November 18, 2017

Microsoft EDGE browser ရဲ့ Tab Preview ကို ဘယ်လို disable လုပ်မလဲ

Microsoft EDGE Browser မှာ ထည့်သွင်းထားတဲ့ tab preview feature ဟာ tab ပေါ်မှာ mouse pointer တင်လိုက်တာနဲ့တင် ဖွင့်ထားတဲ့ ဝက်ဘ်ဆိုက်ရဲ့ preview ကိုဖော်ပြပေးပါတယ်။ ဒါပေမဲ့ Tab တွေကို preview အနေနဲ့ ဖော်ပြတဲ့အခါ အနည်းငယ် လေးလံတာကို တွေ့ရပါလိမ့်မယ်။ Preview အနေနဲ့ ပြသတာတွေဟာ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် အောက်ပါအတိုင်း tab preview ကို disable ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး Win + R key နဲ့ run box ကို ခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။
Registry editor ထဲကိုရောက်ရင် HKEY_CURRENT_USER\SOFTWARE\Classes\Local Settings\Software\Microsoft\Windows\CurrentVersion\AppContainer\Storage\microsoft.microsoftedge_8wekyb3d8bbwe\MicrosoftEdge\TabbedBrowsing ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပါ။
TabbedBrowsing ရဲ့အောက် ညာဘက်အခြမ်းမှာ right-click နှိပ်ပြီး New > DWORD (32-bit) value ဆိုတာကိုရွေးပါ။

ပြီးရင် အဆိုပါ DWORD ဖိုင်ရဲ့ အမည်ကို TebPeekEnabled ဆိုတဲ့ နာမည်ကိုပေးရပါမယ်။

နာမည်ပေးပြီးရင် registry editor ကို ပိတ်လိုက်ပါ။ Value ထည့်လိုက်မယ်ဆိုရင tab preview ဟာ ဆက်လက်ပေါ်နေပါလိမ့်မယ်။ ဒါကြောင့် မူရင်း value ဖြစ်တဲ့ 0 ကိုသာထားလိုက်ရင် tab preview ဟာ disable ဖြစ်သွားပါလိမ့်မယ်။

Registry editor ကို ပိတ်ပြီး Microsoft EDGE browser ကို restart လုပ်လိုက်ရင် tab preview ကို တွေ့ရတော့မှာမဟုတ်ပါဘူး။

-သီဟ
Ref: makeuseof