OnePlus 5 တွင် Snapdragon 835 CPU နဲ့ 6GB RAM ပါဝင်ဖွယ်ရှိ

လူအများစောင့်ဆိုင်းနေကြတဲ့ OnePlus 5 ကို OnePlus စီအီးအို Pete Lau က Weibo ပေါ်မှာအမြည်းချပြခဲ့ပြီး ရက်အနည်းငယ် အကြာမှာ အဲ့ဒီဟန်းဆက်ရဲ့အချက်အလက်တွေက အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
OnePlus 5 မှာ Snapdragon 835 CPU, 6GB RAM, 128GB internal storage နဲ့ ဒေါင်လိုက်အနေအထား တပ်ဆင်ထားတဲ့ dual-lens ကင်မရာတို့ ပါဝင်တယ်လို့ ကုမ္ပဏီရဲ့အစီအစဉ်တွေကိုသိရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဟန်းဆက်ရဲ့ ဘက်ထရီက 3,600mAh ဖြစ်ပြီး အားသွင်းတဲ့အခါ OnePlus 3T ထက် ၂၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။

8GB RAM ပါဝင်တဲ့ မော်ဒယ်နဲ့ပတ်သက်ပြီးတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အဲ့ဒီဗားရှင်းကို standard မော်ဒယ် ဖြန့်ချိပြီးတဲ့နောက် တရုတ်နိုင်ငံလို ဈေးကွက်တွေမှာ ဖြန့်ချိသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: TechnoBuffalo