OPPO F3 စတင်ရောင်းချခြင်းပွဲကို Junction Square တွင်ပြုလုပ်

မေလဆန်းပိုင်းက ပြည်တွင်းဈေးကွက်ကို မိတ်ဆက်ပြသခဲ့တဲ့ OPPO F3 စမတ်ဖုန်း စတင်ရောင်းချခြင်း အခမ်းအနားကို မေလ ၁၃ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ Junction Square ရှော့ပင်းစင်တာမှာ နေ့လည် ၂ နာရီကနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို ပြည်တွင်းက အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး ဖျော်ဖြေရေးနဲ့ ဂိမ်းကစားပွဲတွေကိုလည်း ထည့်သွင်းပြုလုပ် ခဲ့ပါတယ်။ ဒါ့အပြင် မေ ၅ ရက်ကနေ ၁၂ ရက်အတွင်း F3 ကို ကြိုတင်မှာယူစနစ်နဲ့ ဝယ်ယူခဲ့ကြသူတွေကိုလည်း မှာယူထားတဲ့ဖုန်းနဲ့ မေတ္တာလက်ဆောင်တွေ ပေးခဲ့ပါတယ်။