September 24, 2017

Mobile Accessory များ

IP68 Waterproof Case

iPhone 6 နှင့် 6s အတွက် ရေစိုခံ ဖုန်းကာဗာလေးများဖြစ်သည်။ Case တပ်ထားသည့်အခါ လိုင်းမကျသည့်အပြင် Fingerprint အ
လုပ်လုပ်ခြင်း၊ ကာဗာကို မာကျောသော အသားဖြင့် ဖန်တီးထားသည့်အတွက် ဖုန်းလွတ်ကျခြင်း၊ ပြုတ်ကျခြင်းများမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အမည်းရောင်၊ အပြာရောင်နှင့် အစိမ်းရောင် သုံးမျိုးရရှိမည်ဖြစ်ပြီး Mobile Kiosk အရောင်းဆိုင် ဖုန်း-၀၉၂၅၄၂၀၈၂၀၄ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၉,၀၀၀ ကျပ်ဝန်းကျင်

Touch Pen


မည်သည့် စမတ်ဖုန်းဖြင့်မဆို လွယ်ကူစွာ တွဲဖက်အသုံးပြုနိုင်မည့် Touch Pen ဖြစ်သည်။ အရောင်စုံ ရွေးချယ်နိုင်မည်ဖြစ်ပြီး Rocket
Mobile Accessories အရောင်းဆိုင် ဖုန်း-၀၉၉၆၁၁၂၇၀၀၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၃,၀၀၀ ကျပ်ဝန်းကျင်

Remax Proda Notebook Power Bank

Remax အမှတ်တံဆိပ် Proda မော်ဒယ် အရည်အသွေးမြင့် Power Bank ဖြစ်သည်။ ပါဝါသိုလှောင်နိုင်မှု ပမာဏ 30000 mAh ရှိမည်
ဖြစ်ပြီး USB ပေါက် ၄ ပေါက် ပါဝင်သည့်အတွက် ဖုန်းလေးလုံး သို့မဟုတ် Tablet လေးလုံးကို တစ်ပြိုင်နက် အားဖြည့်သွင်းနိုင်မည် ဖြစ်သည်။ အဆိုပါ Power Bank ကို Smart Power Mobile Accessories အရောင်းဆိုင် ဖုန်း-၀၁ ၃၇၈၅၇၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၂၃,၀၀၀ ကျပ်ဝန်းကျင်

Bluetooth Earphone

အသံထွက် အရည်အသွေး ကြည်လင်ပြတ်သားပြီး အရည်အသွေး ကောင်းမွန်သည့် Rock အမှတ်တံဆိပ် Sport Type Mumo Bluetooth Earphone ဖြစ်သည်။ Bass အသံထွက်ကို အထူးကောင်းမွန်အောင် ပြုလုပ်ထားပြီး ပြင်ပဆူညံ သံများကို လျှော့ချပေးနိုင်မည် ဖြစ်သည်။ အဆိုပါ Earphone ကို Smart Power Mobile Accessories အရောင်းဆိုင် ဖုန်း-၀၁ ၃၇၈၅၇၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၂၉,၀၀၀ ကျပ်ဝန်းကျင်

OMI Phone Selfie Light

ဓာတ်ပုံရိုက် ဝါသနာပါသူများအတွက် ညအချိန် သို့မဟုတ် အလင်းရောင် အားနည်းသည့် နေရာများတွင် စမတ်ဖုန်းများ၌ အလွယ်တကူ တပ်ဆင်ကာ အလင်းရောင် ကောင်းကောင်းဖြင့် ရိုက်ကူးနိုင်မည့် OMI အမှတ်တံဆိပ် Phone Selfie Light ပါ။ ဓာတ်မီး အနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး Smart Power Mobile Accessories ဖုန်း-၀၉ ၂၂၀၀၉၂၀၉ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၁၄,၀၀၀ ကျပ်ဝန်းကျင်

OTG Android Phone Keyboard

ဖုန်းဖြင့်စာများကို ရိုက်ရာတွင် အဆင်မပြေ သူများအတွက် ဆောင်ထားသင့်သည့် Leather Case Keyboard Stand ဖြစ်သည်။ ၇ လက်မ အရွယ်အစားရှိသည့် စမတ်ဖုန်းများအထိ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပစ္စည်းကို Nice Fair Accessories Store အရောင်းဆိုင် ဖုန်း-၀၉ ၇၇၆၀၉၉၄၀၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၁၂,၅၀၀ ကျပ်ဝန်းကျင်

Bluetooth Headphone

Remax အမှတ်တံဆိပ် RB-300HB မော်ဒယ် အရည်အသွေးမြင့် Bluetooth Headphone ဖြစ်သည်။ 40mm Dynamic Speaker ကို အသုံးပြုထားပြီး နူးညံ့ပျော့ပျောင်းသည့် TU Pure Leather ဖြင့် ဖုံးအုပ်ထားသည့်အတွက် ရှင်းလင်းပြတ်သားသော အသံများကို သက်သောင့်သက်သာဖြင့် နားဆင်နိုင်မည်ဖြစ်သည်။ Bass အသံထွက်ကို အထူးကောင်းမွန်အောင် ပြုလုပ်ထားပြီး ဖုန်းကိုင်ခြင်း၊
ဖုန်းချခြင်း၊ သီချင်းအဖွင့်အပိတ်၊ အသံအတိုးအချဲ့နှင့် သီချင်းအပုဒ်ကျော်ခြင်းများကို Touch Button Interface စနစ်ဖြင့် ပြုလုပ်နိုင်
မည်ဖြစ်သည်။ အဆိုပါ Headphone ကို Remax Showroom အရောင်းဆိုင် ဖုန်း-၀၉ ၂၅၉၉ ၁၁၉၀၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၅၈,၅၀၀ ကျပ်ဝန်းကျင်

Apple Watch Defender Series Plating Case

Apple Watch ၏ဒိုင်ခွက်ကို ထိခိုက်ခြင်းများနှင့် ပွန်းပဲ့ခြင်းများမှ ကာကွယ်ပေးနိုင်မည့် ကာဗာလေးများဖြစ်သည်။ အဆိုပါပစ္စည်းကို
Smart Power Mobile & Accessories ဖုန်း-၀၁ ၃၇၈၅၃၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၇၅,၀၀ ကျပ်ဝန်းကျင်

Baseus Dual USB Car Charger

Baseus အမှတ်တံဆိပ် Dual USB Car Charger ဖြစ်သည်။ USB ပေါက်နှစ်ပေါက် ပါဝင်သည့်အတွက် ဖုန်းနှစ်လုံး သို့မဟုတ် Tablet နှစ်လုံးကို တစ်ပြိုင်နက် အားဖြည့်သွင်းနိုင်မည်ဖြစ်ပြီး 2.4 A အသုံးပြု ထားသည့်အတွက် ဖုန်းအားဝင်မှုကို မြန်ဆန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အဆိုပါ Charger ကို Smart Power Mobile Store အရောင်းဆိုင် ဖုန်း-၀၁၃၇၈၅၃၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၁၅,၀၀၀ ကျပ်ဝန်းကျင်

Power Bank

Remax အမှတ်တံဆိပ် RPL-22 မော်ဒယ် ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်ထားသည့် Power Bank ဖြစ်သည်။ ပါဝါသိုလှောင်နိုင်မှု 5000 mAh ပါဝင်သည့် Lithium Battery အသုံးပြုထားပြီး ကိုယ်ထည်ကို အပူဒဏ်ခံ ABS Body Shell ဖြင့် တည်ဆောက် ပေးထားသည်။ အရောင်သုံးမျိုး ထုတ်လုပ်ထားပြီး ၁ နှစ်အာမခံ ရရှိမည်ဖြစ်သည်။ အဆိုပါ Power Bank ကို Remax Showroom အရောင်းဆိုင် ဖုန်း-၀၉ ၂၅၉၉ ၁၁၉၀၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၁၂၅၀၀ ကျပ်ဝန်းကျင်

V8 Touch Screen GSM Smart Watch Phone

ဈေးနှုန်း အသင့်အတင့်ဖြင့် စမတ်နာရီကောင်းကောင်း အသုံးပြုလိုသများအတွက် အဆင်ပြေစေမည့် V8 Smart Watch ဖြစ်သည်။ GSM Sim Card တိုင်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး Internal Memory 2 GB ပါဝင်မည်ဖြစ်သည်။ SD Card Slot ပါဝင်မည်ဖြစ်ပြီး 32 GB အထိစိုက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ Bluetooth 3.0 ကို အသုံးပြုထားပြီး Bluetooth စနစ်ပါဝင်သည့် စမတ်ဖုန်းတိုင်းဖြင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ စမတ်နာရီကို Myanmar Celebrities Choice အရောင်းဆိုင် ဖုန်း-၀၉ ၂၅၄၄ ၄၁၀၅၅ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၃၃,၀၀၀ ကျပ်ဝန်းကျင်

Nillkin X-Man Series

Nillkin အမှတ်တံဆိပ် X-Man Series ရေစိုခံ၊ အကြမ်းခံ အရည်အသွေးမြင့် Bluetooth Speaker ဖြစ်သည်။ အသံထွက် အရည်အသွေး အထူးကောင်းမွန်စေရန် စပီကာ ၂ လုံး တပ်ဆင်ပေးထားပြီး IPX4 ရေစိုခံနိုင်အား ရှိသည့်အတွက် မိုးရေထဲတွင်ပင် အကောင်းဆုံး နားဆင်နိုင်မည် ဖြစ်သည်။ ကိုယ်ထည်ကို အကြမ်းခံဆီလီကွန် အမာသားဖြင့် တည်ဆောက်ပေးထားပြီး 5200 mAh Battery ကို တပ်ဆင်ပေးထားသည်။ Aux Audio input ပါသည့်အတွက် Bluetooth အပြင် Aux Cable ဖြင့်ပါ အလွယ်တကူ ချိတ်ဆက်နားဆင် နိုင်မည်ဖြစ်သည်။ အဆိုပါစပီကာကို Smart Power Mobile Store အရောင်းဆိုင် ဖုန်း-၀၁ ၃၇၈၅၃၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၃၄,၀၀၀ ကျပ်ဝန်းကျင်

Duo Wood Desktop Charging Station

Charging Dock အဖြစ်သာမက Mobile Stand Holder အဖြစ်ပါ နှစ်မျိုးအသုံးပြုနိုင်မည့် Baseus အမှတ်တံဆိပ် Duo Wood Desktop Charging Station ဖြစ်သည်။ DC 5V / 2.4A (max) အားကို ထုတ်လွှတ်ပေးသည့်အတွက် ဖုန်းအားသွင်းမှုကို မြန်ဆန်စေမည် ဖြစ်သည်။ 120 cm အရှည်ရှိသော iOS Data Cable တစ်ခု ပါဝင်မည်ဖြစ်ပြီး အဆိုပါပစ္စည်းကို Naing Win Telecom အရောင်းဆိုင် ဖုန်း-၀၉ ၄၂၁၁ ၁၃၆၆၆ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၂၂,၀၀၀ ကျပ်ဝန်းကျင်

Baseus MFi OTG Stick

မိမိတို့၏ အရေးကြီး Data များနှင့်ဖိုင်များကို အကောင်းမွန်ဆုံး သိမ်းဆည်းထားနိုင်မည့် Baseus အမှတ်တံဆိပ် MFi OTG Stick ဖြစ်သည်။ Memory 32 GB ပါဝင်မည်ဖြစ်ပြီး OTG ပုံစံသာမက USB အဖြစ်ပါ နှစ်မျိုးအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါပစ္စည်းကို Naing Win Telecom အရောင်းဆိုင် ဖုန်း-၀၉ ၄၂၁၁ ၁၃၆၆၆ တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

တန်ဖိုး – ၄၁,၀၀၀ ကျပ်ဝန်းကျင်

Apple Watch Tempered Glass

 

Apple Watch ဝတ်ဆင် အသုံးပြုသူများအတွက် မျက်နှာပြင်ကို ထိခိုက်ခြင်း၊ ပွန်းပဲ့ခြင်းနှင့် လွတ်ကျခြင်းများမှ ကာကွယ်ပေးနိုင်မည့် Tempered Glass ဖြစ်သည်။ အဆိုပါပစ္စည်းကို Smart Power Mobile Accessories အရောင်းဆိုင် ဖုန်း-၀၁ ၃၇၈၅၃၁ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၃,၅၀၀ ကျပ်ဝန်းကျင်

Keyble Zinc Alloy Cable (For Type-C Port)

USB Type-C စနစ် ပါဝင်လာသည့် စမတ်ဖုန်းများအတွက် ထုတ်လုပ်ထားသည့် Baseus အမှတ်တံဆိပ် Cable လေးများဖြစ်သည်။ ကြိုးအရှည် ၁ မီတာ ရှိမည်ဖြစ်ပြီး Type-C Port ကို Tinned copper wire core နှင့်ပြုလုပ်ထားကာ အပြင်ပိုင်းကို Zinc alloy နှင့် TPE တို့ဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသည့်အတွက် အလွယ်တကူ ကြိုးပြတ်ခြင်း၊ ကြိုးခေါက်ခြင်းနှင့် ကြိုးအရောင် မှိန်သွားခြင်းတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အရောင်နှစ်မျိုး ရရှိမည်ဖြစ်ပြီး အဆိုပါပစ္စည်းကို Naing Win Telecom အရောင်းဆိုင် ဖုန်း-၀၁ ၂၅၃၉၄၆ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

တန်ဖိုး – ၉,၀၀၀ ကျပ်ဝန်းကျင်

Phone Lens

ဓာတ်ပုံရိုက် ဝါသနာပါ သူများအတွက် ဖုန်းဖြင့်ချိတ်ဆက်ကာ ဓာတ်ပုံများကို အကောင်းမွန်ဆုံး ရိုက်ကူးနိုင်မည့် Phone Lens ဖြစ်သည်။ မြင်ကွင်းအပြည့် ရိုက်ကူးနိုင်မည့် Super Wide Lens၊ သေးငယ်သည့် အရာဝတ္ထုများ၊ တိရစ္ဆာန်လေးများကို ရိုက်ကူးနိုင်ရန်အတွက် Macro Lens နှင့် Fisheye Lens တို့ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ကို Rocket Mobile Accessories အရောင်းဆိုင် ဖုန်း-၀၉ ၉၆၁၁ ၂၇၀၀၀ တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

Super Wide နှင့် Macro Lens – ၂၇,၀၀၀ ကျပ်ဝန်းကျင်
Fisheye Lens – ၂၇,၀၀၀ ကျပ်ဝန်းကျင်