September 24, 2017

New Journey, Rattletrap The Clockwerk

ပြီးခဲ့တဲ့ အပတ်တွေက Mid Lane နဲ့ Carry Hero များအကြောင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ပါတ်မှာတော့ Core Pick မဟုတ်ပေမယ့် Situational Pick အဖြစ်နဲ့ Meta ထဲမှာမသိမပါ ပြန်လည် ပါဝင်လာတဲ့ Offlane Hero တစ်ကောင် အကြောင်းကို ဆွေးနွေးချင်ပါတယ်။ Bradwarden, The Centaur Warrunner အကြောင်း ရေးခဲ့တဲ့ ဆောင်းပါးမှာ ကတည်းက Offlane Hero များဟာ Strong Initiator များဖြစ် ကြောင်းဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Offlane Hero တွေဟာ များသော အားဖြင့် Ability Build အရ Strong ဖြစ်ပြီးသား Hero များ ဖြစ်ရုံမကဘဲ ကစားပွဲတစ်ပွဲရဲ့ အရေးပါတဲ့ Initiation Ability များ၊ Survival Ability များ ပါဝင်လေ့ ရှိပါတယ်။ Icefrog ဟာ Meta များစွာကို အသက်သွင်းပေးလျက်ရှိပြီး သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Hero Pool ကြီးမားစေဖို့ Balance Change များစွာကို ပြင်ဆင်လေ့ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ Meta တုန်းက ပျောက်ကွယ်ခဲ့တဲ့ R.A.T Hero များကို သိသိသာသာ Buff ပေးခဲ့ပေမယ့် တကယ်တမ်းမှာတော့ Premium ကစားသမားများက Meta ကို လိုက်လံ မစီးမြောခဲ့ကြပါဘူး။ R.A.T Hero များကို Mid နဲ့ Offlane အတွက် ထုတ်ပြီးကစားတဲ့ ခေတ်ကို ပြန်မရောက်ဘဲ Roamer, Ganker များကိုသာ ရွေးချယ်လေ့ရှိတဲ့ v7.04 Patch Update မှာလည်းOfflane Hero များထဲကမှ Initiator ကောင်းတစ်ကောင်
ဖြစ်ပြီး Durability ကောင်းကောင်း အပြင် Disable Ability များ ပါဝင်တဲ့ Rattletrap, The Clockwerk ကိုလည်း Situational Pick အဖြစ် ခပ်စိတ်စိတ် မြင်တွေ့လာရပါတယ်။ Base Movement Speed ကောင်းတဲ့ Clockwerk ဟာ တစ်ဖက်ကကြည့်ရင် Disable,
တစ်ဖက်က ကြည့်ရင် Survive ဖြစ်စေမယ့် Power Cogs လို Ability နဲ့တင် Offlaner ကနေ Ganker, Roamer တစ်ကောင်အဖြစ် ထူးထူးဆန်းဆန်း ဆော့ကစားနိုင်ခဲ့တာကို v7.00 မတိုင်ခင်ကတည်းက သိရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် Clockwerk ဟာ
လက်ရှိအချိန်ထိ အသက်ဝင် နေဆဲဖြစ်တဲ့ Teamfight Meta မှာ အံဝင်ခွင်ကြဖြစ်နေဆဲ Melee Strength Hero တစ်ကောင်ဖြစ် ပါတယ်။

Abilities
Battery Assault

275 AoE အတွင်းက Random Unit တစ်ခုကို 0.1 second mini stun နဲ့ 20/ 45/ 70/ 95 Magic Damage ကို 0.7 seconds တိုင်းမှာတစ်ချက် သက်ရောက်စေမယ့် Battery Assault ကတော့ Clockwerk ရဲ့ First Priority Ability တစ်ခုဖြစ်ပါတယ်။ အကြောင်းက Duration 10 seconds အတွင်းမှာ စုစုပေါင်း (၁၆) ချက် ပေါက်နိုင်မှာဖြစ်လို့ Hero တစ်ကောင်ကိုသာ အဆိုပါ အချက်အားလုံး သက်ရောက်နိုင်စွမ်းရှိရင် 320/720/1120/1520 Total Damage ကို သက်ရောက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ lvl 7 တည်းနဲ့ အများဆုံး Damage ထွက်နိုင်စွမ်းရှိတဲ့ Damage Ability တွေထဲက တစ်ခုဖြစ် ယုံမကဘဲ mini stun ပေါင်းများ စွာကိုလည်း ဖြစ်ပေါ်စေမယ့် အတွက်ဖြစ်ပါတယ်။

Power Cogs

15 seconds Cooldown, 8 seconds duration ရှိတဲ့ Power Cogs ကတော့ တစ်ဆင့် တည်းတင်ထားရုံနဲ့ လုံလောက်တဲ့ Ability ဖြစ်ပါတယ်။ အကြောင်းက duration မပြောင်းလဲဘဲ Mana Cost သာ တိုးလာမှာ ဖြစ်တဲ့အပြင် Cogs Hp Count ဟာလည်း lvl 4 အဆင့်ရောက်မှ 1 တိုးလာမှာဖြစ်လို့ တစ်ဆင့်တည်းနဲ့ လုံလောက်တဲ့ Ability ဖြစ်နေပါတယ်။ Cogs ကို ဝင်တိုင်မိတဲ့ Enemy Hero ကို Damage နဲ့ Mana Burn သက်ရောက်စေမှာပါ။ ဒါပေမဲ့ Cogs တွေဟာ 160 Range အတွင်းက Unit ကိုပဲ တွန်းမှာဖြစ်လို့ Enemy Range Hero များက အလွယ်တကူ ဖျက်စီးနိုင်စွမ်းရှိပါတယ်။

Rocket Flare

Global Range ရှိတဲ့ Rocket Flare ကတော့ ဒုတိယဦးစားပေး Ability ဖြစ်ပါတယ်။ Mana Cost မပြောင်းလဲဘဲ Cooldown ကျပြီး
Damage တိုးလာမယ် Rocket Flare ဟာ အသုံးပြုလိုက်မယ့် နေရာပေါ်မှာ 10 seconds Duration ရှိတဲ့ 600 AoE Flying Vision ကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ Rocket Flare ကို အချိန်ကိုက်အသုံးပြုပြီး Enemy Team ရဲ့ Creep Camp ကို Vision ယူကာ Stack မဖြစ်အောင် ဟန့်တားနိုင်စွမ်းလည်းရှိပါတယ်။

Ultimate Hookshot

AoE Disable Ability တစ်ခုဖြစ်ပြီး 2000/ 2500/ 3000 Travel Range ရှိတဲ့ Hookshot ဟာ Initial Initiation Ability ဖြစ်ပါတယ်။ Clockwerk Hook ထိသွားတဲ့ နေရာရဲ့ 175 AoEအတွင်းမှာ 1/ 1.5/ 2 seconds disable နဲ့ 100/ 200/
300 Damage သက်ရောက်စေပါမယ်။ 70/ 55/ 40 seconds cooldown ရှိပြီး Aghanim’s Scepter စပ်ထားရင် 12 seconds cooldown ဖြစ်သွားစေမှာပါ။

Talents

Lvl 10 >> +200 Mana (or) +4 Armor
Lvl 15 >> +75 Rocket Flare Damage (or) +50 Damage
Lvl 20 >> +12% Magic Resistance (or) -25s Respawn Time
Lvl 25 >> +10 seconds Battery Assault Duration (or) + 400 Health

Ability, Attribute, စတဲ့ Base အချက်အလက်များ ပြည့်စုံပြီးသား Hero တွေဟာ Talent မှာ ထွေထွေထူးထူး အားသာချက်များ သိပ်ထည့် မပေးထားပါဘူး။ ဒီအချက်ကို Clockwerk လိုမျိုး အဖက်ဖက်က ပြည့်စုံတဲ့ Hero တစ်ကောင်မှာ တွေ့ရပါတယ်။ Clockwerk အနေနဲ့ ပထမဆုံးစဉ်းစားရတဲ့ ဖိနပ်ရွေးချယ်မှုပေါ် မူတည်ပြီး talent ရွေးချယ်ပုံကိုလည်း ပြောင်းလဲစဉ်းစားနိုင် ပါတယ်။  အခု Talent Update မှာ lvl 10 အတွက် +200 mana cost ကို ထည့်သွင်းပေး ထားခြင်းဟာ Arcane Boots မဖြစ်မနေစပ်ရတဲ့ Clockwerk များအတွက် တခြားဖိနပ်များကို လွတ်လွတ်ကျွတ်ကျွတ် စဉ်းစားသွားနိုင်ပြီ ဖြစ်ပါတယ်။ +200 Mana ဟာ အလိုက်ဖက်ဆုံး Talent ဖြစ်ပေမယ့် မိမိက Cogs နဲ့ ဖမ်းပေးရမယ့် Hero ဟာ Physical Attack ကောင်းတဲ့ Hitter ဖြစ်နေရင်တော့ Armor Talent ကို အခြေအနေအရ စဉ်းစားနိုင်ပါတယ်။ မိမိက Power Tread ကို ရွေးချယ်ခဲ့တယ် (ဒါမှမဟုတ်) မိမိအသင်းဘက်က Pick ထားတဲ့
Hero များအရ Follow Up လိုက်ပေမယ့် Hitter လိုချက် ရှိရင်တော့ +50 Damage Talent ကို မိမိ Last Hit အတွက်၊ Physical Damage Output အတွက် ရွေးချယ်နိုင်ပါတယ်။ ယေဘုယျ အနေနဲ့တော့ မိမိရဲ့ Rocket Flare ကို 275 Damage ဖြစ်စေတဲ့ ပုံစံကို အမြင်ရများပါတယ်။ lvl 15 Talent ရွေးချယ်မှုမှာတော့ အားလုံးသိတဲ့အတိုင်း Respawn Time ဟာ လူကြိုက်များတဲ့ ရွေးချယ်မှု
ဖြစ်ပါတယ်။ ဒါပေမဲ့ Clockwerk လိုမျိုး Initiator အတွက်တော့ +12% Magic Resistance ဟာ မများပေမယ့် မနည်းတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ Magic Resistance ကို ပိုမို အကြံပြုချင်ပါတယ်။ Battery Assault Talent ကို ရွေးချယ် မယ်ဆိုရင် Permanent Battery Assault ဖြစ်သွားစေမှာပါ။ 20 seconds Duration / 20 seconds Cooldown ဖြစ်သွားတဲ့အတွက် Clockwerk ဟာ Moving Mini-stun Unit တစ်ခုအဖြစ် ပြောင်းလဲ သွားစေမှာပါ။ +400 Hp ကတော့ +20 strength မှာရရှိမယ့် Hp Pool နဲ့ ညီမျှပါတယ်။

Hookshot + Battery Assault + Power Cogs Combo ကို အသုံးပြုပြီး တိုက်ခိုက်ရတဲ့ Clockwerk ဟာ Initiator တစ်ကောင်လို့ ပြောလို့ရပေမယ့် Enemy Team  ကို ပထမဆုံး Battle ခေါ်ရမယ့် Hero ဖြစ်လို့ များသောအားဖြင့် ပြန်လည် တိုက်ခိုက်ခံရလေ့ ရှိပါတယ်။ ဒါကြောင့် Initiator အပြင် Tank Hero ပါ ဖြစ်တဲ့ Clockwerk အနေနဲ့ Blade Mail ဟာ ဦးစားပေးစပ်သင့်တဲ့ Item တစ်ခုဖြစ်သလို Hood ဟာလည်းပွဲအခြေအနေအရရွေးချယ်နိုင်တဲ့ Item များဖြစ်ပါတယ်။ Ultimate Hookshot ရဲ့ Manacost ကလွဲရင် ကျန်တဲ့ Ability  ၃ ခုစလုံးဟာ 100 မကျော်တဲ့ Manacost တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Spamming Abilities တွေအဖြစ် လုံလုံလောက်လောက် အသုံးပြုဖို့ Arcane Boots ကိုအစောပိုင်း ရွေးချယ်တတ် ကြပေမယ့် အခုဆို Lvl 10 Talent မှာ ပါဝင်လာတဲ့ +200 Mana Talent ကြောင့် Guardian Greaves ထည့်ရမယ့် ပွဲမဟုတ်ရင်
Arcane Boots ကို ဦးစားပေး ထည့်နေစရာ မလိုတော့ပါဘူး။ Ganker ပုံစံနဲ့ဆော့မယ့် Rattle trap ကစားသမား တစ်ယောက် အနေနဲ့ Battery Assasult နဲ့ Power Cogs ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်ဖို့ Arcane Boots မထည့်ဘဲ Phase Boots + Bottle ပုံစံနဲ့ ဆော့တာကိုလည်း တွေ့ရတတ်ပါတယ်။ ဖိနပ်ရွေးချယ်မှုကိုတော့ မိမိနှစ်သက်တဲ့ အတိုင်း Power Tread, Phase Boots, Arcane Boots အစရှိ သဖြင့် ရွေးချယ်ကြတဲ့အတွက် ပုံသေတွက်ချက်လို့ မရပေမယ့် Aghanim’s Scepter ကတော့ မဖြစ်မနေ ပါဝင်သင့်တဲ့ Core Item တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။ Attribute နဲ့ Hp, Mana Pool ကို တိုးစေမယ့်အပြင် Ultimate Cooldown ကိုလည်း ကျစေမယ့်အတွက် ဖြစ်ပါတယ်။ အစောပိုင်း Mana ပမာဏနည်းတဲ့ Clockwerk အတွက် Magic Stick ဟာ အခြေခံ Item တစ်ခုဖြစ်ပြီး Team Fight အတွက် အကျိုးရှိမယ့် Shiva Guard, Lotus Orb နဲ့ Durable လုပ်ဖို့အတွက် အသုံးဝင်မယ့် Crimson Guard, Pipe of Insight, Heart တို့ကို အခြေအနေအရ ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အခုအခါမှာတော့ Force Staff နဲ့ Eul Staff တို့ဟာ Clockwerk အတွက် အရေးကြီးတဲ့ Core Item များ ဖြစ်လျက် ရှိပါတယ်။ မည်သို့ပင်ဆိုစေကာ မူ မိမိနှစ်သက်သော ကစားကွက် သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

-yahooyeeha