New Journey-Puck The Faerie Dragon

မတ်လ ၁၅ ရက်က တရားဝင်လွှင့်တင်ခဲ့တဲ့ v7.03 မှာ တော့ အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း ၂ဝ၁၄ ဝန်းကျင်၊ တစ်ခေတ် တစ်ခါကခေတ်စားခဲ့တဲ့ R.A.T Meta ကို အသက်သွင်းခဲ့တာ တွေ့ရမှာပါ။ Pusher Hero တွေဖြစ်တဲ့ Broodmother, Death Prophet , Nature’s Prohet, Chen, Pugna တို့ကို အဓိက Buff ပေးထားပြီး v7.00 စတင်ခဲ့ ကတည်းက Meta Hero တွေ ဖြစ်ခဲ့ကြတဲ့ Ember Spirit, Slardar, Lone Druid, KotL, Ogre Maig, Earth Spirit, Treant Protector, Weaver တို့ကို သိသိသာသာ Nerf ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒီလို အပြောင်းအလဲတွေကြားမှာ ကစားသမားတွေ စိတ်ဝင်စားလာတဲ့ အပြောင်းအလဲ ၂ ခုကတော့ Hyperstone ရဲ့ Allied Hero ပေါ် သုံးပေးလို့ရတဲ့ အချက်နဲ့ Puck ရဲ့ Lvl 25 Talent Buff ပဲဖြစ်ပါတယ်။

Puck ဟာ Macro Skill ပိုင်နိုင်မှုလိုအပ်သော High Difficulty ရှိတဲ့ Intelligence Hero တစ်ကောင်ဖြစ်ပါတယ်။ Micro Skill ကတော့ Unit များစွာကို Group များနဲ့ ထိန်းချုပ်ရတဲ့ Skill ဖြစ်ပြီး Macro Skill ကတော့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို အသေးစိတ် ကျွမ်းကျင်ကျနစွာ ကိုင်တွယ်ကာ Overall Map, Gaming, Laning များရဲ့ အသေးစိတ်ကိုပါ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Puck ဟာ များသောအားဖြင့် Mid Lane မှာနေလေ့ရှိပြီး High Mobility, High Escape
Ability များကြောင့် ကစားပွဲ အစောပိုင်းကတည်းက တစ်ဖက်အသင်းရဲ့ Roaming များကို ရှောင်ရှားနိုင်ရုံမကဘဲ တစ်ဖက် အသင်းရဲ့ Mid Lanerကို Harass လုပ်နိုင်တဲ့ Hero တစ်ကောင်ပဲ ဖြစ်ပါတယ်။ ရံဖန်ရံခါမှာ Offlane နေတာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။

Abilities
Illusory Orb

Target ထောက်လိုက်တဲ့ ဦးတည်ဘက် Range 1950 အကွာအဝေးအထိပစ်လွှတ်နိုင်တဲ့ Illusory Orb ကတော့ Puck ရဲ့ Nuke Ability တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ Damage 280 အထိ သက်ရောက်နိုင်ပြီး Orb ဟာ 225 Damage AoE နဲ့ 550 Flying Vision ရှိမှာ ဖြစ်ပါတယ်။ Illusory Orb ကို Lvl ယူလိုက်တာနဲ့ Orb ရောက်ရှိနေရာ တည်နေရာသို့ ချက်ချင်းရောက်ရှိ သွားစေမယ့် Sub Ability Ethereal Jaunt ဟာလည်း Puck အတွက် Initiate/ Escape Ability တစ်ခုဖြစ်ပါတယ်။

Waning Rift

280 AoE Damage ထပ်မံ သက်ရောက်နိုင်တဲ့ ဒုတိယမြောက် Nuke Ability ဖြစ်ပါတယ်။ 400 AoE အတွင်းက Enemy များကို
Damage သက်ရောက်စေရုံမကဘဲ 0.75/ 1.5/ 2.25/ 3 seconds ကြာမြင့်တဲ့ Silence ကိုပါ သက်ရောက်စေမှာပါ။

Phase Shift

“ဖမ်းဖို့ခက်တဲ့ Puck” ဆိုပြီး ဖြစ်လာစေတဲ့အဓိက Ability ကတော့ Phase Shift ဖြစ်ပါ တယ်။ ပုံသေ Cooldown 6 seconds နဲ့ Zero Mana Cost သာရှိပြီး တင်လိုက်တဲ့ အဆင့်အလိုက် 0.75/ 1.5/ 2.25/ 3.25 seconds ကြာမြင့်တဲ့ Hidden Buff ကိုပေးစွမ်းမှာ ဖြစ်ပါတယ်။

Ultimate Dream Coil

375 AoE ရှိတဲ့ Dream Coil ကို အသုံးပြုလိုက်တဲ့အခါ နောက်ဆုံးအဆင့်မှာ 200 Damage နဲ့ 0.5 second Stun ကို သက်ရောက်စေပါမယ်။ ဒါပေမဲ့ အဆိုပါ Dream Coil ထသွားတဲ့ Enemy များဟာ Dream Coil Duration 6 seconds အတွင်းမှာ Coil ဗဟိုရဲ့ 600 Range အပြင်ကို ထွက်ဖို့ ကြိုးစားခဲ့မယ်ဆို ရင်နောက်ထပ် 200 Link Break Damage နဲ့ 3 seconds Stun ကို ထပ်မံခံစားစေမှာ ဖြစ်ပါတယ်။ Aghanim’s Scepter ကို စပ်မယ်ဆိုရင်တော့ Duration 8 seconds ဖြစ်စေပြီး Link Break Damage 300 နဲ့ 4.5 seconds Stun ဆိုပြီး တိုးသွားစေမှာ ဖြစ်ပါတယ်။

Talents

lvl 10 >> +175 Hp (or) +8 Intelligence
lvl 15 >> +20% Magic Resistance (or) +50 Damage
lvl 20 >> -3s Waning Rift Cooldown (or) +10% Spell Amplification
lvl 25 >> +75% Illusory Orb Distance/ Speed (or) +420 Gold/ Min

Strength Grow နည်းပါးတဲ့ Hero တစ်ကောင်အတွက် Hp Talent ဟာ လွန်စွာမှ အဖိုးတန်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင် Escape Ability (၂) ခု၊ အပြင်  Escape Item တွေထည့်ပြီး ဆော့လေ့ရှိတဲ့Nukerတစ်ကောင်အနေနဲ့ Mana Pool နဲ့ Damage ပါတက်မယ့် +8 Intelligence Talent ဟာ ပိုပြီးရွေးချယ်ဖို့ သင့်တော်ပါလိမ့်မယ်။

20% Magic Resistance ကတော့ Puck လို Hero မျိုးနဲ့ လိုက်ဖက်မှု သိပ်မရှိပါဘူး။ အထက်မှာ ပြောခဲ့တဲ့အတိုင်း Puck ဟာ Damage လက်ခံတဲ့ Hero မျိုးမဟုတ်ဘဲ Damage ရှောင်တဲ့ Hero ဖြစ်လို့ +50 Damage ဟာ Power Tread နဲ့ဆော့တဲ့ Puck တွေအတွက် အလွန်ကောင်းတဲ့ Talent ဖြစ်ပါလိမ့်မယ်။

Waning Rift Talent ကို ရွေးချယ်မယ် ဆိုရင်တော့ 10 seconds cooldown သာရှိတော့မှာပါ။ ဒါပေမဲ့ Nuker တစ်ကောင်ဖြစ်တဲ့ Puck အတွက်တော့ Illusory Orb, Waning Rift, Dream Coil အပြင် Dagon, Shiva Guard တို့ကနေရရှိမယ့် Magic Damage Source ပေါင်းများစွာနဲ့ နှိုင်းယှဉ်တဲ့အခါ -3 seconds လောက်က မပြောပလောက်ပါဘူး။

အခု Update မှာ လူပြော အများဆုံးက +420 GPM Talent ဖြစ်ပါတယ်။ ဒါပေမဲ့ lvl 25 ရောက်တဲ့ Puck အတွက် 1 second တိုင်းမှာ သူများထက် +7 gold များနေခြင်းက ထိုက်တန်မှုရှိမရှိ ကြည့်ရအောင်ပါ။ ဒီ Update မှာ ပါဝင်လာတဲ့ Sharable Hyperstone ဟာ +50 Attack Speed ကိုသာ ပေးမှာဖြစ်ပါတယ်။ မိမိ Item Slot အနေနဲ့လည်း Luxury Item များထက် ယေဘုယျကျတဲ့ Item စနစ်ကျပြီးသား Hero ဖြစ်လို့ Team Play တွေမှာတော့ Illusory Orb Talent က သိသိသာသာ အကျိုးရှိစေမှာပါ။

Overview

Puck ဟာ Macro Hero တစ်ကောင်ဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Nuke Ability များနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။lvl 7 မှာ Puck ဟာ Orb (300) + Rift (100) + Coil (100) = 500 Damage ကိုAoEနဲ့ သက်ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါဟာGanking လုပ်လို့ကောင်းတဲ့ Initiate Ability ပါဝင်သော Puck အတွက်တော့ Early Game မှာ Bottle တစ်လုံးဆောင်ထားပြီး
ဘေးလမ်းတွေပတ်ရင်း Kill Score ယူလို့ကောင်းသော high mobility hero ဖြစ်နေရခြင်းပါပဲ။ Intelligence Hero တစ်ကောင် အနေနဲ့ Projectile Speed 900 ခန့်ရှိခြင်းဟာ Spell Damage အသားပေးအပြင် Normal Attack ကနေ Damage ယူလို့ရတာရော၊ Strength Growth (1.7) သာရှိတဲ့အတွက် lvl 6 ရောက်မှ 700 Hp သာရှိလို့ Phase Boots အစား Power Tread ကို First Item အဖြစ် ရွေးချယ်ကြခြင်းပဲ ဖြစ်ပါတယ်။ Blink Dagger ကတော့ Mid Core Puck အတွက် မပါမဖြစ် Item ဖြစ်ပြီး Safe Initiation လုပ်နိုင်မှာ ဖြစ်ပါတယ်။ Dagger > Waning Rift > Dream Coil > Orb > Phase Shift > Jaunt နဲ့ ပြန်ထွက်တဲ့ ပုံစံဟာ အမြင်တွေ့ရ အများဆုံးဖြစ်ပြီး မိမိအသင်းဘက်က ဦးစွာ Gank တဲ့အခါမှာ Initiate လုပ်ပေးဖို့အသုံးများတဲ့ ကစားပုံ ဖြစ်ပါတယ်။ အသားကျအောင် လေ့ကျင့်ထား သင့်ပါတယ်။ ဒါပေမဲ့ တစ်ဖက်အသင်းက သင့်ဘက်ကို လာ Gank ခံရတာ ကိုသိတာနဲ့ တစ်ပြိုင်နက်
Phase Shift ကို ဦးစွာနှိပ်ပြီးမှ နောက်ပိုင်း Decision များကို ဆက်ချသင့်ပါတယ်။ အကြောင်းက Blink Dagger ပေါ်ကျလာတဲ့ Damage Cooldown 3 seconds ထက် 3.5 seconds ကြာမြင့်တဲ့ Phase Shift က သင့်ကို Team Fight အပြင်ကို လွတ်လွတ် ကျွတ်ကျွတ် ထွက်သွားနိုင်ဖို့အ ကောင်းဆုံး အခွင့်အရေးကို ပေးမှာကြောင့် ဖြစ်ပါတယ်။ Power Tread > Dagger ပြီးရင်တော့ တတိယမြောက် Item ကို ပွဲအခြေအနေကြည့်ပြီး အားသာနေရင် ရိုးရိုးရှင်းရှင်း Nuke Damage နဲ့ဖျောက်ဖို့ Dagon, မိမိဘက်က အသင်းသားတွေရဲ့ Backup ကို ယုံကြည်ရတဲ့အခါEul Staff (or) Veil of Discord, Super Safe play အတွက် Linken Sphere, Luxury Item များအနေနဲ့ Shiva Guard, Hex, Aghanim’s Scepter, Octarine Core တို့ကို ရွေးချယ်နိုင်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။