November 18, 2017

.Net Developer ဖြစ်လိုသူများအတွက် Diploma In .Net သင်တန်းဖွင့်လှစ်မည်

.Net Developer ဖြစ်လိုသူတွေအတွက် လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်ရန် သင်ကြားပေးမယ့် Diploma In .Net သင်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းတွင် Modules ၄ ခု သင်ကြားရမှာဖြစ်ပြီး သက်ဆိုင်ရာ Module တစ်ခုချင်းစီတွင် Basic Concept မှ မိမိကိုယ်တိုင် coding ရေးသားနိုင်တဲ့ Advance Level အထိ စဉ်းစားပုံစဉ်းစားနည်းများကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားရမယ့် ဘာသာရပ်တွေကတော့ Oriented Programming Concepts Using C#, Introduction & Querying Data Using SQL Server 2012, Introduction to Window Store App Development C#, Developing Web Application Using ASP Net MVC (With Project) တို့ ဖြစ်တယ်လို့သိရပါတယ်။ သင်တန်းပြီးဆုံးပါက Project class များအသစ် ဖန်တီးနိုင်ခြင်း၊ Data များကို Search လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ဖျက်ခြင်း၊ ပြုပြင်ခြင်း၊ တည်ဆောက်အသုံးပြုနိုင်ခြင်းတို့အပြင် Programming Language များဖြစ်သော user defined functions, stored procedure and trigger တွေနဲ့ ချိတ်ဆက်ရေးသားနိုင်ခြင်း၊ Windows Store App ၏ windows devices များပေါ်တွင် အသုံးပြုနိုင် သော universal windows App များဖန်တီးနိုင်ခြင်း၊ ASP .Net Microsoft တွင် Web Application များကို deployment ပြုလုပ်နိုင်ခြင်း တို့ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက Linux Lab ဖုန်း ၀၁- ၆၅၂၂၄၃, ၀၉-၉၇၉၂၉၁၉၁၁ သို့ဆက်သွယ်စုံစမ်း နိုင်ပါတယ်။

-ဝေဝေ