဘာမက်ဘူး။ ကင္မရာ နည္းသြားတာ သိပ္မသိသာေပမယ့္ Fingerprint မပါတာကေတာ့ သိသာတဲ႔ ေလွ်ာ့ခ်မႈ တစ္ခုလို႔ ျမင္မိတယ္။ အျခားက်န္တဲ့ စနစ္ေတြကေတာ့ F7 Youth က ေတာ္တာ္ေလးျပည့္စံုပါတယ္။

 

 

 

 

ကိုသက္

Price : 319,000

အားသာချက်

CPU မြင့်မားကောင်းမွန်တဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက်တွေချော မွေ့ကောင်းမွန်ခြင်း၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏမြင့်မားခြင်းကြောင့် အချိန်ကြာမြင့်စွာ ဖုန်းကိုအသုံးပြုနိုင်ခြင်းတွေက ဒီဖုန်းရဲ့ကောင်းမွန်တဲ့ အချက်တွေလို့ ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့အပြင် ရှေ့ကင်မရာမှာလည်း တိကျကောင်းမွန်တဲ့ AI စနစ်အထောက်အပံ့ ပါဝင်တဲ့ အချက်နဲ့ Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း ထည့်ပြီးသုံးနိုင်တဲ့ အချက်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်

Fingerprint Sensor မပါဝင်တဲ့အချက်က ဒီဖုန်းအတွက် သိသာတဲ့ အချက်တစ်ခုလို ဖြစ်နေစေပါတယ်။ Infrared စနစ်ပါဝင်တာ မတွေ့ရသလို Berometer နဲ့ Temperature လို Sensor တွေလည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

မျက်နှာပြင်အပြည့် ပုံစံဒီဇိုင်းမျိုးဖြစ်ပေမယ့် F7 လိုမျိုး မျက်နှာပြင် အပေါ်ထိပ်မှာ Notch တော့မပါပါဘူး။ သေသပ်ကျစ်လျစ်တဲ့ ပုံစံဒီဇိုင်းမျိုးဖြစ်ပြီး ကိုင်တွယ်အသုံးပြုချိန်မှာလည်း ကောင်းမွန်ပါတယ်။ ရှေ့မျက်နှာပြင် အပြည့်ဖြစ်တဲ့အတွက် မျက်နှာပြင်ပေါ်မှာ ခလုတ်တွေတစ်ခုမှမ ပါဝင်တာကြောင့် Home, Back, Recent တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ဖုန်းကိုယ်ထည်ကိုတော့ သတ္တုနဲ့ ပလတ်စတစ် ရောစပ်ထားတဲ့ပုံစံမျိုး ပြုလုပ်ထားတာပါ။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၀ လက်မရှိတဲ့ LTPS IPS LCD Screen ကိုအသုံးပြုထားပြီး 1080 x 2160 pixels ရှိတဲ့ Full HD+Screen အမျိုးအစားပါ။

နည်းပညာ

OPPO ရဲ့ Color OS ဗားရှင်းအသစ်ကို အသုံးပြုရမှာဖြစ်တဲ့အတွက် Color OS 5.0 ရဲ့ နည်းပညာတွေကို ထိတွေ့အသုံးပြုနိုင်မှာပါ။ ရှေ့ကင်မရာမှာ AI Beauty Technology ပါဝင်လာပြီး ဒီဖုန်းမှာပါဝင်လာတဲ့ AI စနစ်ဟာ အရင်က F5 ဖုန်းမှာသုံးခဲ့တဲ့ AI စနစ်တွေထပ်ပိုပြီး ကောင်းမွန်ပါတယ်။ ဂိမ်းကစားနေတဲ့ အချိန်မှာ ဖုန်းဝင်လာခြင်းနဲ့ Notification တွေပေါ်လာခြင်းအတွက် ဂိမ်းကစားတာကို အနှောက်အယှက် မဖြစ်စေတဲ့ စနစ်တွေလည်း ပါဝင်လာတဲ့အပြင် ဂိမ်းကစားလျက်နဲ့ပဲ ဖုန်းကိုလက်ခံပြီး စကားပြောနိုင်တဲ့ စနစ်ပါဝင်လာပါတယ်။

သုံးသပ်ချက်

OPPO ရဲ့ F7 Youth ဟာ F7 ထက်စာရင်တော့ ရှေ့ကင်မရာရဲ့ Megapixels ပိုင်းမှာ အားနည်းတာကိုတွေ့ရမှာပါ။ ဒါ့အပြင် Fingerprint မပါတဲ့ အချက်တစ်ချက်ကလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ F7 Youth မှာသုံးထားတဲ့ CPU ဟာ F7 မှာသုံးထားတဲ့ CPU နဲ့ တူနေတဲ့အ ပြင် Graphic GPU နဲ့ Memory ပိုင်း၊ RAM ပိုင်းတွေကလည်း F7 နဲ့ တူတူပဲဖြစ်နေတဲ့အတွက် F7 Youth ဟာ ဖုန်းရဲ့ လုပ်ဆောင်ချက်မြန်ဆန် မှုနဲ့ Performance ပိုင်းကို အဓိက ဦးစားပေးထားတဲ့ ဖုန်းလို့သတ်မှတ် လို့ ရပါတယ်။ CPU နဲ့ RAM မြင့်မားခြင်းအပြင် ဖုန်းမှာသုံးထားတဲ့ ဘက်ထရီကလည်း ပါဝါသိုလှောင်မှုပမာဏ ကောင်းမွန်တာတွေ့ရပါတယ်။ Screen ပိုင်းမှာ ဆိုရင်လည်း F7 က Notch ပါဝင်တဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး F7 Youth ကတော့ ပုံမှန် မျက်နှာပြင် ကျယ်ဝန်းတဲ့ ပုံစံမျိုးလုပ်ထားတဲ့ ဒီဇိုင်းမျိုးရှိနေပါတယ်။ စျေးနှုန်းအရလည်း F7 နဲ့ တော်တော်လေးကွာနေတဲ့အတွက် Selfie သိပ်မရိုက်ဘူး၊ Screen မှာ Notch ပါဖို့မလိုဘူး၊ Fingerprint မပါတာလည်းကိစ္စမရှိဘူး ဖုန်းရဲ့လုပ်ဆောင်ချက် Performance ပိုင်းကိုပဲ အဓိက ဦးစားပေးရွေးချယ် မယ်ဆိုရင်တော့ F7 Youth ကိုရွေးချယ်လို့ရပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Nano Sim Dual Standby)
OS – Android 8.1
CPU – Octa-core (4×2.0 GHz & 4×2.0 GHz )
GPU – Mali-G72 MP3
Memory – Internal 64GB, 4GB RAM , Micro SD 256GB
Camera – 13 MP (f/2.2), phase detection autofocus,LED flash,Geo-tagging,touch focus,face detection, HDR, Video, Secondary 8 MP (f/2.2)
Wi-Fi – 802.11 b/g/n, WiFi Direct, hotspot
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3410 mAh Battery

သူတို့အမြင်

ဦးထွေးကို (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ F7 ထပ်ပိုပြီး သက်သာတဲ့ အတွက် ရွေးချယ်ချင်စရာပါပဲ။ ဒီဖုန်းမှာ နောက်ထပ်ကောင်းတဲ့ အချက်ကတော့ F7 မှာသုံးထားတဲ့ CPU, GPU တွေနဲ့ တူတူပဲဖြစ်နေတဲ့အတွက် Memory နဲ့ RAM ကလည်း F7 နဲ့ တူတူပဲဖြစ်တဲ့အတွက် ဖုန်းက Performance ပိုင်းမှာတော့ F7 နဲ့ တူတူပါပဲ။ သုံးရတာ တော်တော်လေး ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်ရှိပါတယ်။ ကင်မရာပိုင်းမှာ Megapixel တွေ နည်းသွားတာရှိပေမယ့် နောက်ဘက်ကင်မရာက ကောင်းပါတယ်။ စျေးကလည်းကွာတဲ့အတွက် ကင်မရာ လျှော့သွားတာ လက်ခံချင်စရာကောင်းပေမယ့် Fingerprint မပါတဲ့ အချက်ကတော့ တော်တော်လေး သိသာသွားစေတယ်လို့ မြင်မိတယ်။

ကိုတင်ကိုကိုဝင်း (စမ်းသပ်အသုံးပြုသူ)

Fingerprint သာ ပါမယ်ဆိုရင်တော့ F7 ကိုမရွေးဘူး။ F7 Youth ကိုပဲ ရွေးမယ်လို့ကိုပြောလို့ ရပါတယ်။ အခြားကျန်တဲ့အချက်တွေမှာ ဒီဖုန်းက သိပ်ပြောစရာမရှိဘူး။ ရှေ့ကင်မရာက F7 ထက် Megapixels နည်းသွားတယ်လို့ ဆိုပေမယ့်လည်း Selfie ထပ်စာရင် နောက်ဘက်ကင်မရာကို ပိုရွေးချယ်ကြမယ့် သူတွေအတွက်တော့ ဒီဖုန်းက နောက်ဘက်ကင်မရာလည်း မဆိုးဘူးလို့ ပြောချင်ပါတယ်။ Memory တွေ၊ RAM တွေနဲ့ CPU, GPU ပိုင်းတွေကတော့ တော်တော်လေးကောင်းတာ တွေ့ရတယ်။ ဘက်ထရီကလည်း တော်တော်လေး အသုံးခံပါတယ်။

မယမင်းလှိုင်(စမ်းသပ်အသုံးပြုသူ)

F7 ကိုပဲ ပိုကြိုက်တယ်။ F7 Youth က F7 ထက် စျေးသက်သာတာတော့ မှန်ပါတယ်။ CPU, GPU နဲ့ Memory ပိုင်းတွေ၊ ဖုန်းရဲ့ Performance ပိုင်းတွေက F7 နဲ့ တူနေတယ်လို့ ဆိုပေမယ့်လည်း အချို့နေရာတွေမှာ တော်တော်လေးကွာပါတယ်။ ကင်မရာမှာ ဆိုရင်လည်း ရှေ့ကင်မရာက တော်တော်လေး ကွာသွားတယ်။ ပြီးတော့ ဒီဇိုင်းပိုင်းမှာဆိုရင်လည်း Notch ပါတယ်၊ မပါဘူးဆိုတာထက် ဒီဇိုင်းနှစ်ခု ယှဉ်ကြည့်လိုက်ရင် F7 ကပိုပြီးကောင်းတာ တွေ့ရတယ်။ Fingerprint မပါတဲ့ အချက်ကိုတော့ လုံးဝကို သဘောမကျဘူး။ ကင်မရာ နည်းသွားတာ သိပ်မသိသာပေမယ့် Fingerprint မပါတာကတော့ သိသာတဲ့ လျှော့ချမှု တစ်ခုလို့ မြင်မိတယ်။ အခြားကျန်တဲ့ စနစ်တွေကတော့ F7 Youth က တော်တာ်လေးပြည့်စုံပါတယ်။

 

 

 

 

ကိုသက်