July 15, 2018

Octopath Traveler

[ Zawgyi ]

စြန္႔စားခန္း ဇာတ္လမ္းသြား ေကာင္းေကာင္း ကစားခ်င္သူေတြ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းအသစ္ တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ နာမည္ဆန္းဆန္းနဲ႔ Octopath ဂိမ္းပဲ ျဖစ္ပါတယ္။ Nintendo Switch စက္ရွိသူေတြပဲ ကစားႏိုင္မွာ ျဖစ္လုိ႔ Platform စံုနဲ႔ မရဘူးဆိုတဲ့အား နည္းခ်က္ ျဖစ္ေနေပမယ့္ တစ္ပတ္တေလေတာ့လည္း Switch ေတြအတြက္ ဂိမ္းသစ္ အလွည္ေပးလိုက္ပါရေစဗ်ာ။
Single အေနနဲ႔ပဲ ကစားႏိုင္မွာပါ။ 2D ႐ုပ္ထြက္နဲ႔ပဲ ဖန္တီးထားတဲ့ ဂိမ္းဆုိေပမယ့္ HD ႐ုပ္ထြက္ အရည္အေသြးရွိလို႔ သေဘာက်စရာပါ။ ပတ္ဝန္းက်င္ ေတာေတာင္ေတြ၊ ဖန္တီးမႈေတြေတြက လက္ေတြ႕ အျပင္မွာနဲ႔စာရင္ နည္းနည္းဆန္းသစ္ထားၿပီး အျမင္ထူးျခားေအာင္ လုပ္ထားပါတယ္။ အထူးသျဖင့္ေတာ့ ေက်ာက္ေတာင္ေနရာေတြမွာ ဇာတ္ေကာင္ကို တက္ရလြယ္ေအာင္ ဖန္တီးမႈနဲ႔အတူ ေက်ာက္သားေတြက နည္းနည္းဆန္းေနပါတယ္။

ဂိမ္းထဲမွာ ေရြးခ်ယ္ကစားႏိုင္မယ့္ ဇာတ္ေကာင္ စုစုေပါင္း ၈ ေကာင္ပါရွိတယ္။ တစ္ဦးခ်င္း စီစိတ္ႀကိဳက္ ေရြးခ်ယ္ကစားႏုိင္ၿပီး ထူးျခားခ်က္တစ္ခုက ဘယ္ဇာတ္ေကာင္ပဲယူယူ ဇာတ္လမ္းအစ (ခရီးအစ) တူညီမွာ မဟုတ္ဘဲ မိမိေရြးခ်ယ္တဲ့ ဇာတ္ေကာင္အေပၚ မူတည္ၿပီးေတာ့ သြားရမယ့္ လမ္းကြဲျပား သြားမွာပါ။ ဒီေတာ့ ဇာတ္ေကာင္ကလည္း ၈ ေကာင္၊ ခရီးလမ္းကလည္း ၈ လမ္းရွိမယ္ဆိုတဲ့ သေဘာပါ။ ဇာတ္ေကာင္ကြဲျပားမႈကေတာ့ ထံုးစံအတိုင္းဇာတ္ ေကာင္တစ္ေကာင္ခ်င္းစီမွာ စြမ္းရည္တစ္ခုခ်င္းစီရွိပါလိိမ့္မယ္။

အဓိကစြမ္းရည္ အေနနဲ႔ေတာ့ ၂ ခုခြဲျခားထားတာ ေတြ႔ရၿပီး Noble နဲ႔ Rogue ေတြပါ။ Noble က ကစားသူရဲ႕ အဆင့္တက္လာေလေလ စြမ္းေဆာင္ရည္လိုက္ ျမင့္လာမယ့္ အစြမ္းေတြျဖစ္ၿပီး Rogue ကေတာ့ ကစားသူက်႐ႈံးမႈမ်ားေလေလ စြမ္းရည္ေလ်ာ့က်ႏုိင္ေလေလဆုိတဲ့ အစြမ္းေတြပါ။ ဇာတ္ေကာင္အေပၚ မူတည္ၿပီး တခ်ိဳ႕က Noble ျမင့္တယ္၊ တခ်ိဳ႕က Rogue ျမင့္တာေတြ ေတြ႕ရပါတယ္။ တိုက္ခိုက္ေရး ဇာတ္လမ္းကို အေျခခံထားလို႔ ဇာတ္လမ္းသြားသြား ေနရင္းတိုက္ခိုက္ရမယ္၊ လက္နက္ေတြ သံုးႏုိင္တယ္။ Item ေတြစုၿပီး ကိုယ့္ကိုယ္ကို အစြမ္းထက္ေအာင္လည္း လုပ္ေဆာင္ရပါ လိမ့္မယ္။ မိမိဝယ္စုတဲ့ Item အေပၚမွာ မူတည္ၿပီးေတာ့သြားလာမႈ ျမန္ဆန္ႏိုင္မယ္၊ တိုက္ခုိက္မႈ အစြမ္းထက္မယ္၊ ခံႏိုင္ရည္ ပိုေကာင္းလာမယ့္ စတ့ဲစြမ္းရည္ေတြ တက္လာပါလိမ့္မယ္။

ထည့္သြင္းဖန္တီးထားတဲ့ ဇာတ္ေကာင္ေတြကေတာ့ စြမ္းရည္ခ်င္းဆင္ခ်င္တဲ့ Olberic, H’aanit, Cyrus နဲ႔ Alfyn, Tressa နဲ႔ Therion၊ Ophilia နဲ႔ Primrose ေတြပဲ ျဖစ္ပါတယ္။ ဇာတ္ေကာင္ ၂ ေကာင္ တစ္တြဲစီ စြမ္းရည္ခ်င္း ဆင္ခ်င္ေပမယ့္ ႐ုပ္ထြက္နဲ႔ ပံုစံတခ်ဳိ႕ ကြဲျပားေအာင္ ဖန္တီးထားလို႔ ဇာတ္ေကာင္စံုေအာင္၊ လမ္းေၾကာင္းစံု သြားဖူးေအာင္ ကစားဖုိ႔ကေတာ့ အခ်ိန္ေပးရမယ္၊ တို္က္ရင္းခိုက္ရင္း ပန္းတုိင္ေရာက္ေအာင္ စိန္ေခၚမႈကို လက္ခံႏိုင္မယ္ ဆိုရင္ေတာ့ Octopath Traveler က သင့္ေရွ႕ ေရာက္ေနပါၿပီ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

စွန့်စားခန်း ဇာတ်လမ်းသွား ကောင်းကောင်း ကစားချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းအသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ နာမည်ဆန်းဆန်းနဲ့ Octopath ဂိမ်းပဲ ဖြစ်ပါတယ်။ Nintendo Switch စက်ရှိသူတွေပဲ ကစားနိုင်မှာ ဖြစ်လို့ Platform စုံနဲ့ မရဘူးဆိုတဲ့အား နည်းချက် ဖြစ်နေပေမယ့် တစ်ပတ်တလေတော့လည်း Switch တွေအတွက် ဂိမ်းသစ် အလှည်ပေးလိုက်ပါရစေဗျာ။
Single အနေနဲ့ပဲ ကစားနိုင်မှာပါ။ 2D ရုပ်ထွက်နဲ့ပဲ ဖန်တီးထားတဲ့ ဂိမ်းဆိုပေမယ့် HD ရုပ်ထွက် အရည်အသွေးရှိလို့ သဘောကျစရာပါ။ ပတ်ဝန်းကျင် တောတောင်တွေ၊ ဖန်တီးမှုတွေတွေက လက်တွေ့ အပြင်မှာနဲ့စာရင် နည်းနည်းဆန်းသစ်ထားပြီး အမြင်ထူးခြားအောင် လုပ်ထားပါတယ်။ အထူးသဖြင့်တော့ ကျောက်တောင်နေရာတွေမှာ ဇာတ်ကောင်ကို တက်ရလွယ်အောင် ဖန်တီးမှုနဲ့အတူ ကျောက်သားတွေက နည်းနည်းဆန်းနေပါတယ်။

ဂိမ်းထဲမှာ ရွေးချယ်ကစားနိုင်မယ့် ဇာတ်ကောင် စုစုပေါင်း ၈ ကောင်ပါရှိတယ်။ တစ်ဦးချင်း စီစိတ်ကြိုက် ရွေးချယ်ကစားနိုင်ပြီး ထူးခြားချက်တစ်ခုက ဘယ်ဇာတ်ကောင်ပဲယူယူ ဇာတ်လမ်းအစ (ခရီးအစ) တူညီမှာ မဟုတ်ဘဲ မိမိရွေးချယ်တဲ့ ဇာတ်ကောင်အပေါ် မူတည်ပြီးတော့ သွားရမယ့် လမ်းကွဲပြား သွားမှာပါ။ ဒီတော့ ဇာတ်ကောင်ကလည်း ၈ ကောင်၊ ခရီးလမ်းကလည်း ၈ လမ်းရှိမယ်ဆိုတဲ့ သဘောပါ။ ဇာတ်ကောင်ကွဲပြားမှုကတော့ ထုံးစံအတိုင်းဇာတ် ကောင်တစ်ကောင်ချင်းစီမှာ စွမ်းရည်တစ်ခုချင်းစီရှိပါလိိမ့်မယ်။

အဓိကစွမ်းရည် အနေနဲ့တော့ ၂ ခုခွဲခြားထားတာ တွေ့ရပြီး Noble နဲ့ Rogue တွေပါ။ Noble က ကစားသူရဲ့ အဆင့်တက်လာလေလေ စွမ်းဆောင်ရည်လိုက် မြင့်လာမယ့် အစွမ်းတွေဖြစ်ပြီး Rogue ကတော့ ကစားသူကျရှုံးမှုများလေလေ စွမ်းရည်လျော့ကျနိုင်လေလေဆိုတဲ့ အစွမ်းတွေပါ။ ဇာတ်ကောင်အပေါ် မူတည်ပြီး တချို့က Noble မြင့်တယ်၊ တချို့က Rogue မြင့်တာတွေ တွေ့ရပါတယ်။ တိုက်ခိုက်ရေး ဇာတ်လမ်းကို အခြေခံထားလို့ ဇာတ်လမ်းသွားသွား နေရင်းတိုက်ခိုက်ရမယ်၊ လက်နက်တွေ သုံးနိုင်တယ်။ Item တွေစုပြီး ကိုယ့်ကိုယ်ကို အစွမ်းထက်အောင်လည်း လုပ်ဆောင်ရပါ လိမ့်မယ်။ မိမိဝယ်စုတဲ့ Item အပေါ်မှာ မူတည်ပြီးတော့သွားလာမှု မြန်ဆန်နိုင်မယ်၊ တိုက်ခိုက်မှု အစွမ်းထက်မယ်၊ ခံနိုင်ရည် ပိုကောင်းလာမယ့် စတဲ့စွမ်းရည်တွေ တက်လာပါလိမ့်မယ်။

ထည့်သွင်းဖန်တီးထားတဲ့ ဇာတ်ကောင်တွေကတော့ စွမ်းရည်ချင်းဆင်ချင်တဲ့ Olberic, H’aanit, Cyrus နဲ့ Alfyn, Tressa နဲ့ Therion၊ Ophilia နဲ့ Primrose တွေပဲ ဖြစ်ပါတယ်။ ဇာတ်ကောင် ၂ ကောင် တစ်တွဲစီ စွမ်းရည်ချင်း ဆင်ချင်ပေမယ့် ရုပ်ထွက်နဲ့ ပုံစံတချို့ ကွဲပြားအောင် ဖန်တီးထားလို့ ဇာတ်ကောင်စုံအောင်၊ လမ်းကြောင်းစုံ သွားဖူးအောင် ကစားဖို့ကတော့ အချိန်ပေးရမယ်၊ တို်က်ရင်းခိုက်ရင်း ပန်းတိုင်ရောက်အောင် စိန်ခေါ်မှုကို လက်ခံနိုင်မယ် ဆိုရင်တော့ Octopath Traveler က သင့်ရှေ့ ရောက်နေပါပြီ။

-သက်နိုင်ဦး (UCSL)