OPPO F1s 2017

OPPO ကနေပြီး ၂၀၁၇ အတွက် အသစ်ထွက်လာမယ့်ဖုန်း ဖြစ်ပါတယ်။ ပထမရှေ့ကထွက်ခဲ့ တဲ့ F1s နဲ့ သိသိသာသာကွာခြားချက်မျိုး သိပ်မရှိပေမယ့် ရှေ့ကထွက်ခဲ့တဲ့ F1s ရဲ့ အချို့ အစိတ်အပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီး ဗားရှင်းအသစ်အနေနဲ့ ထွက်လာတဲ့ပုံစံမျိုး ရှိပါတယ်။

Memory

ထူးခြားတဲ့ ကွာခြားချက်အနေနဲ့ကတော့ ဖုန်းရဲ့ မှတ်ဉာဏ်ပိုင်းမှာ နဂို F1s တုန်းက Internal Memory 32GB, RAM 3GB နဲ့ ထွက်ခဲ့ပေမယ့် ခုအသစ်ထွက်လာမယ့် F1s 2017 ကတော့ Internal Memory 64GB, RAM 4GB နဲ့ ထွက်လာမယ်လို့ OPPO မြန်မာက ဆိုပါတယ်။ 1.5GHz Octa-core processor ကို RAM 4GB နဲ့ တွဲဖက် ထောက်ကူလုပ်ဆောင်ပေးမှုက ဂိမ်းအကြီးတွေကိုလည်း ပိုမိုညက်ညောပြေပြစ်အောင် လုပ်ဆောင်ပေးနိုင်စေမယ်လို့ ဆိုပါတယ်။ Internal storage မှာ 64GB ဖြစ်လာတဲ့အတွက် Selfie ဓာတ်ပုံတွေရိုက်တဲ့အခါမှာ အရင် F1S ထက် နောက်ထပ်ပုံ ၁၀,၀၀၀ ကျော်ပိုရိုက်နိုင်မှာပါ။ Micro SD Card 256GB အထိ ထပ်တိုး အသုံးပြုနိုင်ပါသေးတယ်။

Card Slot

Nano Sim Card နှစ်ကတ်နဲ့ SD Card ကို တစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ triple-slot ပုံစံမျိုး ဖြစ်ပြီး 4G ကွန်ရက်အထိ အသုံးပြုနိုင်ပါတယ်။

Camera


ကင်မရာနဲ့ တွဲဖက်အသုံးပြုတဲ့ ဓာတ်ပုံဆော့ဖ်ဝဲပိုင်းကို အဆင့်မြှင့်တင်ပေးထားတဲ့အတွက် ရှေ့ကထွက်ခဲ့တဲ့ F1s ထက် ဓာတ်ပုံပိုင်းမှာ ပိုပြီးကောင်းမွန်လာနိုင်မယ်လို့ ဆိုပါတယ်။ နောက်ဘက်ကင်မရာတော့ 13 Megapixels ကင်မရာပါ။ အဆင့်မြှင့်တင်ပေးထားတဲ့ F1s 2017 version မှာ F1s ရဲ့ အဆင့်မြင့် ရှေ့ကင်မရာဖြစ်တဲ့ 16MP အမျိုးအစားကင်မရာကို ပြန်လည်အသုံးပြုပေးထားတဲ့ အတွက် ကြည်လင်ပြတ်သားတဲ့ အနုစိပ် အသေးစိတ်ပုံရိပ် တွေကို ရရှိစေနိုင်မယ့်အပြင် အရောင်နဲ့ ရုပ်ထွက်အရည်အသွေးကိုလည်း ကောင်းမွန်စေမှာပါ။

Screen


720 X 1280 Pixels Resolution ရှိတဲ့ ၅.၅ လက်မအရွယ်အစား IPS LCD 2.5D curved Screen ကို အသုံးပြုထားပါတယ်။

Performance


Android OS 5.1, Mediatek Chipset, Mali-T860MP2 GPU တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားမှာပါ။ ကိုယ်ထည်ကလည်း သတ္တုကိုယ်ထည်နဲ့ပဲ တည်ဆောက်ထားတာပါ။ တုံ့ပြန်မှု မြန်ဆန်တဲ့ Fingerprint Sensor စနစ်၊ ပါဝါသိုလှောင်နိုင်မှု ကောင်းမွန်တဲ့ Li-Po 3075 mAh ဘက်ထရီ စနစ်တွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရအုံးမှာပါ။

-ကိုသက်