July 15, 2018

Monochrome ဓာတ္ပံု ပံုစံျပဳျပင္လို႔ေကာင္းေအာင္ ဖုန္းနဲ႔ ဘယ္လို ႐ိုက္ကူးမလဲ

Monochrome ဓာတ္ပံုတစ္ပံုအျဖစ္ကိုေဆာ့ဖ္ဝဲနဲ႔ Comvart မလုပ္ခင္မွာ ကိုယ့္ရဲ႕ဓာတ္ပံုမွာ ဘယ္လိုအခ်က္ေတြနဲ႔ ျပည့္စံုစြာ ႐ိုက္ကူးထားသင့္ၿပီး ဘယ္လိုေနရာေတြကို ႐ိုက္ကူးမယ္ဆိုရင္ ပံုေကာင္းေတြ ထြက္ႏိုင္တယ္ဆိုတာကို ေလ့လာႏိုင္ဖို႔အတြက္ ေအာက္မွာ အခ်က္အလက္အခ်ိဳ႕နဲ႔ ေဖာ္ျပေပးသြားပါ့မယ္။

၁။ High Contrast ျမင္ကြင္ေတြကို ႐ိုက္ကူးျခင္း

Monochrome ဓာတ္ပံုဆိုတာဟာ Monotone ျဖစ္တာေၾကာင့္ ကိုယ္႐ိုက္ကူးမယ့္ျမင္ကြင္းတစ္ခုကို ၾကည့္လုိက္တဲ့ အခ်ိန္မွာ ေျမာက္ျမားလွစြာတဲ့ မတူညီတဲ့ အရိပ္ေပါင္းစံုျမင္ေတြ႕ရမွာပါ။ ဒါေၾကာင့္မို႔ ႐ိုက္ကူး ဖို႔အတြက္ ဓာတ္ပံုထဲမွာ အျဖဴသန္႔သန္႔၊ အမည္းသန္႔သန္႔ ထြက္ေပၚႏိုင္ေလာက္မယ့္ အရာေတြ၊ ေနရာေတြကို ေရြးခ်ယ္႐ိုက္ကူးရမွာ ျဖစ္ပါတယ္။

အဲလိုအေနအထားမ်ိဳးေတြ ႐ိုက္ကူးရတဲ့အခါ High Contrast ျမင္ကြင္းေတြက အေကာင္းဆံုးပဲျဖစ္ပါတယ္။ High Contrast ဆိုတာက
ျမင္ကြင္းထဲမွာ အရမ္းေမွာင္ၿပီး အရမ္းလင္းတဲ့ေနရာႏွစ္ခု တစ္ၿပိဳင္တည္း ပါဝင္ေနတာကို ဆိုလိုျခင္းျဖစ္ပါတယ္။

၂။ Silhouettes ပံုေတြ ဖန္တီး႐ိုက္ကူးျခင္း

Silhouettes ဆိုတာဟာ အရမ္းကို ဆြဲေဆာင္မႈရွိၿပီး စြမ္းအားႀကီး တဲ့ Monochrome ဓာတ္ပံုေတြပဲ ျဖစ္ပါတယ္။ Silhouette ဓာတ္ပံု
တစ္ပံုမွာ႐ိုက္ကူးမယ့္ Subject တစ္ခုဟာ လင္းလက္ေနတဲ့ Background ေရွ႕ကေန ကြယ္ရပ္ၿပီးေပၚေနတဲ့ဓာတ္ပံုမ်ိဳးကို ဆိုလိုျခင္း ျဖစ္ပါတယ္။

Silhouette ဓာတ္ပံုတစ္ပံုကို ဖန္တီးမယ့္ပံုစံကေတာ့ ေမွာင္ေနတဲ့ ေဘးပတ္ဝန္းက်င္မွာ အလင္းျဖာၾကေနတဲ့ ျပတင္းေပါက္တစ္ခု ဒါမွမဟုတ္ အလင္းဝင္ေနတဲ့ ေနရာတစ္ခုခုရဲ႕ေရွ႕မွာ Subject တစ္ခုကို အလင္းကိုကြယ္ၿပီး ႐ိုက္ကူးရမယ့္ပံုစံျဖစ္ပါတယ္။ Subject ဆိုရာမွာ လူ သို႔မဟုတ္ အရာဝတၳဳတစ္ခုကို ထည့္သြင္း႐ိုက္ကူးရမွာ ျဖစ္ပါတယ္။

အဲလိုဖုန္းနဲ႔ ႐ိုက္ကူးေနတဲ့အခ်ိန္မွာ ဖုန္းကင္မရာမွာပါဝင္တဲ့ Focus ကိုခ်ိန္႐ြယ္ၿပီး exposure ကိုလည္း အတုိးအေလွ်ာ့ တစ္ခ်ိန္တည္းမွာ ျပဳလုပ္ကာ အလင္းအေမွာင္ကို ကစား႐ိုက္ကူးႏိုင္ပါတယ္။

၃။ Shade ေတြပိုၿပီး ထင္ရွားေအာင္ ႐ိုက္ကူးျခင္း

Monochrome ဓာတ္ပံုတစ္ပံုမွာ Subject တစ္ခုအရိပ္ေတြ ထင္ရွားစြာ ေပၚေအာင္႐ိုက္ကူးျခင္းကလည္း အားသာခ်က္ တစ္ခုပဲျဖစ္ပါတယ္။ ဒါမွသာ ပံုရဲ႕ပတ္ဝန္းက်င္မွာရွိတဲ့ အရိပ္ေတြ ထင္ရွားျခင္းေၾကာင့္ ဓာတ္ပံုတစ္ပံုဟာ ပိုႂကြလာၿပီး ၾကည့္ေကာင္းေစမွာ ျဖစ္ပါတယ္။

ပတ္ဝန္းက်င္မွာ အလိုအေလ်ာက္ျဖစ္ေပၚေနတဲ့ အရိပ္ထင္ရွားမႈ ေတြဟာ Monochrome ဓာတ္ပံုေတြျဖစ္ေပၚဖို႔အတြက္ အေကာင္းဆံုး အေနအထားပဲ ျဖစ္ပါတယ္။ အဲလိုေနရာကို ဓာတ္ပံု႐ိုက္ကူးလိုက္ၿပီး Monochrome အျဖစ္ ေဆာဖ္ဝဲနဲ႔ျပန္ေျပာင္းလိုက္တဲ့ခ်ိန္မွာ ပံုရိပ္ေတြဟာ ထင္ရွားၿပီးပိုေကာင္းတဲ့ ဓာတ္ပံုကို ျဖစ္ေပၚေစပါတယ္။ သင့္အေနနဲ႔ ႐ိုက္ကူးမယ္ဆိုရင္ေတာ့ ပတ္ဝန္းက်င္မွာ ရွိေနတဲ့အဝိုင္း၊ ေလးေထာင့္၊ ႀတိဂံစတဲ့ အရိပ္က်ေနတဲ့ ေနရာေတြအားလံုးကို ခ်ိန္ရြယ္ၿပီး ႐ိုက္ကူးသင့္ပါတယ္။

၄။ အရိပ္ေတြကို ႐ိုက္ကူးျခင္း

အရိပ္ဆိုတာဟာ ဓာတ္ပံုတစ္ပံုမွာ မရွိမျဖစ္ေသာ အရာတစ္ခုျဖစ္ၿပီး အဲဒီကေန ပိုၿပီးလွပတဲ့ ဓာတ္ပံုေတြကို အၿမဲတမ္းျမင္ေနၾကရမွာပါ။ အဲလိုပဲ Monochrome ဓာတ္ပံုတစ္ပံုမွာလည္း အရိပ္ေတြကို ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြက ပိုၿပီးထူးျခားတဲ့ျမင္ကြင္းကို ေပးစြမ္းႏိုင္တာကို ေတြ႕ရပါတယ္။ ေနေရာင္ေၾကာင့္ အရာဝတၳဳေတြလူေတြကို က်ေရာက္ၿပီး အရိပ္ထြက္လာတဲ့ အရာေတြကို ႐ိုက္ကူးျခင္းျဖင့္ Monochrome ပံုေတြကို ဖန္တီးႏိုင္ပါတယ္။

Monochrome ဓာတ္ပံုပညာမွာ အရိပ္ေတြဟာ ပံုကိုပိုၿပီး Contrast ျဖစ္ေအာင္ အကူအညီအေပးႏိုင္ဆံုးပဲ ျဖစ္ပါတယ္။ အရိပ္က်ေနတဲ့ ေမွာင္ေနတဲ့ေနရာမွာ အလင္းျဖာက်ျခင္းကို ဖမ္းၿပီး႐ိုက္ကူးကာ လွပတဲ့ဓာတ္ပံုတစ္ပံုကိုလည္း ဖန္တီးႏိုင္ပါတယ္။

၅။ Pattern ေတြ ရွာေဖြ႐ိုက္ကူးျခင္း

ပတ္ဝန္းက်င္မွာ ျဖစ္ေပၚေနတဲ့ Pattern ေတြ အေျမာက္အျမား ရွိပါတယ္။ အေဆာက္အဦေတြမွာ အလွဆင္ထားတဲ့ အရာေတြ တစ္ညီ တညာတည္းျဖစ္ေနတာ။ အရိပ္က်တဲ့ေနရာေတြမွာ Pattern ကြက္လို ျဖစ္ေနတာေတြကို ႐ိုက္ကူးျခင္းဟာလည္း Monochrome ပံုအျဖစ္ ျပန္ေျပာင္းဖို႔အတြက္ အရမ္းကို ေကာင္းမြန္ေစပါတယ္။

အေဆာက္အဦ Architecture ကို ေသခ်ာကို Pattern အျဖစ္ ရွာေဖြၿပီး ႐ိုက္ကူးလို႔ပဲျဖစ္ျဖစ္၊ အရိပ္က်ေနတဲ့ ေနရာေတြကိုပဲျဖစ္ျဖစ္ Pattern ပံုစံရွာေဖြၿပီး ႐ိုက္ကူးလို႔ျဖစ္ျဖစ္ ႐ိုက္ကူးၿပီးသြားရင္ ဓာတ္ပံုက အေရာင္ေတြကို ဖယ္ရွားကာ Monochrome ဓာတ္ပံုအျဖစ္ ျပန္လည္ ပံုေဖာ္လိုက္တဲ့အခါ ထူးျခားတဲ့ဓာတ္ပံုေတြကို ရရွိမွာပဲျဖစ္ပါတယ္။

၆။ Texture ေတြကို ရွာေဖြ႐ိုက္ကူးျခင္း

Texture ေတြရွိတဲ့ အေဆာက္အဦ မ်က္ႏွာျပင္ပဲျဖစ္ျဖစ္၊ ပတ္ဝန္းက်င္ အေနအထားပဲျဖစ္ျဖစ္၊ ေရမ်က္ႏွာျပင္ပဲျဖစ္ျဖစ္ အဲဒါေတြကို
႐ိုက္ကူးျခင္းကလည္း Monochrome ဓာတ္ပံုဖန္တီးဖို႔အတြက္ အထူးသင့္ေတာ္တဲ့ ဓာတ္ပံုေတြပဲ ျဖစ္ပါတယ္။

Texture ျဖစ္ေပၚေစတဲ့မ်က္ႏွာျပင္ေတြကို ႐ိုက္ကူးတဲ့အခါမွာ Texture ေတြေၾကာင့္ ျဖစ္ေပၚေနတဲ့အရိပ္ေတြကို ပိုၿပီး ထင္ရွား
လာေအာင္ Contrast တင္လို႔ရတဲ့ Editing Software ေတြ ထပ္သံုးႏိုင္ပါတယ္။ Landsape ဓာတ္ပံုေတြထဲမွာလည္း ေရျပင္လို ေနရာမွာ လိႈင္းေလးေတြျဖစ္ေပၚေနတာကို ႐ိုက္ကူးထားတဲ့ပံုကိုလည္း Monochrome ဓာတ္ပံုေျပာင္းတဲ့အခါမွာ Texture ပံုစံေတြျဖစ္ေပၚ သြားေစပါတယ္။ ေရြ႕လ်ားေနတဲ့ေရျပင္ေတြေပၚကို အလင္းျဖာက်တဲ့အတြက္ ျဖစ္ေပၚလာတဲ့အရိပ္ေနရာေတြဟာ Texture ျဖစ္ေပၚဖို႔ အေကာင္းဆံုးေနရာေတြပဲ ျဖစ္ပါတယ္။

၇။ Space ေတြ လႊတ္႐ိုက္ျခင္း

ဓာတ္ပံုတစ္ပံုမွာ Space ေတြမ်ားမ်ားလႊတ္ၿပီး ႐ိုက္ကူးျခင္းကလည္း ဓာတ္ပံုတစ္ပံုရဲ႕ ရသတစ္ခုျဖစ္တာကို ေတြ႕ရပါတယ္။ ဓာတ္ပံု႐ိုက္ကူးသူ အမ်ားစုက ကိုယ့္ရဲ႕ဓာတ္ပံုတစ္ပံုမွာ Space ေတြ အမ်ားႀကီး ခ်န္ၿပီး ႐ိုက္ကူးရတာကို ေၾကာက္ရြံ႕တတ္ၾကပါတယ္။ ဒါေပမဲ့ တကယ့္ တကယ္မွာေတာ့ Space မ်ားမ်ား ခ်န္႐ိုက္ကူးျခင္းဟာ ကိုယ္ေျပာလို႔တဲ့ အေၾကာင္းအရာကိုပိုၿပီး ထင္ရွားျပသေပးႏိုင္ဖို႔အတြက္ ပိုၿပီးအေထာက္ အကူျဖစ္ေစပါတယ္။ Monochrome ဓာတ္ပံုတစ္ပံုမွာ အဲဒီလို Space မ်ားမ်ား ခ်န္႐ိုက္တာကပိုၿပီး ဆြဲေဆာင္မႈရွိတာကို ေတြ႕ရပါတယ္။ အလင္းကို ေနာက္ခံထားၿပီး ေဘးပတ္ဝန္းက်င္မွာ အရိပ္ကို မ်ားမ်ားခ်န္ၿပီး ႐ုိက္ကူးထားတဲ့ ဓာတ္ပံုကို Monochrome ပံုအျဖစ္ ေျပာင္းတဲ့အခါ လွပတဲ့ဓာတ္ပံုေတြ ထြက္လာတာကို ေတြ႕ရပါတယ္။

တကယ္ေတာ့ အရိပ္ေတြအားလံုးဟာ Space မ်ားမ်ားခ်န္႐ိုက္ကူး ျခင္းေတာ့မဟုတ္ပါဘူး။ တကယ္က ေမွာင္ေနတဲ့ေနရာအမ်ားစုကို ခ်န္ ၿပီး႐ိုက္ကူးျခင္းကမွ တကယ့္ကို Monochrome ဓာတ္ပံုဖန္တီးၿပီး ႐ိုက္ကူးဖို႔အတြက္ ပိုၿပီး အေထာက္အကူျဖစ္တာကို ေတြ႕ရပါတယ္။ ေနေရာင္က်ေနတဲ့ေနရာကို ႐ိုက္ကူးရင္ အလင္းေဘးနားက ေမွာင္ ေနတဲ့ေနရာကို မ်ားမ်ားခ်န္႐ိုက္ျခင္းနဲ႔ အလင္းဝင္ေပါက္တစ္ခု ႐ိုက္ကူးတယ္ဆိုရင္ အလင္းရဲ႕ေဘးက ေမွာင္ေနတဲ့ေနရာေတြကို မ်ားမ်ားခ်န္ ႐ိုက္ျခင္းေတြကို ဆိုလိုျခင္းျဖစ္ပါတယ္။

-စည္သူ

[ Unicode ]

Monochrome ဓာတ်ပုံတစ်ပုံအဖြစ်ကိုဆော့ဖ်ဝဲနဲ့ Comvart မလုပ်ခင်မှာ ကိုယ့်ရဲ့ဓာတ်ပုံမှာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံစွာ ရိုက်ကူးထားသင့်ပြီး ဘယ်လိုနေရာတွေကို ရိုက်ကူးမယ်ဆိုရင် ပုံကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို လေ့လာနိုင်ဖို့အတွက် အောက်မှာ အချက်အလက်အချို့နဲ့ ဖော်ပြပေးသွားပါ့မယ်။

၁။ High Contrast မြင်ကွင်တွေကို ရိုက်ကူးခြင်း

Monochrome ဓာတ်ပုံဆိုတာဟာ Monotone ဖြစ်တာကြောင့် ကိုယ်ရိုက်ကူးမယ့်မြင်ကွင်းတစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ မြောက်မြားလှစွာတဲ့ မတူညီတဲ့ အရိပ်ပေါင်းစုံမြင်တွေ့ရမှာပါ။ ဒါကြောင့်မို့ ရိုက်ကူး ဖို့အတွက် ဓာတ်ပုံထဲမှာ အဖြူသန့်သန့်၊ အမည်းသန့်သန့် ထွက်ပေါ်နိုင်လောက်မယ့် အရာတွေ၊ နေရာတွေကို ရွေးချယ်ရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုအနေအထားမျိုးတွေ ရိုက်ကူးရတဲ့အခါ High Contrast မြင်ကွင်းတွေက အကောင်းဆုံးပဲဖြစ်ပါတယ်။ High Contrast ဆိုတာက
မြင်ကွင်းထဲမှာ အရမ်းမှောင်ပြီး အရမ်းလင်းတဲ့နေရာနှစ်ခု တစ်ပြိုင်တည်း ပါဝင်နေတာကို ဆိုလိုခြင်းဖြစ်ပါတယ်။

၂။ Silhouettes ပုံတွေ ဖန်တီးရိုက်ကူးခြင်း

Silhouettes ဆိုတာဟာ အရမ်းကို ဆွဲဆောင်မှုရှိပြီး စွမ်းအားကြီး တဲ့ Monochrome ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ Silhouette ဓာတ်ပုံ
တစ်ပုံမှာရိုက်ကူးမယ့် Subject တစ်ခုဟာ လင်းလက်နေတဲ့ Background ရှေ့ကနေ ကွယ်ရပ်ပြီးပေါ်နေတဲ့ဓာတ်ပုံမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

Silhouette ဓာတ်ပုံတစ်ပုံကို ဖန်တီးမယ့်ပုံစံကတော့ မှောင်နေတဲ့ ဘေးပတ်ဝန်းကျင်မှာ အလင်းဖြာကြနေတဲ့ ပြတင်းပေါက်တစ်ခု ဒါမှမဟုတ် အလင်းဝင်နေတဲ့ နေရာတစ်ခုခုရဲ့ရှေ့မှာ Subject တစ်ခုကို အလင်းကိုကွယ်ပြီး ရိုက်ကူးရမယ့်ပုံစံဖြစ်ပါတယ်။ Subject ဆိုရာမှာ လူ သို့မဟုတ် အရာဝတ္ထုတစ်ခုကို ထည့်သွင်းရိုက်ကူးရမှာ ဖြစ်ပါတယ်။

အဲလိုဖုန်းနဲ့ ရိုက်ကူးနေတဲ့အချိန်မှာ ဖုန်းကင်မရာမှာပါဝင်တဲ့ Focus ကိုချိန်ရွယ်ပြီး exposure ကိုလည်း အတိုးအလျှော့ တစ်ချိန်တည်းမှာ ပြုလုပ်ကာ အလင်းအမှောင်ကို ကစားရိုက်ကူးနိုင်ပါတယ်။

၃။ Shade တွေပိုပြီး ထင်ရှားအောင် ရိုက်ကူးခြင်း

Monochrome ဓာတ်ပုံတစ်ပုံမှာ Subject တစ်ခုအရိပ်တွေ ထင်ရှားစွာ ပေါ်အောင်ရိုက်ကူးခြင်းကလည်း အားသာချက် တစ်ခုပဲဖြစ်ပါတယ်။ ဒါမှသာ ပုံရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အရိပ်တွေ ထင်ရှားခြင်းကြောင့် ဓာတ်ပုံတစ်ပုံဟာ ပိုကြွလာပြီး ကြည့်ကောင်းစေမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာ အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အရိပ်ထင်ရှားမှု တွေဟာ Monochrome ဓာတ်ပုံတွေဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံး အနေအထားပဲ ဖြစ်ပါတယ်။ အဲလိုနေရာကို ဓာတ်ပုံရိုက်ကူးလိုက်ပြီး Monochrome အဖြစ် ဆောဖ်ဝဲနဲ့ပြန်ပြောင်းလိုက်တဲ့ချိန်မှာ ပုံရိပ်တွေဟာ ထင်ရှားပြီးပိုကောင်းတဲ့ ဓာတ်ပုံကို ဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ ရိုက်ကူးမယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အဝိုင်း၊ လေးထောင့်၊ တြိဂံစတဲ့ အရိပ်ကျနေတဲ့ နေရာတွေအားလုံးကို ချိန်ရွယ်ပြီး ရိုက်ကူးသင့်ပါတယ်။

၄။ အရိပ်တွေကို ရိုက်ကူးခြင်း

အရိပ်ဆိုတာဟာ ဓာတ်ပုံတစ်ပုံမှာ မရှိမဖြစ်သော အရာတစ်ခုဖြစ်ပြီး အဲဒီကနေ ပိုပြီးလှပတဲ့ ဓာတ်ပုံတွေကို အမြဲတမ်းမြင်နေကြရမှာပါ။ အဲလိုပဲ Monochrome ဓာတ်ပုံတစ်ပုံမှာလည်း အရိပ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ပိုပြီးထူးခြားတဲ့မြင်ကွင်းကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။ နေရောင်ကြောင့် အရာဝတ္ထုတွေလူတွေကို ကျရောက်ပြီး အရိပ်ထွက်လာတဲ့ အရာတွေကို ရိုက်ကူးခြင်းဖြင့် Monochrome ပုံတွေကို ဖန်တီးနိုင်ပါတယ်။

Monochrome ဓာတ်ပုံပညာမှာ အရိပ်တွေဟာ ပုံကိုပိုပြီး Contrast ဖြစ်အောင် အကူအညီအပေးနိုင်ဆုံးပဲ ဖြစ်ပါတယ်။ အရိပ်ကျနေတဲ့ မှောင်နေတဲ့နေရာမှာ အလင်းဖြာကျခြင်းကို ဖမ်းပြီးရိုက်ကူးကာ လှပတဲ့ဓာတ်ပုံတစ်ပုံကိုလည်း ဖန်တီးနိုင်ပါတယ်။

၅။ Pattern တွေ ရှာဖွေရိုက်ကူးခြင်း

ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ Pattern တွေ အမြောက်အမြား ရှိပါတယ်။ အဆောက်အဦတွေမှာ အလှဆင်ထားတဲ့ အရာတွေ တစ်ညီ တညာတည်းဖြစ်နေတာ။ အရိပ်ကျတဲ့နေရာတွေမှာ Pattern ကွက်လို ဖြစ်နေတာတွေကို ရိုက်ကူးခြင်းဟာလည်း Monochrome ပုံအဖြစ် ပြန်ပြောင်းဖို့အတွက် အရမ်းကို ကောင်းမွန်စေပါတယ်။

အဆောက်အဦ Architecture ကို သေချာကို Pattern အဖြစ် ရှာဖွေပြီး ရိုက်ကူးလို့ပဲဖြစ်ဖြစ်၊ အရိပ်ကျနေတဲ့ နေရာတွေကိုပဲဖြစ်ဖြစ် Pattern ပုံစံရှာဖွေပြီး ရိုက်ကူးလို့ဖြစ်ဖြစ် ရိုက်ကူးပြီးသွားရင် ဓာတ်ပုံက အရောင်တွေကို ဖယ်ရှားကာ Monochrome ဓာတ်ပုံအဖြစ် ပြန်လည် ပုံဖော်လိုက်တဲ့အခါ ထူးခြားတဲ့ဓာတ်ပုံတွေကို ရရှိမှာပဲဖြစ်ပါတယ်။

၆။ Texture တွေကို ရှာဖွေရိုက်ကူးခြင်း

Texture တွေရှိတဲ့ အဆောက်အဦ မျက်နှာပြင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အနေအထားပဲဖြစ်ဖြစ်၊ ရေမျက်နှာပြင်ပဲဖြစ်ဖြစ် အဲဒါတွေကို
ရိုက်ကူးခြင်းကလည်း Monochrome ဓာတ်ပုံဖန်တီးဖို့အတွက် အထူးသင့်တော်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

Texture ဖြစ်ပေါ်စေတဲ့မျက်နှာပြင်တွေကို ရိုက်ကူးတဲ့အခါမှာ Texture တွေကြောင့် ဖြစ်ပေါ်နေတဲ့အရိပ်တွေကို ပိုပြီး ထင်ရှား
လာအောင် Contrast တင်လို့ရတဲ့ Editing Software တွေ ထပ်သုံးနိုင်ပါတယ်။ Landsape ဓာတ်ပုံတွေထဲမှာလည်း ရေပြင်လို နေရာမှာ လှိုင်းလေးတွေဖြစ်ပေါ်နေတာကို ရိုက်ကူးထားတဲ့ပုံကိုလည်း Monochrome ဓာတ်ပုံပြောင်းတဲ့အခါမှာ Texture ပုံစံတွေဖြစ်ပေါ် သွားစေပါတယ်။ ရွေ့လျားနေတဲ့ရေပြင်တွေပေါ်ကို အလင်းဖြာကျတဲ့အတွက် ဖြစ်ပေါ်လာတဲ့အရိပ်နေရာတွေဟာ Texture ဖြစ်ပေါ်ဖို့ အကောင်းဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

၇။ Space တွေ လွှတ်ရိုက်ခြင်း

ဓာတ်ပုံတစ်ပုံမှာ Space တွေများများလွှတ်ပြီး ရိုက်ကူးခြင်းကလည်း ဓာတ်ပုံတစ်ပုံရဲ့ ရသတစ်ခုဖြစ်တာကို တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ကူးသူ အများစုက ကိုယ့်ရဲ့ဓာတ်ပုံတစ်ပုံမှာ Space တွေ အများကြီး ချန်ပြီး ရိုက်ကူးရတာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် တကယ်မှာတော့ Space များများ ချန်ရိုက်ကူးခြင်းဟာ ကိုယ်ပြောလို့တဲ့ အကြောင်းအရာကိုပိုပြီး ထင်ရှားပြသပေးနိုင်ဖို့အတွက် ပိုပြီးအထောက် အကူဖြစ်စေပါတယ်။ Monochrome ဓာတ်ပုံတစ်ပုံမှာ အဲဒီလို Space များများ ချန်ရိုက်တာကပိုပြီး ဆွဲဆောင်မှုရှိတာကို တွေ့ရပါတယ်။ အလင်းကို နောက်ခံထားပြီး ဘေးပတ်ဝန်းကျင်မှာ အရိပ်ကို များများချန်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံကို Monochrome ပုံအဖြစ် ပြောင်းတဲ့အခါ လှပတဲ့ဓာတ်ပုံတွေ ထွက်လာတာကို တွေ့ရပါတယ်။

တကယ်တော့ အရိပ်တွေအားလုံးဟာ Space များများချန်ရိုက်ကူး ခြင်းတော့မဟုတ်ပါဘူး။ တကယ်က မှောင်နေတဲ့နေရာအများစုကို ချန် ပြီးရိုက်ကူးခြင်းကမှ တကယ့်ကို Monochrome ဓာတ်ပုံဖန်တီးပြီး ရိုက်ကူးဖို့အတွက် ပိုပြီး အထောက်အကူဖြစ်တာကို တွေ့ရပါတယ်။ နေရောင်ကျနေတဲ့နေရာကို ရိုက်ကူးရင် အလင်းဘေးနားက မှောင် နေတဲ့နေရာကို များများချန်ရိုက်ခြင်းနဲ့ အလင်းဝင်ပေါက်တစ်ခု ရိုက်ကူးတယ်ဆိုရင် အလင်းရဲ့ဘေးက မှောင်နေတဲ့နေရာတွေကို များများချန် ရိုက်ခြင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

-စည်သူ