July 20, 2018

OPPO F5 Youth ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၃ ရက်ထိ ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူနိုင်မည်

OPPO မှ ပြည်တွင်းမှာ အသစ်စတင် မိတ်ဆက်လိုက်တဲ့ F5 Youth မော်ဒယ်စမတ်ဖုန်းကို (Pre-order) ကြိုတင်မှာယူစနစ်နဲ့ နိုဝင်ဘာလ ၁၆ ရက်မှ ၂၃ ရက် အထိ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ ကြိုတင်စာရင်းပေးသွင်း မှာယူမယ်ဆိုရင်တော့ နီးစပ်ရာ OPPO စမတ်ဖုန်း အရောင်းဆိုင်တွေမှာ ငွေကျပ်သုံးသောင်းပေးသွင်းကာ မှာယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူတွေအနေနဲ့ စမတ်ဖုန်းကို နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ယူနိုင်မှာဖြစ်ပြီး OPPO အမှတ်တံဆိပ်ပါ အိတ်လက်ဆောင် ရရှိမှာဖြစ်ပါတယ်။

OPPO F5 Youth စမတ်ဖုန်းမှာ ၆ လက်မအရွယ်အစား FHD+ panel ကို အသုံးပြုထားပြီး အမြန်နှုန်း 2.5GHz ရှိတဲ့ Octa-core CPU, 3GB RAM နဲ့ 32GB Internal Memory တွေပါဝင်တဲ့အပြင် MicroSD ကနေလည်း ထပ်မံတိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 16MP ရှေ့ဘက်ကင်မရာနဲ့ 13MP ကျောဘက်ကင်မရာတွေပါဝင်ပြီး ဘက်ထရီကတော့ 3200mAh ဖြစ်ပါတယ်။ ရွှေ၊ အနက် အရောင်နှစ်မျိုးနဲ့ မှာယူနိုင်ပြီး တန်ဖိုး ၃၁၉,ဝဝဝ ကျပ် ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း