July 19, 2017

New Journey, The Juggernaut

အားလုံး စောင့်မျှော်နေကြတဲ့ Juggernaut  Arcana, Bladeform Legacy ကတော့ မတ်လ ၁၆ ရက်မှာ တရားဝင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ Arcana Class Item တွေ ရဲ့ ထုံးစံအတိုင်း Hero ရဲ့ မူလ Form ကို ထိခိုက်စေချင်း မရှိအောင် သတိထားပြီး ထုတ်ရတဲ့ အခြေအနေမှာ Head Slot မှာ ထွက်ပေါ်လာတဲ့ Juggernaut Arcana Item ဟာ ကစားသမားတွေရဲ့ မျှော်လင့်ချက်ကို ရာနှုန်းပြည့် ဖြည့်ဆည်းပေး နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ Juggernaut  ရဲ့ Blade Dance, Blade Fury နဲ့ Ultimate Omnislash တို့မှာ Custom Effect တွေ ပါဝင်လာမှာဖြစ်ပြီး ထုံးစံအတိုင်း Alternate voice, Portrait , Hero Icon, Ability Icon, Teleportation Style တို့ကို ပြောင်းလဲစေမှာဖြစ်ပြီး ပေါက်ဈေးကတော့ $34.99 ဖြစ်ပါတယ်။ မတ်လအတွင်းမှာ ဝယ်ယူခဲ့မယ် ဆိုရင်တော့ Exalted Quality Class ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

Juggernaut ဟာ လက်ရှိပြီးခဲ့တဲ့ Kiev Major Regional Qualifier မှာ စတုတ္ထမြောက် Popular အဖြစ်ဆုံး Hero တစ်ကောင်ဖြစ်ပြီး တတိယမြောက် Win Rate အကောင်းဆုံး Hero တစ်ကောင်လည်း ဖြစ်ပါတယ်။ Dota 2 မှာတော့ Juggernaut ဟာ Public ရော Tournament Choice တွေမှာပါ Popular ဖြစ်ပြီးသား Hero တစ်ကောင်ဖြစ်ပြီး Hard Carry နဲ့ Aggressive Carry ၂ မျိုးစလုံးကြားက အလုပ်ဖြစ်တဲ့ Hero တစ်ကောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် Juggernaut ဟာ လူကြိုက်များ ပြီးသား၊ ကစားသမားတိုင်းနဲ့ မစိမ်းတဲ့ Hero ကောင်း တစ်ကောင်ဖြစ်ပါတယ်။

Abilities

တစ်စက္ကန့်ကို 250 AoE အတွင်းမှာ 80 Damage သက်ရောက်စေနိုင်ပြီး 5 seconds duration ရှိတဲ့ Blade Fury ဟာ Lvl ၁ ဆင့်တည်း ယူထားတဲ့ အချိန်မှာစုစုပေါင်း 400 Damage အထိ သက်ရောက်နိုင်ပြီး  Juggernaut ကို 5 seconds ကြာတဲ့ Magic Immunity ကို ရရှိစေမှာ ဖြစ်ပါတယ်။ အဓိကအကျဆုံး ထူးခြားချက်ကတော့ Juggernaut ဟာ Blade Fury အသုံးပြုထားစဉ်မှာ အဆိုပါ AoE ထဲရောက်နေတဲ့ Enemy တွေအနေနဲ့ Blade Fury Magical Damage သက်ရောက်ခြင်း မရှိဘူးဆိုရင် Juggernaut အနေနဲ့ Physical Attack ဖြင့် တိုက်ခိုက်နိုင်တဲ့ အချက်ပါပဲ။ ဒါကြောင့် Blade Fury လှည့်ပြီး Tower, Building, Siege Creep များကို တိုက်ခိုက်နိုင်သလို Black King Bar, Repel အသုံးပြုထားတဲ့ Enemy Hero တွေကိုလည်း Blade Fury သုံးထားစဉ်မှာ Physical Attack တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

Carry Hero တစ်ကောင်အနေနဲ့ ၎င်းရဲ့ Farming Potential ကို တိုးမြင့်စေမယ့် AoE Healing ကို Healing Ward Ability ကနေ ရရှိစေဦးမှာဖြစ်ပါတယ်။ 500 AoEအတွင်းမှာရှိတဲ့ Ally Unit အားလုံးကို Max Health ရဲ့ 2%/3%/ 4%/ 5% Healing ကိုပေးမယ့် Healing Ward ဟာ 25 seconds Duration ကြာမှာ ဖြစ်ပါတယ်။ အားနည်းချက်ကတော့ 1 Hp သာရှိတဲ့အတွက်Enemy က အလွယ်တကူ ဖျက်ဆီးခံရမယ့် Ward Type Ability တစ်ခုဖြစ်ပါတယ်။ အခုနောက်ဆုံး ထွက်ထားတဲ့ v7.03 မှာ တော့ Healing Ward ကို ချိုးလိုက်တဲ့ Enemy ဟာ 75 Gold Bounty နဲ့ 75 Experience ကို ရရှိစေမှာဖြစ်ပါတယ်။

Blade Dance ကတော့ Dota မှာရှိတဲ့ Critical ၁ဝ မျိုးထဲမှာ Chance အများဆုံးဖြစ်ပြီး Juggernaut ရဲ့ လက်ရှိ Physical Damage ကို ၂ ဆ ဖြစ်စေမှာ ဖြစ်ပါတယ်။ အခြားသော Hero Critical (PA, WK, CK) တွေဟာ Critical ပမာဏပိုများ ပေမယ့် Blade Dance ဟာ နောက်ဆုံးအဆင့်မှာ 35% Proc Chance အထိရှိနေတာဖြစ်လို့ Base Attack Time 1.4 ရှိတဲ့ Juggernaut အတွက်တော့ Attack Speed Item အချို့ရှိနေရုံနဲ့  Damage အတွက်ကို ဦးစားပေး စဉ်းစားစရာမလိုတဲ့ Passive Ability တစ်ခုဖြစ်ပါတယ်။

Omnislash ကို အသုံးပြုလိုက်တဲ့အချိန်မှာ Juggernaut ဟာ Invulnerable ဖြစ်နေမှာဖြစ်ပြီး Omnislash ရဲ့ 200~225 Damage ကလည်း သက်ရောက်နေမှာ ဖြစ်ပါတယ်။ အဆိုပါ Slash ခုန်တဲ့ Unit အပေါ်ကိုလည်း Juggernaut ဟာ သူ့ရဲ့ ပုံမှန် Physical Attack ကို တိုက်ခိုက်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Attack Speed သာ မြန်နေမယ် ဆိုရင် 200~225 Damage အပြင် မိမိရဲ့ Physical Damage ခုတ်ချက်များဟာလည်း Blade Dance ရဲ့ Critical တွေနဲ့အတူ အသုံးပြုခံရတဲ့ Unit တွေကို အသာစီးဖြင့် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ Omnislash ရဲ့ 200~225 Damage ဟာ Physical အမျိုးအစားဖြစ်တာ ကြောင့် Bkb Unit တွေကို တိုက်ခိုက်နိုင်ပြီး Desolator,  Assault cuirass  စတဲ့ Armor Reduction တွေနဲ့ တွဲဖက်သုံးရင်လည်း ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ Aghanim’s Scepter ကို ရွေးချယ်ခဲ့မယ် ဆိုရင်တော့ Extra Slash (၃) ချက်ကို ရရှိစေမှာဖြစ်ပြီး Cooldown ဟာလည်း 70 seconds သာ ရှိတော့မှာ ဖြစ်ပါတယ်။

Talents

Lvl 10 => +20 Damage (or) +175 Health

Lvl 15 => +7 Armor (or) +20 Attack Speed

Lvl 20 => +8 All Stats (or) +20 Movement Speed

Lvl 25 => +175 Blade Fury DPS (or) +20 Agility

ထုံးစံအတိုင်း Hero ကိုယ်တိုင်က Strong ဖြစ်ပြီးသား Hero တစ်ကောင်ဖြစ်တဲ့ အလျောက် Talent ဟာလည်း သိသိသာသာ အားသာချက်များ ရှိမနေပါဘူး။ လက်ရှိ Pub မှာတော့ Lvl 10 အတွက် +20 Damage Talent, Lvl 15 အတွက် +20 Attack Speed talent, Lvl 20 အတွက် +8 to all Stats နဲ့ lvl 25 အတွက် +20 Agility ကို သိသိသာသာ လူကြိုက် ပိုများလျက်ရှိပါတယ်။ ဒီအပိုင်းမှာတော့ နောက်ဆုံး Talent ဖြစ်တဲ့ +175 Blade Fury DPS ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် Juggernaut ဟာ 1 second တိုင်းကို 330 Damage သက်ရောက်နိုင်တဲ့ Blade Fury ဖြစ်သွားမှာဖြစ်ပြီး စုစုပေါင်း 1650 Damage အထိ သက်ရောက်နိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ Juggernaut လိုမျိုး Hitter Carry အတွက် Late Game မှာ Blade Fury လှည့်ပြီး Damage ထုတ်တာထက် Inventory Slot အပြည့်နဲ့ Physical Attack တိုက်ခိုက်တာက ပိုပြီး ယေဘုယျကျ ကာပိုပြီး Damage Output များပါတယ်။

Items

လက်ရှိ Meta မှာတော့ Juggernaut ဟာ Phase Boots ပြီးတာနဲ့ Manta Style ကို Rush တာကိုရွေးချယ်တဲ့ ကစားပုံက ခေတ်စားလျက် ရှိပါတယ်။ Yasha ကနေရရှိမယ့် MS နဲ့ AS, Agility ကနေရရှိမယ့် Damage နဲ့ Armor အပြင် Ultimate Orb ကနေရရှိမယ့် Attributes တွေဟာ Juggernaut အတွက် လုံလောက်တဲ့ Survive ကို ပေးမယ့်အပြင် Manta Style ဖြစ်သွားတဲ့ အခါမှာလည်း ၎င်းရဲ့ Survival ကိုပို Safe ဖြစ်စေမယ့် အတွက် ဖြစ်ပါတယ်။ အဲ့ဒီ နောက်မှာတော့ Escape အတွက် Blink Dagger (or) Silver Edge, Early DPS အတွက် Mjollnir (or) Diffusal Blade, Core Item အတွက် Abyssal Blade, Skadi နဲ့ Butterfly တို့ကို အစဉ်တကျ ထည့်သွားတဲ့ ပုံစံကို မြင်တွေ့ရလျက် ရှိပါတယ်။ အကြောင်းကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း Juggernaut ဟာ Blade Dance လိုမျိုး Proc Chance အကောင်းဆုံး Critical Damage Passive Ability ကို ပိုင်ဆိုင်ထားတာဖြစ်လို့ Desolator, Daedalus, Monkey King Bar တို့လို Item တွေကို Slot (၆) ကွက်မှာ အရေးတကြီး စဉ်းစားစရာ မလိုခြင်းပါဘဲ။ Attribute တွေဟာ Damage ကိုတိုက်ရိုက် မတိုးစေဘဲနဲ့  Attack Speed, Armor, Health, Mana Capacity တို့ကို တိုးစေတာဖြစ်လို့ Hero တစ်ကောင်အတွက် အဖက်ဖက်က အကာအကွယ် ဖြစ်ပြီးသား ထိရောက်တဲ့ Stats များပဲ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။