October 20, 2017

New Journey- Bradwarden, The Centaur Warrunner

လက်ရှိ ပြောင်းလဲထားတဲ့ v7.02 အထိ Public Matchmaking တွေရဲ့ 3k နဲ့ 5k အတွင်းမှာ Pubstomper တစ်ကောင်အဖြစ် ရပ်တည်နေတဲ့ Hero ကတော့ ခေတ်အဆက်ဆက် ခေတ်စားခဲ့တဲ့ Healer တွေ ထဲက မဟုတ်ပါဘူး။ ၎င်းကတော့ Offlane Hero တစ်ကောင်ဖြစ်ပြီး Powerful Strength Melee Tanker တစ်ကောင်ဖြစ်တဲ့ Bradwarden, The Centaur Warrunner ပဲဖြစ်ပါတယ်။ Dota ဟာ Meta Change များဖြင့် အလှည့်ကျ အပြောင်းအလဲရှိတဲ့ Strategy Game တစ်ခုဖြစ်ပြီး ယခုအ ချိန်မှာတော့ ကစားပွဲတစ်ပွဲရဲ့ အဆုံးအဖြတ်ဟာ Offlane Hero အပေါ် များစွာ မှီခိုတဲ့ New Journey Meta ကို ရောက်ရှိနေ တာဖြစ်ပါတယ်။ Offlane Hero တွေဟာ Item အမြောက်အမြား မလိုအပ်ဘဲ ကစားပွဲတစ်ခုကို အလှည့်အပြောင်း ပေးနိုင်တဲ့ Ability ဖွဲ့စည်းပုံများဖြင့် တည် ဆောက်ထားတဲ့ Powerful Hero တွေဖြစ်ပါတယ်။ ဒါကြောင့် Strong Ability Build ဖြင့် ဖွဲ့စည်းထားတဲ့ Centaur Warrunner ဟာ လက်ရှိ နာမည်ကြီး Offlaner တွေဖြစ်တဲ့ Underlord, Slardar, Enigma, Lycan, Zeus, Timbersaw တို့ကို ကျော်ဖြတ်ပြီး Avg Pub Stomper တစ်ကောင်အဖြစ် ရပ်တည်လျက် ရှိပါတယ်။

Abilities

Hoof Stomp

ရိုးရှင်းတဲ့ AoE Nuke and Disable Ability တစ်ခုဖြစ်ပါတယ်။ Cooldown နဲ့ Mana Cost အပြောင်းအလဲမရှိတဲ့ Hoof Stomp ဟာ lvl တင်တဲ့အခါ Damage နဲ့ Stun Duration တိုးလာမှာ ဖြစ်ပါတယ်။ အားနည်း ချက်ကတော့ Hoof Stomp ဟာ 0.5 cast point ရှိခြင်းပဲ ဖြစ်ပါတယ်။

Double Edge

Mana Cost မလိုအပ်ဘဲ များပြားတဲ့ Damage ပမာဏကို ပေးမယ့် Double Edge ကတော့ Centaur ရဲ့ လူကြိုက်များတဲ့ ဦးစားပေး Ability တစ်ခုဖြစ်ပါ တယ်။ v6.75 မှာကတည်းက 190 AoE အတွင်းက Unit အားလုံးကို Damage သက်ရောက်တဲ့ ပုံစံကို ပြောင်းလဲကတည်းက Centaur ရဲ့ Farming Potential ဟာ သိသိသာသာ တိုးတက်ခဲ့ပြီးသား ဖြစ်ပါတယ်။ အားနည်းချက်ကတော့ Enemy ကို သက်ရောက်လိုက်မယ့် 400 Damage ဟာ မိမိဘာသာလည်း ပြန်လည် သက်ရောက်မယ့် အချက်ပဲဖြစ်ပြီး Strength Grow ကောင်းရုံမက Magic Resistance Talent ပါဝင်တဲ့ Centaur အတွက်တော့ ရတာနဲ့ ပေးရတာ ထိုက်တန်တဲ့ Ability ဖြစ်ပါတယ်။

Return

Passive Ability တစ်ခုဖြစ်တဲ့ Return ကတော့ Centaur တိုက် ခိုက်လာမယ့် Normal Attack တိုင်းကို Return ပြန်စေမယ့် Ability ဖြစ်ပါတယ်။ 16/ 18/ 20/ 22 Base Damage + Centaur ရဲ့ Strength 30%/ 45/ 60/ 75% ကို တိုက်ခိုက်သူကို ပြန်လည် သက်ရောက်စေမှာပါ။ ဥပမာ – Strength 100 ရှိတဲ့ Centaur ဟာ lvl 4 Return ယူထားမယ်ဆိုရင် 22 + 100 ရဲ့ 75% = 22 + 75 = 97 Damage အတိုင်း Return ပြန်မှာဖြစ်ပါတယ်။

Ultimate Stampede

Centaur ရဲ့ Teammate အားလုံးကို 4 seconds ကြာမြင့်တဲ့ 550 Movement Speed ကို ရရှိသွားစေပြီး အဆိုပါ Duration အတွင်းမှာ ဝင်တိုက်ခံရတဲ့ Enemy များအားလုံးကို Centaur ရဲ့ Strength ၁ ဆ၊ ၂ ဆ၊ ၃ ဆကိုပါ သက်ရောက်စေမှာ ဖြစ်ပါတယ်။ Aghanim’s’ Scepter စပ်လိုက်ရင်တော့ Stampede Duration အတွင်းမှာ တစ်သင်းလုံးဟာ သစ်ပင်များနဲ့ ကုန်းမြင့် များကိုပါ ကျော်ဖြတ်သွားလာနိုင်မယ့် အပြင် 60% All Damage Reduction ကိုပါ ရရှိနေမှာ ဖြစ်ပါတယ်။

Talents

Lvl 10 = +2 Mana Regen (or) +35 Damage

Lvl 15 = +10% Magic Resistance (or) 10% Evasion

Lvl 20 = +15 Strength (or) + 10% Spell Amplification

Lvl 25 = +1s Hoof Stomp Duration (or) Gains Return Aura

Lvl 10

Base Intelligence ၁၆ နဲ့ Intelligence Grow ၁.၆ သာရှိတဲ့ Centaur ဟာ အစောပိုင်းသုံးစရာ Hoof Stomp တစ်ခုတည်းသာ ရှိပေမယ့် Mana Regen အားနည်းမယ့် Hero တစ်ကောင် ဖြစ်နေပါတယ်။ +2 Mana Regen ဟာlvl 10 centaur အတွက် နည်းပါးပေမယ့် တော်တော်လေး ထိရောက်တဲ့ Talent ဖြစ်လို့ ဒီအပိုင်းမှာတော့ +2 Mana Regen Talent ကိုအကြံပြုလိုပါတယ်။ တစ်ဖက်က ပြန်ကြည့်တဲ့အခါ Centaur ဟာ Axe ကဲ့သို့ Farming တစ်ခုကို လုပ်ဖို့အတွက် Damage မလိုအပ်တဲ့ Hero တစ်ကောင်ဖြစ်တဲ့ အချက်ကို တွေ့ရမှာပါ။

lvl 15

+10 Magic Resistance ဟာ နည်းပါးပေမယ့် 5s Cooldown ရှိတဲ့ Double Edge ကို ခဏခဏ သုံးဖို့လိုအပ်တဲ့ Centaur အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်စေမှာပါ။ တစ်ဖက်အသင်းက Physical Damage Hitter များရှိလို့ 10% Evasion ကိုယူနိုင်ပေမယ့် Miss ထ သွားတဲ့အချိန်မှာ Return မပြန်နိုင်တဲ့ အားနည်းချက် ရှိသေးတာကိုတော့ မေ့မထားသင့်ပါ ဘူး။

lvl 20

Centaur ရဲ့ Hoof Stomp, Double Edge နဲ့  Stampede အားလုံးဟာ Magic Damage Ability များဖြစ်ပါတယ်။ ဒါကြောင့် +10% Spell Amplification ဟာlvl 20 Centaur ရဲ့ Hoof Stomp ကို 275 Damage, Double Edge ကို 440 Damage နဲ့ Stampede ကို 110%/ 220%/ 330% Damage ထိနိုင်ပေမယ့် Late Game မှာ တိုးသွားတဲ့ အဆိုပါ Damage ပမာဏလေးဟာ ထင်သလောက်တော့ မများနိုင်ပါဘူး။ (အဆိုပါ Damage Boost လေးဟာ Return တစ်ချက် ပြန်စာလောက်တောင် မရှိပါဘူး) ဒါကြောင့် Strength များလေ Return နဲ့ Stampede တို့က Damage ပမာဏကို တိုးစေတဲ့ Centaur အတွက်တော့ +300 Hp တိုးစေတဲ့အပြင် အခြား Hero များရဲ့ Strength Talent ရွေးချယ်မှုထက်ကို သာလွန်တဲ့ ရွေးချယ်မှု ဖြစ်စေမှာ အသေအချာပါပဲ။

lvl 25

Enemy Hero ကို မိအောင် ဖမ်းနိုင်ရင်တော့ +1 second Hoof Stomp Duration ဟာ Magnus ရဲ့ Ultimate Reverse Polarity ရဲ့ Stun Duration နဲ့ ထပ်တူညီမျှတဲ့ 3.75 seconds Stun ကို ဖြစ်ပေါ် စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ Pub မှာတော့ Return Aura က ပိုမိုထိရောက်ဆဲ ဖြစ်ပါတယ်။ အကြောင်းက Centaur ရဲ့ 900 AoE အတွင်းမှာရှိတဲ့ Allied Hero များနဲ့ Summon Units များ အားလုံးက Centuar ရဲ့  Return Ability ကို Aura တစ်ခုအနေနဲ့ ရရှိနေမှာဖြစ်ပြီး အဆိုပါ Allied များကို တိုက်ခိုက်တဲ့ Enemy တိုင်းဟာ Centaur ကို တိုက်ခိုက်တဲ့အခါ မိမိကို ပြန်ထိသလိုကို အချိန်တိုင်း ပြန်ထိနေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် Initiator တစ်ကောင် ဖြစ်သလို Tank Hero တစ်ကောင်ဖြစ်တဲ့ Centaur အတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ Late Game Talent ရွေးချယ်မှု ဖြစ်လာမှာပါ။

Overview

အထက်မှာ ဖော်ပြခဲ့သလိုပဲ Centaur ဟာ Axe ကဲ့သို့ Farming Potential ကောင်းတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ ၎င်းရဲ့ 190 AoE ရှိတဲ့ Double Edge ဟာ Hero Kill ဖို့အပြင် Neutral Creep စားတဲ့အခါမှာ လွန်စွာ အသုံးဝင်ပါတယ်။ လက်ရှိမှာတော့ Powerful Offlane Hero တွေရဲ့ အခြေခံ Item ဖြစ်တဲ့ Dagger ဟာ မရှိမဖြစ် လိုအပ်မှာဖြစ်ပြီး Tanker, Initiator တို့အတွက် လိုအပ်လေ့ရှိတဲ့ Pipe, Crimson Guard, Shiva Guard ကစားပွဲရဲ့ စ၊ လယ်၊ ဆုံး အဆင့်ဆင့်မှာ စပ်သင့်တဲ့ item များဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ Centaur အတွက် မရှိမဖြစ် Item တစ်ခုအဖြစ် Aghanim’s Scepter ကိုအကြံပြုလိုပါတယ်။ Smoke Gank Initiation အတွက် အသုံးဝင်တဲ့ အပြင် များပြားလွန်းတဲ့ 60% Damage Reduction ကို Global Range အတွင်းမှာ ရရှိရုံသာမက နည်းပါးတဲ့ Cooldown တစ်ခုကြောင့် Enemy Team ရဲ့ ဖမ်းခြင်းကို ခံထားရတဲ့ Allied Hero ကို ကယ်တင်ပေးဖို့လည်း ခလုတ်တစ်ချက်တည်း နှိပ်ရုံနဲ့ ကယ်တင်ပေးနိုင်တဲ့ အားသာချက်ကလည်း ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ ပွဲကြာသွားတဲ့အခါမှာ တော့ Heart ကို နောက်ဆုံး Item အဖြစ် ထည့်သွင်းနိုင်ပြီးEul Staff, Force Staff, Blade Mail တို့ကတော့ Situational Item များအဖြစ် ရွေးချယ်နိုင်ပါတယ်။ အခုနောက်ဆုံး Patch ဖြစ်တဲ့ v7.02 အထိ Centaur ဟာ Under 5k မှာ Stomper Hero တစ်ကောင် ဖြစ်နေဆဲပါပဲ။ မည်သို့ပင်ဆိုစေကာမှု မိမိနှစ်သက်သော ကစားကွက်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။