MP3 နဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်များကို တရားဝင်ဖျက်သိမ်း

၁၉၉၀ ဝန်းကျင်က မိတ်ဆက်ပေးခဲ့တဲ့ digital audio coding format MP3 နဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်များအတွက် ခွင့်ပြုချက်လိုင်စင်များကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ MP3 ရဲ့ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်တဲ့ ဂျာမန်သုတေသန တက္ကသိုလ် အဖွဲ့ခွဲ Fraunhofer Institute for Integrated Circuits က ထုတ်ပြန်လိုက်ပါတယ်။

MP3 ကို တိုးတက်အောင် ဆောင်ရွက်ရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သလို Fraunhofer အဖွဲ့ခွဲ ဒါရိုက်တာဖြစ်သူ ဘန်းဟာ့ဒ်ဂရေးက AAC audio format ဟာ မိုဘိုင်းဖုန်းရဲ့ ဗီဒီယိုနဲ့ တေးဂီတ download ပြုလုပ်ရာမှာ တရားဝင်စံသတ်မှတ်ချက်တစ်ခု ဖြစ်နေပြီး MP3 ထက် ပိုမိုအသုံးချလျက်ရှိနေတယ်လို့ NPR ထံ ပြောကြားခဲ့ပါတယ်။ AAC ဒါမှမဟုတ် Advanced Audio Coding ကိုဖန်တီးရာမှာ Fraunhofer အဖွဲ့အစည်းက အကူအညီပေးခဲ့ပါတယ်။

Stephen Witt ရေးသားထားတဲ့ How Music Got Free စာအုပ်မှာတော့ MP3 format ဖန်တီးမှုအကြောင်းကို အဖွင့်အခန်းများမှာ ဖော်ပြထားပါတယ်။ အင်ဂျင်နီယာအဖွဲ့ဟာ အချက်အလက်ပမာဏအနည်းငယ်နဲ့ တယ်လီဖုန်းလိုင်းတွေကနေ အသံပေးပို့နိုင်ရန်အတွက် MP3 ကို ဖန်တီးခဲ့ပါတယ်။ Fraunhofer အဖွဲ့အနေနဲ့ MP3 ကို မြန်နှုန်းမြင့်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

MP3 format ဟာ အသံအရည်အသွေးကို မထိခိုက်စေဘဲ အချက်အလက်များစွာ ဖိသိပ်ထားနိုင်တာကြောင့် အလွန်အမင်းရေပန်းစားလာခဲ့ပါတယ်။ ဒါကြောင့် ထုတ်ကုန်တစ်ခုမှာ သီချင်းပေါင်းမြောက်မြားစွာကို သိမ်းဆည်းထားနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ MP3 ဟာ စီဒီ၊ ကက်ဆက်တိပ်ခွေနဲ့ ဓာတ်ပြားများအတိုင်း format အဟောင်းစာရင်း ဝင်သွားခဲ့ပါပြီ။

Ref: NPR