June 24, 2018

OPPO A37 ၏ Upgrade Version ျဖစ္ေသာ OPPO A71k စမတ္ဖုန္းကို ေစ်းကြက္တြင္ ဝယ္ယူႏုိင္ၿပီ

[Zawgyi]

မိုဘိုင္းေစ်းကြက္ထဲတြင္ လူႀကိဳက္မ်ားမႈျမင့္တက္ခဲ့သည့္ OPPO A37 အမ်ဳိးအစားဖုန္း၏ ေနာက္ထပ္အဆင့္ျမွင့္ Model ျဖစ္ေသာ OPPO A71k စမတ္ဖုန္းကို OPPO Myanmar ကတင္သြင္းေရာင္းခ်ေပးလိုက္ၿပီးျဖစ္ရာ ယခုေမလ(၁) ရက္ေန႔စတင္ကာ ျမန္မာတစ္ႏုိင္ငံလံုးရွိ OPPO Showroom ႏွင့္ OPPO အေရာင္းေကာင္တာမ်ားတြင္ ၁၇၉,ဝဝဝ က်ပ္ျဖင့္ဝယ္ယူႏုိင္ၿပီျဖစ္သည္။

အေရာင္ေရြးခ်ယ္မႈအျဖစ္ ယခင္က ယခုကဲ့သို႔ entry-level စမတ္ဖုန္းအမ်ဳိးအစားမ်ားထဲတြင္ တစ္ခါမွမတင္သြင္းဖူးခဲ့သည့္ အျပာေရာင္ႏွင့္အတူ ပံုမွန္ဝယ္ယူႏုိင္မည့္ ေရႊေရာင္ ၂မ်ဳိးကို စိတ္တိုင္းက်ေရြးခ်ယ္ႏုိင္ေစမည္ျဖစ္သည္။
OPPO A71k စမတ္ဖုန္းဝယ္ယူသူမ်ားအေနျဖင့္ Portable Speaker တစ္စံုကိုလက္ေဆာင္အျဖစ္ရရွိမည္ျဖစ္သလို Telenor ၏ Data Package ကိုလည္း လစဥ္လတိုင္း ဖုန္းေဘလ္ ၅ဝဝဝ က်ပ္ထည့္သြင္း႐ံုျဖင့္ 1GB ပမာဏကို ၆လဆက္တိုက္ စုစုေပါင္း 6GB အထိရရွိိေစဦးမည္ျဖစ္သည္။ 


OPPO A71k ဖုန္းမွာ HD ႐ုပ္ထြက္အရည္အေသြးေထာက္ပံ့ေပးထားသည့္ 5.2 inch မ်က္ႏွာျပင္အရြယ္အစားကိုအသံုး ျပဳထားၿပီး ဓာတ္ပံု႐ိုက္ကူးမႈအတြက္ A.I နည္းပညာသံုး 5MP ေရွ႕ကင္မရာႏွင့္ 13MP ေနာက္ကင္မရာတို႔ကိုတပ္ဆင္ေပးထားသည္။ ဖုန္း၏လုပ္ေဆာင္မႈပိုမိုျမန္ဆန္ေစရန္ Qualcomm 450 အမ်ဳိးအစား Octa-core 1.8 GHz ျမန္ႏႈန္းရွိ CPU ကို အသံုးျပဳေပးထားကာ RAM 2GB ျဖင့္တြဲဖက္အလုပ္လုပ္ေစမည္ျဖစ္သည္။ Internal Storage 16GB ပါဝင္ၿပီး micro SD card မွတစ္ဆင့္ 256GB အထိ တိုးျမွင့္အသံုးျပဳႏုိင္ေစမည္ျဖစ္သည္။ Android OS 7.1 ေပၚတြင္အေျခခံထားသည့္ ColorOS 3.2 version ေၾကာင့္လည္း ဖုန္း၏အလုပ္လုပ္မႈအပိုင္းမ်ားႏွင့္ battery သံုးစြဲမႈအပိုင္းမ်ားကိုပါ ျမန္ဆန္သက္သာေစမည္ျဖစ္သည္။ 2G/3G/4G ကြန္ယက္စနစ္မ်ားတြင္အသံုးျပဳႏုိင္ၿပီး SIM Card ၂ခုႏွင့္ SD Card ၁ခုတို႔ကိုတစ္ၿပိဳင္တည္းအသံုးျပႏုိင္မည္ျဖစ္သည္။ ဖုန္း battery အတြက္ 3000mAh အမ်ဳိးအစားကိုထည့္သြင္းေပးထားသည္။

 

[Unicode]

မိုဘိုင်းစျေးကွက်ထဲတွင် လူကြိုက်များမှုမြင့်တက်ခဲ့သည့် OPPO A37 အမျိုးအစားဖုန်း၏ နောက်ထပ်အဆင့်မြှင့် Model ဖြစ်သော OPPO A71k စမတ်ဖုန်းကို OPPO Myanmar ကတင်သွင်းရောင်းချပေးလိုက်ပြီးဖြစ်ရာ ယခုမေလ(၁) ရက်နေ့စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ OPPO Showroom နှင့် OPPO အရောင်းကောင်တာများတွင် ၁၇၉,ဝဝဝ ကျပ်ဖြင့်ဝယ်ယူနိုင်ပြီဖြစ်သည်။

အရောင်ရွေးချယ်မှုအဖြစ် ယခင်က ယခုကဲ့သို့ entry-level စမတ်ဖုန်းအမျိုးအစားများထဲတွင် တစ်ခါမှမတင်သွင်းဖူးခဲ့သည့် အပြာရောင်နှင့်အတူ ပုံမှန်ဝယ်ယူနိုင်မည့် ရွှေရောင် ၂မျိုးကို စိတ်တိုင်းကျရွေးချယ်နိုင်စေမည်ဖြစ်သည်။
OPPO A71k စမတ်ဖုန်းဝယ်ယူသူများအနေဖြင့် Portable Speaker တစ်စုံကိုလက်ဆောင်အဖြစ်ရရှိမည်ဖြစ်သလို Telenor ၏ Data Package ကိုလည်း လစဉ်လတိုင်း ဖုန်းဘေလ် ၅ဝဝဝ ကျပ်ထည့်သွင်းရုံဖြင့် 1GB ပမာဏကို ၆လဆက်တိုက် စုစုပေါင်း 6GB အထိရရှိိစေဦးမည်ဖြစ်သည်။

OPPO A71k ဖုန်းမှာ HD ရုပ်ထွက်အရည်အသွေးထောက်ပံ့ပေးထားသည့် 5.2 inch မျက်နှာပြင်အရွယ်အစားကိုအသုံး ပြုထားပြီး ဓာတ်ပုံရိုက်ကူးမှုအတွက် A.I နည်းပညာသုံး 5MP ရှေ့ကင်မရာနှင့် 13MP နောက်ကင်မရာတို့ကိုတပ်ဆင်ပေးထားသည်။ ဖုန်း၏လုပ်ဆောင်မှုပိုမိုမြန်ဆန်စေရန် Qualcomm 450 အမျိုးအစား Octa-core 1.8 GHz မြန်နှုန်းရှိ CPU ကို အသုံးပြုပေးထားကာ RAM 2GB ဖြင့်တွဲဖက်အလုပ်လုပ်စေမည်ဖြစ်သည်။ Internal Storage 16GB ပါဝင်ပြီး micro SD card မှတစ်ဆင့် 256GB အထိ တိုးမြှင့်အသုံးပြုနိုင်စေမည်ဖြစ်သည်။ Android OS 7.1 ပေါ်တွင်အခြေခံထားသည့် ColorOS 3.2 version ကြောင့်လည်း ဖုန်း၏အလုပ်လုပ်မှုအပိုင်းများနှင့် battery သုံးစွဲမှုအပိုင်းများကိုပါ မြန်ဆန်သက်သာစေမည်ဖြစ်သည်။ 2G/3G/4G ကွန်ယက်စနစ်များတွင်အသုံးပြုနိုင်ပြီး SIM Card ၂ခုနှင့် SD Card ၁ခုတို့ကိုတစ်ပြိုင်တည်းအသုံးပြနိုင်မည်ဖြစ်သည်။ ဖုန်း battery အတွက် 3000mAh အမျိုးအစားကိုထည့်သွင်းပေးထားသည်။