April 20, 2018

Myanmar Fb Font

Facebook မှာ မြန်မာစာဖတ်ရတာမမှန်တဲ့ ဖုန်းတွေအတွက် မြန်မာစာအမှန်နဲ့အသုံးပြုနိုင်စေဖို့ဖန်တီးပေး ထားတဲ့ App ဖြစ်ပါတယ်။ App ကနေ Facebook မြန်မာစာအမှန်အတွက် မြန်မာဖောင့်အလွယ်တကူ သွင်းနိုင်မှာဖြစ်တဲ့အပြင် ယူနီကုတ်၊ ဇော်ဂျီ ဖောင့်စနစ်တွေကိုလည်း ခလုတ်တစ်ချက်နှိပ်ကာ ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းအတွင်း ဖောင့်စနစ် ထည့်သွင်းနည်းကိုလည်း ဖော်ပြပေးထားတဲ့အတွက် အခက်အခဲမရှိ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 2.0 နဲ့ အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်နိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း