Myanmar Pou Chen မွ ရာႏႈန္းျပည့္ ပညာသင္ဆုေပးအပ္မည္

[ Zawgyi ]

Myanmar Pou Chen မွ အင္ဂ်င္နီယာႏွင့္ စီမံခန္႔ခြဲမႈမဟာသိပၸံဘြဲ႔ ေလ့လာလုိသူေတြ အတြက္ ရာႏႈန္းျပည့္ ပညာသင္ဆုႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းေတြကုိ ဧၿပီလ ၃၀ ရက္ ေနာက္ဆံုးထား ကာ ေလွ်ာက္လႊာလက္ခံလွ်က္ရွိပါတယ္။

ေရြးခ်ယ္ခံရေသာ လူငယ္မ်ားသည္ ကမၻာလံုးဆိုင္ရာ ထုတ္လုပ္မႈအင္ဂ်င္နီယာႏွင့္ စီမံခန္႔ခြဲမႈ မဟာသိပၸံ (MSc in Global Production Engineering and Management) ကို ဗီယက္နမ္ႏိုင္ငံရွိ ဗီယက္နမ္-ဂ်ာမန္တကၠသိုလ္ (Vietnamese German University (VGU)) တြင္တက္ေရာက္ ႏိုင္မည္ျဖစ္ၿပီး ပညာသင္ၿပီးေျမာက္မႈေပၚ မူတည္ကာ ပညာသင္ဆု ပူးတြဲ ေထာက္ပံ့သည့္ ကုမၸဏီႏွင့္ ၃ႏွစ္တာ လက္တြဲ လုပ္ကိုင္ရန္ အလုပ္အကိုင္အခြင့္အလမ္း ရရွိမွာပါ။

ပညာသင္ဆုအတြက္ ေရြးခ်ယ္ခံရသူသည္ ပညာသင္ဆု ေပးအပ္ခ်ီးျမွင့္မႈ မတိုင္မီ Myanmar Pou Chen တြင္ သံုးလတာ အလုပ္သင္အျဖစ္ ၀င္ေရာက္လုပ္ကိုင္ရမွာျဖစ္ပါတယ္။ ပညာသင္ၿပီးဆံုးပါက ပညာသင္ဆုေထာက္ပံ့ေပးတဲ့ ပူးတြဲ ကုမၸဏီမွာ ျပန္လည္ဦးေဆာင္ အလုပ္လုပ္ကိုင္ရန္ သေဘာတူရမွာျဖစ္ပါတယ္။

ပညာသင္ဆုေလွ်ာက္ထားလုိသူေတြ အေနနဲ႔ မဟာဘြဲ႔အားရယူလိုမႈႏွင့္ ေလ့လာလိုမႈႏွင့္ ဖိနပ္ထုတ္လုပ္မႈနယ္ပယ္တြင္ ေခါင္းေဆာင္အျဖစ္ ရပ္တည္ လိုေသာ စိတ္အားထက္သန္မႈရွိသူေတြ၊ အင္ဂ်င္နီယာပညာရပ္ သို႔မဟုတ ယင္းနဲ႔ဆက္ႏြယ္တဲ့ နယ္ပယ္ (Mechanical, electronic, footwear, chemistry, textiles စသည္ျဖင့္) တြင္ ဘြဲ႕ရရွိသူ IELTS အမွတ္ 6.5 သို႔မဟုတ္ညီမ ွ်ေသာ အဂၤလိပ္စာ အရည္အခ်င္း ရွိသူ ၊ ယခင္ဘြဲ႔ရရွိအၿပီး လုပ္ငန္းခြင္အေတြ႔အၾကံဳအနည္းဆံုး တစ္ႏွစ္နဲ႔အထက္ရွိသူေတြ ေလွ်ာက္ထားႏုိင္မွာ ျဖစ္ပါတယ္။

ေလ်ွာက္လႊာတင္ရန္ မိမိကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ သက္ဆိုင္ရာ စာရြက္စာတမ္းမ်ားကို ဒီေနရာသို႔ ေပးပို႔ရမွာျဖစ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကုိ ဒီေနရာမွာ ဝင္ေရာက္ၾကည့္႐ႈႏုိင္မွာ ျဖစ္ပါတယ္။

-သႏၲာ

=================

[ Unicode ]

Myanmar Pou Chen မှ ရာနှုန်းပြည့် ပညာသင်ဆုပေးအပ်မည်

=================

Myanmar Pou Chen မှ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့ လေ့လာလိုသူတွေ အတွက် ရာနှုန်းပြည့် ပညာသင်ဆုနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဧပြီလ ၃၀ ရက် နောက်ဆုံးထား ကာ လျှောက်လွှာလက်ခံလျှက်ရှိပါတယ်။

ရွေးချယ်ခံရသော လူငယ်များသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုအင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု မဟာသိပ္ပံ (MSc in Global Production Engineering and Management) ကို ဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ်-ဂျာမန်တက္ကသိုလ် (Vietnamese German University (VGU)) တွင်တက်ရောက် နိုင်မည်ဖြစ်ပြီး ပညာသင်ပြီးမြောက်မှုပေါ် မူတည်ကာ ပညာသင်ဆု ပူးတွဲ ထောက်ပံ့သည့် ကုမ္ပဏီနှင့် ၃နှစ်တာ လက်တွဲ လုပ်ကိုင်ရန် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာပါ။

ပညာသင်ဆုအတွက် ရွေးချယ်ခံရသူသည် ပညာသင်ဆု ပေးအပ်ချီးမြှင့်မှု မတိုင်မီ Myanmar Pou Chen တွင် သုံးလတာ အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ပညာသင်ပြီးဆုံးပါက ပညာသင်ဆုထောက်ပံ့ပေးတဲ့ ပူးတွဲ ကုမ္ပဏီမှာ ပြန်လည်ဦးဆောင် အလုပ်လုပ်ကိုင်ရန် သဘောတူရမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ မဟာဘွဲ့အားရယူလိုမှုနှင့် လေ့လာလိုမှုနှင့် ဖိနပ်ထုတ်လုပ်မှုနယ်ပယ်တွင် ခေါင်းဆောင်အဖြစ် ရပ်တည် လိုသော စိတ်အားထက်သန်မှုရှိသူတွေ၊ အင်ဂျင်နီယာပညာရပ် သို့မဟုတ ယင်းနဲ့ဆက်နွယ်တဲ့ နယ်ပယ် (Mechanical, electronic, footwear, chemistry, textiles စသည်ဖြင့်) တွင် ဘွဲ့ရရှိသူ IELTS အမှတ် 6.5 သို့မဟုတ်ညီမ ျှသော အင်္ဂလိပ်စာ အရည်အချင်း ရှိသူ ၊ ယခင်ဘွဲ့ရရှိအပြီး လုပ်ငန်းခွင်အတွေ့အကြုံအနည်းဆုံး တစ်နှစ်နဲ့အထက်ရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတင်ရန် မိမိကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ဒီနေရာသို့ ပေးပို့ရမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ