October 21, 2017

OPPO ရဲ့နောက်ဆုံးထွက် မိုဘိုင်းဖုန်းသစ် A71 ကိုလေ့လာခြင်း

အားသာချက်
ဈေးနှုန်းအလယ်အလတ်စားဖုန်းဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏ ကောင်းမွန်ခြင်း၊ OPPO ရဲ့ Color OS Version အသစ်ပါဝင်လာခြင်းတွေက ဒီဖုန်းရဲ့ ကောင်းမွန်တဲ့ အချက်လို့ ပြောရမှာပါ။ ကင်မရာပိုင်းမှာလည်း Megapixles သင့်တင့် ကောင်းမွန်တဲ့ ရှေ့၊ နောက် ကင်မရာတွေကိုအသုံးပြုထားပြီး RAM ပိုင်း ကလည်း ကောင်းမွန်တာတွေ့ရပါတယ်။ Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
အားနည်းချက်
နောက်ပိုင်းထွက် စမတ်ဖုန်းတော်တော်များများမှာ Fingerprint စနစ်ပါဝင်လာတတ်ကြပေမယ့် ဒီဖုန်းမှာတော့ Fingerprint စနစ်ကိုအ သုံးပြုနိုင်မှာမဟုတ်ပါဘူး။ Sensor ပိုင်းမှာဆိုရင်လည်း ပုံမှန် Sensor တွေလောက်ကိုပဲ အသုံးပြုထားတာတွေ့ရပါတယ်။
ဒီဇိုင်း
ပုံစံဒီဇိုင်းက အနည်းငယ်ရိုးရှင်းပြီး ဖုန်းရဲ့ ထောင့်အနားလေးဖက် ဝန်းဝိုင်းတဲ့ ပုံစံမျိုးရှိပေမယ့် ကျစ်ကျစ်လျစ်လျစ်နဲ့ သေသေသပ်သပ်ရှိတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ နောက်ဘက်ကာဗာက အနည်းငယ်ကြီးပြီးရှေ့ ဘက်မြင်ကွင်းအလွှာကို နောက်ဘက်ကာဗာပေါ်မှာ စွပ်ထားသလိုပုံစံ မျိုးဖြစ်တဲ့အတွက် Screen ကဖာင်းကြွပုံစံမျိုး မြင်တွေ့ရမှာပါ။ Navigation Key တွေကို Touch စနစ်နဲ့ပဲ အသုံးပြုရမှာဖြစ်ပြီး ရှေ့ဘက်မြင် ကွင်းပေါ်မှာ Physical Button တစ်ခုမှမပါဝင်ပါဘူး။ စပီကာနဲ့ USP က ဖုန်းရဲ့အောက်ခြေဘောင်ပေါ်ဖြစ်ပြီး နားကြပ်ပေါက်ကတော့ ဖုန်းရဲ့ အပေါ်ထိပ်ဘောင်ပေါ်မှာ တပ်ဆင်ထားပါတယ်။
မြင်ကွင်း
၅.၂ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး 720 x 1280 pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားကို အသုံးပြုထားတာပါ။
နည်းပညာ
ဈေးနှုန်းအလယ်အလတ်စား ဖုန်းဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပ ညာပိုင်းတွေ ထည့်သွင်းပေးထားတာမျိုးတော့ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ OPPO ရဲ့ Color OS ဗားရှင်းအသစ်ဖြစ်တဲ့ 3.1 ကိုအသုံးပြုထား တဲ့အတွက် ထူးခြားတဲ့ အသုံးပြု စနစ်လေးတွေ ပါဝင်လာတာတော့ရှိပါ တယ်။ Notification Bar ကို ဖုန်းရဲ့အပေါ်ထိပ်ကနေ ဆွဲချပြီးခေါ်ရတာ မျိုးမဟုတ်တော့ပဲ ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ကိုပြန်ဆွဲတင်ရတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။ OPPO Share စနစ်ပါဝင်လာပြီး ဒီစနစ်ပါဝင် တဲ့ OPPO ဖုန်းတွေအချင်းချင်း ဒေတာအချက်အလက်တွေကို အလွယ် တကူ ရွှေ့ပြောင်း ပေးနိုင်ပါတယ်။ ဖုန်းနဲ့ စာဖတ်တဲ့သူတွေ၊ အွန်လိုင်းအသုံးပြုသူတွေအတွက် မျက်စိအေးစေတဲ့ Night Shield ဆိုတဲ့စနစ်လည်း ပါဝင်လာတာတွေ့ရပါတယ်။
သုံးသပ်ချက်
OPPO A71 ဟာ ဈေးနှုန်းအလယ်အလတ်စား Mid range ဖုန်းအ မျိုးအစားဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ ကင်မရာပိုင်းနဲ့ RAM ပိုင်းတွေမှာ သင့်တင့်ကောင်းမွန်တယ်လို့ ပြောရမယ့် ဖုန်းပါပဲ။ OPPO ရဲ့ Color OS ဗားရှင်းအသစ်ကို စတင်အသုံးပြုထားတဲ့ ဖုန်းဖြစ်တဲ့အတွက် အသုံးပြုပုံ စံပိုင်းတွေမှာတော့ ဆန်းသစ်မှုတွေရှိနေတဲ့ဖုန်းဖြစ်ပါတယ်။ Fingerprint မပါတာကို မကြိုက်တဲ့ သူတွေအတွက်တော့ ဒီဖုန်းက ရွေးချယ်ဖို့ ခက်ခဲနိုင်ပါတယ်။ အရွယ်အစားကတော့ လက်တစ်ဘက်နဲ့ ကိုင်တွယ် အသုံးပြုဖို့ အဆင်ပြေတဲ့ အရွယ်အစားမျိုး ရှိပြီး Sim Card နှစ်ကတ်စ လုံးနဲ့ SD Card ကို တစ်ပြိုင်တည်း အသုံးပြုနိုင်ခြင်းကလည်း ကောင်းမွန် တဲ့အချက်တစ်ခုလို့ ပြောလို့ရပါတယ်။
 
Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim, Dual Stand-by)
OS Android 7.1
CPU Octa-core 1.5 GHz Cortex-A53
GPU Mali-T860MP2
Memory Internal 16GB, 3GB RAM, Micro SD 128GB
Camera 13 MP, f/2.2, phase detection autofocus,LED flash, Geo-tagging, touch focus, face detection, HDR, panorama, Video, Secondary 5 MP, f/2.4
Wi-Fi Wi-Fi 802.11 b/g/n, hotspot
Bluetooth 4.0, A2DP
Battery Li-Ion 3000 mAh Battery