September 26, 2017

Ooredoo Myanmar Facebook စာမျက်နှာအား “Very Responsive to Message” တံဆိပ်ဖြင့် Facebook မှ အသိအမှတ်ပြု

Ooredoo Myanmar ၏ Facebook Page ကို Facebook Team မှ “Very Responsive to Message” တံဆိပ်နဲ့ အသိအမှတ်ပြုခဲ့ကြောင်း သိရပါတယ်။ Page စာမျက်နှာမှာ မေးမြန်ချက်တွေကို ၁၅မိနစ်အတွင်း ပြန်လည်ဖြေကြားနှုန်း ၉၀ ရာခိုင်နှုန်းအထက်ရှိတဲ့ Page တွေကို Facebook ကအသိအမှတ် ပြုပေးတာဖြစ်တယ်လို့ သိရပါတယ်။

“Ooredoo Myanmar အနေနဲ့ အခုလို Facebook ကနေအသိအမှတ်ပြုတံဆိပ်ကို ရရှိခဲ့တဲ့အတွက် တစ်ကယ်ကို ဂုဏ်ယူမိပါတယ်။

သုံးစွဲသူများ၏ မေးမြန်ချက်တွေကို ဒီဂျစ်တယ်နဲ့ လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ရေဖြေကြားဝန်ဆောင်မှုကို Ooredoo Myanmr အကောင်းဆုံးမှ လက်ဆက်လုပ်ဆောင်သွားမှာပါ” လို့ Chief Customer Experience Officer ဖြစ်သူ Mr Philip Joseph မှပြောပါတယ်။

ယခုလို Facebook မှ အသိအမှတ်ပြုသည့် အမှတ်တံဆိပ်ကို မြန်မာနိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် Ooredoo Mynamr က ပထမဆုံးရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။