July 15, 2018

OnePlus 6 ရဲ႕ သိထားသင့္တဲ့ အလန္းစားလုပ္ေဆာင္ခ်က္ ၈ ခ်က္

[ Zawgyi ]

OnePlus 6 က ေနာက္ဆုံးထြက္ Oxygen OS 5.1 ဗားရွင္း နဲ႔ထြက္လာသလို သူ႔မွာ ထူးျခား ေကာင္းမြန္လွတဲ့ လုပ္ေဆာင္ခ်က္ ေတြလည္းမ်ားစြာပါ၀င္လာပါ တယ္။ အဲဒီလုပ္ေဆာင္ခ်က္ေတြထဲ ကမွ အလန္းစား လုပ္ေဆာင္ခ်က္ ၈ ခ်က္ကို ဘယ္လိုသုံးမလဲဆိုတာ ကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

၁။ Notch ကို ေဖ်ာက္ျခင္း

ပထမဆုံးအေနနဲ႔ ဖုန္းစကရင္ကို အျပည့္ျမင္ရေအာင္ Notch ကို ေဖ်ာက္ထားႏုိင္ပါတယ္။ အဲဒီလို ေဖ်ာက္လိုက္ရင္ေတာ့ 18:9 aspect ratio အျပည့္နဲ႔ ျမင္ရမွာျဖစ္ပါတယ္။ Notch ကိုေဖ်ာက္ဖို႔အ တြက္ Settings > Display > Notch Display ကို သြားလိုက္ပါ။ Notch display စနစ္ထဲကိုေရာက္ သြားရင္ေတာ့ ေအာက္ကပုံထဲက အတုိင္း Hide the notch area ကို ေရြးေပးလိုက္႐ုံပါပဲ။

၂။ Smart Folders စနစ္

ဒီလုပ္ေဆာင္ခ်က္ကေတာ့ OnePlus 6 မွာမွ ပါဝင္လာတဲ့ လုပ္ေဆာင္ခ်က္ အသစ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ မိမိအေနနဲ႔ App ေတြကို ဖုိင္တစ္ခုထဲ စုထည့္လိုက္တဲ့အခါမ်ဳိးမွာ App အမ်ဳိးအစားေပၚမူတည္ၿပီး Folder အမည္ကို အလိုအေလ်ာက္တပ္ ေပးတာျဖစ္ပါတယ္။ ဥပမာအေန နဲ႔ မိမိက Facebook app ကို Twitter icon ေပၚတင္ၿပီး ေပါင္းလိုက္တယ္ဆိုရင္ အဲဒီ Folder ဖိုင္ကို Social ဆိုၿပီး အလိုအေလ်ာက္ အမည္တပ္ေပးမွာ ျဖစ္ပါတယ္။

၃။ Face Unlock စနစ္ေပၚမွာ Lock ထပ္ထည့္ျခင္း

ျမန္ဆန္လြန္းတဲ့ OnePlus 6 ရဲ႕ Face Unlock စနစ္က အသုံးျပဳတုိင္းမွာ ဖုန္းရဲ႕ Home screen ကို တန္းဖြင့္ေပးတာျဖစ္တဲ့အတြက္ မိမိအေနနဲ႔ ဖုန္းရဲ႕ Lock screen ေပၚက noti ေတြကို ၾကည့္ႏုိင္မွာမဟုတ္ပါဘူး။ ဒီအတြက္ One Plus က လုပ္ေဆာင္ခ်က္ အသစ္တစ္ခုကို ထည့္ေပးထားပါတယ္။ Face Unlock သုံးၿပီး Home screen ကို တန္းမေရာက္ခ်င္ဘူး။ မိမိအေနနဲ႔ Lock screen ေပၚက noti ေတြကို ဖတ္ခ်င္ေသး တယ္ဆိုရင္ေတာ့ Face Unlock စနစ္အျပင္ကို Lock စနစ္ေနာက္ ထပ္တစ္ခု ထပ္ထည့္ ထားႏုိင္ပါတယ္။

အဲဒီလိုထည့္ထားဖုိ႔အတြက္ Settings > Security & lock screen > Face unlock စနစ္ထဲ ကိုသြားပါ။ ၿပီးရင္ေတာ့ “Auto unlock after the scren is on” ဆိုတဲ့စာသားေဘးနားက ခလုတ္ ကို တစ္ခ်က္ႏွိပ္ၿပီး Disable လုပ္ေပးပါ။

၄။ OTG အတြက္လုံၿခဳံေရးစနစ္

OnePlus 6 မွာ USB OTG စနစ္ကို Disable လုပ္ထားႏုိင္တဲ့ လုပ္ေဆာင္သစ္တစ္ခု ပါဝင္ပါ တယ္။ ဒါကေတာ့ ဖုန္းရဲ႕လုံၿခဳံမႈအ တြက္ျဖစ္ပါတယ္။ မိမိမသိရွိဘဲ ဖုန္းရဲ႕ OTG စနစ္ကေန အခ်က္အလက္ေတြကို အလြယ္တကူ သူမ်ားမရယူႏုိင္ေအာင္ ဒီစနစ္ကို အသုံးျပဳသင့္ပါတယ္။

OTG စနစ္က အလိုအေလ်ာက္ စနစ္ကို ပိတ္ထားဖုိ႔အတြက္ ဖုန္းရဲ႕ Settings > Advanced ထဲက OTG Storage ဆိုတဲ့စာသားေဘး နားက ခလုတ္ကို တစ္ခ်က္ႏွိပ္ၿပီး ပိတ္ထားပါ။

၅။ Navigation Gestures ကို Enable လုပ္ျခင္း

ဒီလုပ္ေဆာင္ခ်က္ကေတာ့ iPhone X မွာ အသုံးျပဳထားတဲ့ လုပ္ေဆာင္ခ်က္နဲ႔ တူညီပါတယ္။ Navigation စနစ္ကို Gesture စနစ္သုံးၿပီး အလြယ္တကူ အသုံး ျပဳႏုိင္ေအာင္ ဖန္တီးထားတာျဖစ္ ပါတယ္။

ဒီစနစ္ကို အသုံးျပဳဖို႔အတြက္ ဖုန္းရဲ႕ Settings > Buttons စနစ္ ထဲက Navigation bar & Gestures စနစ္ထဲကို အရင္သြားပါ။ ၿပီးရင္ေတာ့ Navigation gestues ဆိုတဲ့စာသားေဘးနားက ခလုတ္ေလးကို တစ္ခ်က္ႏွိပ္ေရြးေပးပါ။

၆။ App တစ္ခုနဲ႔ အေကာင့္ ႏွစ္ခုသုံးျခင္း

OnePlus 6 မွာ App တစ္ခုထဲနဲ႔ အေကာင့္ႏွစ္ခုကိုတစ္ၿပိဳင္နက္ အသုံးျပဳႏုိင္ပါတယ္။ အဲဒါက ေတာ့ Parallel Apps စနစ္ပဲျဖစ္ပါတယ္။ မိမိအေနနဲ႔ အေကာင့္ႏွစ္ခု အသုံးျပဳခ်င္တဲ့ App အတြက္ ဒီစနစ္ကို ဖြင့္ထားေပး႐ုံနဲ႔ အလြယ္တကူ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။
ဒီစနစ္ကို အသုံးျပဳဖုိ႔အတြက္ Settings > Apps > Parallel apps မွာ မိမိအေနနဲ႔ အေကာင့္ႏွစ္ခု သုံးခ်င္တဲ့ App ကို ေရြးေပး လိုက္႐ုံပါပဲ။

၇။ Lift up Display စနစ္နဲ႔ Notifications ေတြ ဖတ္ျခင္း

Ambient Display စနစ္ကေတာ့ OnePlus 6 ရဲ႕ အလန္းစား လုပ္ေဆာင္ခ်က္တစ္ခုပဲျဖစ္ပါ တယ္။ ဒီလုပ္ေဆာင္ခ်က္က Samsung ရဲ႕ Always On Display လုပ္ေဆာင္ခ်က္နဲ႔ဆင္တူပါတယ္။ မိမိအေနနဲ႔ ဖုန္းကို Lock လုပ္ထား ရင္ေတာင္ စကရင္ေပၚမွာ noti ေတြကို အလြယ္တကူ ဖတ္႐ႈႏုိင္ မွာျဖစ္ပါတယ္။ ဖုန္းကို unlock မလုပ္စရာဘဲနဲ႔ noti ေတြကို ဖတ္ခ်င္တယ္ဆိုရင္ေတာ့ ဒီလုပ္ေဆာင္ခ်က္ကို အသုံးျပဳသင့္ပါတယ္။

ဒီလုပ္ေဆာင္ကို အသုံးျပဳဖို႔အတြက္ Settings > Display > Ambient display စနစ္ထဲမွာ Lift up display နဲ႔ New Notifications စာသားေတြေဘးနားက ခလုတ္ ေလးေတြကို ဖြင့္ထားေပးပါ။

၈။ Dual VoLTE စနစ္ကို အသုံးျပဳျခင္း

OnePlus 6 ရဲ႕ အလန္းစား လုပ္ေဆာင္ခ်က္ေတြက ေနာက္ဆုံး တစ္ခုကေတာ့ Dual VoLTE စနစ္ ပဲျဖစ္ပါတယ္။ ဒါကေတာ့ 4G SIM ကတ္ႏွစ္ကတ္လုံးကို VoLTE mode နဲ႔ တစ္ၿပိဳင္နက္အသုံးျပဳႏုိင္တာျဖစ္ပါတယ္။

အဲဒီလိုအသုံးျပဳဖို႔အတြက္ Settings > SIM settings ထဲက မွ SIM တစ္ခုခ်င္းစီမွာ VoLTE ဆို တဲ့စာသားေဘးနားက ခလုတ္ေတြ ကို ဖြင့္ေပးထားရမွာျဖစ္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ OnePlus 6 စမတ္ဖုန္းရဲ႕ OXygen OS မွာပါတဲ့ အလန္းစား လုပ္ေဆာင္ခ်က္ေတြကို သိရွိအသုံးျပဳႏုိင္ ေလာက္ၿပီလို႔ ယူဆပါတယ္။

– ရဲထြဋ္ဝင္း

[ Unicode ]

OnePlus 6 က နောက်ဆုံးထွက် Oxygen OS 5.1 ဗားရှင်း နဲ့ထွက်လာသလို သူ့မှာ ထူးခြား ကောင်းမွန်လှတဲ့ လုပ်ဆောင်ချက် တွေလည်းများစွာပါ၀င်လာပါ တယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲ ကမှ အလန်းစား လုပ်ဆောင်ချက် ၈ ချက်ကို ဘယ်လိုသုံးမလဲဆိုတာ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ Notch ကို ဖျောက်ခြင်း

ပထမဆုံးအနေနဲ့ ဖုန်းစကရင်ကို အပြည့်မြင်ရအောင် Notch ကို ဖျောက်ထားနိုင်ပါတယ်။ အဲဒီလို ဖျောက်လိုက်ရင်တော့ 18:9 aspect ratio အပြည့်နဲ့ မြင်ရမှာဖြစ်ပါတယ်။ Notch ကိုဖျောက်ဖို့အ တွက် Settings > Display > Notch Display ကို သွားလိုက်ပါ။ Notch display စနစ်ထဲကိုရောက် သွားရင်တော့ အောက်ကပုံထဲက အတိုင်း Hide the notch area ကို ရွေးပေးလိုက်ရုံပါပဲ။

၂။ Smart Folders စနစ်

ဒီလုပ်ဆောင်ချက်ကတော့ OnePlus 6 မှာမှ ပါဝင်လာတဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် မိမိအနေနဲ့ App တွေကို ဖိုင်တစ်ခုထဲ စုထည့်လိုက်တဲ့အခါမျိုးမှာ App အမျိုးအစားပေါ်မူတည်ပြီး Folder အမည်ကို အလိုအလျောက်တပ် ပေးတာဖြစ်ပါတယ်။ ဥပမာအနေ နဲ့ မိမိက Facebook app ကို Twitter icon ပေါ်တင်ပြီး ပေါင်းလိုက်တယ်ဆိုရင် အဲဒီ Folder ဖိုင်ကို Social ဆိုပြီး အလိုအလျောက် အမည်တပ်ပေးမှာ ဖြစ်ပါတယ်။

၃။ Face Unlock စနစ်ပေါ်မှာ Lock ထပ်ထည့်ခြင်း

မြန်ဆန်လွန်းတဲ့ OnePlus 6 ရဲ့ Face Unlock စနစ်က အသုံးပြုတိုင်းမှာ ဖုန်းရဲ့ Home screen ကို တန်းဖွင့်ပေးတာဖြစ်တဲ့အတွက် မိမိအနေနဲ့ ဖုန်းရဲ့ Lock screen ပေါ်က noti တွေကို ကြည့်နိုင်မှာမဟုတ်ပါဘူး။ ဒီအတွက် One Plus က လုပ်ဆောင်ချက် အသစ်တစ်ခုကို ထည့်ပေးထားပါတယ်။ Face Unlock သုံးပြီး Home screen ကို တန်းမရောက်ချင်ဘူး။ မိမိအနေနဲ့ Lock screen ပေါ်က noti တွေကို ဖတ်ချင်သေး တယ်ဆိုရင်တော့ Face Unlock စနစ်အပြင်ကို Lock စနစ်နောက် ထပ်တစ်ခု ထပ်ထည့် ထားနိုင်ပါတယ်။

အဲဒီလိုထည့်ထားဖို့အတွက် Settings > Security & lock screen > Face unlock စနစ်ထဲ ကိုသွားပါ။ ပြီးရင်တော့ “Auto unlock after the scren is on” ဆိုတဲ့စာသားဘေးနားက ခလုတ် ကို တစ်ချက်နှိပ်ပြီး Disable လုပ်ပေးပါ။

၄။ OTG အတွက်လုံခြုံရေးစနစ်

OnePlus 6 မှာ USB OTG စနစ်ကို Disable လုပ်ထားနိုင်တဲ့ လုပ်ဆောင်သစ်တစ်ခု ပါဝင်ပါ တယ်။ ဒါကတော့ ဖုန်းရဲ့လုံခြုံမှုအ တွက်ဖြစ်ပါတယ်။ မိမိမသိရှိဘဲ ဖုန်းရဲ့ OTG စနစ်ကနေ အချက်အလက်တွေကို အလွယ်တကူ သူများမရယူနိုင်အောင် ဒီစနစ်ကို အသုံးပြုသင့်ပါတယ်။

OTG စနစ်က အလိုအလျောက် စနစ်ကို ပိတ်ထားဖို့အတွက် ဖုန်းရဲ့ Settings > Advanced ထဲက OTG Storage ဆိုတဲ့စာသားဘေး နားက ခလုတ်ကို တစ်ချက်နှိပ်ပြီး ပိတ်ထားပါ။

၅။ Navigation Gestures ကို Enable လုပ်ခြင်း

ဒီလုပ်ဆောင်ချက်ကတော့ iPhone X မှာ အသုံးပြုထားတဲ့ လုပ်ဆောင်ချက်နဲ့ တူညီပါတယ်။ Navigation စနစ်ကို Gesture စနစ်သုံးပြီး အလွယ်တကူ အသုံး ပြုနိုင်အောင် ဖန်တီးထားတာဖြစ် ပါတယ်။

ဒီစနစ်ကို အသုံးပြုဖို့အတွက် ဖုန်းရဲ့ Settings > Buttons စနစ် ထဲက Navigation bar & Gestures စနစ်ထဲကို အရင်သွားပါ။ ပြီးရင်တော့ Navigation gestues ဆိုတဲ့စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ရွေးပေးပါ။

၆။ App တစ်ခုနဲ့ အကောင့် နှစ်ခုသုံးခြင်း

OnePlus 6 မှာ App တစ်ခုထဲနဲ့ အကောင့်နှစ်ခုကိုတစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ အဲဒါက တော့ Parallel Apps စနစ်ပဲဖြစ်ပါတယ်။ မိမိအနေနဲ့ အကောင့်နှစ်ခု အသုံးပြုချင်တဲ့ App အတွက် ဒီစနစ်ကို ဖွင့်ထားပေးရုံနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီစနစ်ကို အသုံးပြုဖို့အတွက် Settings > Apps > Parallel apps မှာ မိမိအနေနဲ့ အကောင့်နှစ်ခု သုံးချင်တဲ့ App ကို ရွေးပေး လိုက်ရုံပါပဲ။

၇။ Lift up Display စနစ်နဲ့ Notifications တွေ ဖတ်ခြင်း

Ambient Display စနစ်ကတော့ OnePlus 6 ရဲ့ အလန်းစား လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါ တယ်။ ဒီလုပ်ဆောင်ချက်က Samsung ရဲ့ Always On Display လုပ်ဆောင်ချက်နဲ့ဆင်တူပါတယ်။ မိမိအနေနဲ့ ဖုန်းကို Lock လုပ်ထား ရင်တောင် စကရင်ပေါ်မှာ noti တွေကို အလွယ်တကူ ဖတ်ရှုနိုင် မှာဖြစ်ပါတယ်။ ဖုန်းကို unlock မလုပ်စရာဘဲနဲ့ noti တွေကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုသင့်ပါတယ်။

ဒီလုပ်ဆောင်ကို အသုံးပြုဖို့အတွက် Settings > Display > Ambient display စနစ်ထဲမှာ Lift up display နဲ့ New Notifications စာသားတွေဘေးနားက ခလုတ် လေးတွေကို ဖွင့်ထားပေးပါ။

၈။ Dual VoLTE စနစ်ကို အသုံးပြုခြင်း

OnePlus 6 ရဲ့ အလန်းစား လုပ်ဆောင်ချက်တွေက နောက်ဆုံး တစ်ခုကတော့ Dual VoLTE စနစ် ပဲဖြစ်ပါတယ်။ ဒါကတော့ 4G SIM ကတ်နှစ်ကတ်လုံးကို VoLTE mode နဲ့ တစ်ပြိုင်နက်အသုံးပြုနိုင်တာဖြစ်ပါတယ်။

အဲဒီလိုအသုံးပြုဖို့အတွက် Settings > SIM settings ထဲက မှ SIM တစ်ခုချင်းစီမှာ VoLTE ဆို တဲ့စာသားဘေးနားက ခလုတ်တွေ ကို ဖွင့်ပေးထားရမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ OnePlus 6 စမတ်ဖုန်းရဲ့ OXygen OS မှာပါတဲ့ အလန်းစား လုပ်ဆောင်ချက်တွေကို သိရှိအသုံးပြုနိုင် လောက်ပြီလို့ ယူဆပါတယ်။

– ရဲထွဋ်ဝင်း