November 18, 2017

Messenger Day နဲ့ Stories feature တို့ကို ပေါင်းစပ်လိုက်တဲ့ Facebook

Facebook ဟာ messaging app အတွင်းက Messenger Day feature ကိုရပ်ဆိုင်းပြီး chat app ရဲ့ stories feature ကို Facebok Stories နဲ့ ပေါင်းစပ်လိုက်ပါတယ်။

ဒါကြောင့် ပင်မ Facebook app ရဲ့ Stories က Messenger app မှာလည်း တူညီစွာ ပြသပေးတာကို တွေ့ရမှာဖြစ်ပါတယ်။ သုံးစွဲသူက app တစ်ခုကနေ Stories ကို upload လုပ်တဲ့အခါမှာ အခြား app တစ်ခုကနေ တွေ့ရမယ့် သဘောဖြစ်ပါတယ်။ Stories ကို app တစ်ခုမှ ဖွင့်ကြည့်ပြီးသွားတဲ့အခါ ကျန် app တစ်ခုမှာလည်း ကြည့်ရှုပြီးကြောင်း အမှတ်အသားနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီအပြောင်းအလဲကြောင့် သုံးစွဲသူတွေက platform နှစ်ခုစလုံးမှာ post တွေကို နှစ်ခါတင်စရာမလိုတော့သလို upload လုပ်ထားတဲ့ stories ကို ကြည့်ရှုတဲ့အရေအတွက်လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

Facebook ဟာ Instagram Stories ကို Facebook ထံ တိုက်ရိုက်တင်နိုင်မယ့် လုပ်ဆောင်ချက်ကိုလည်း အောက်တိုဘာလက မိတ်ဆက်ခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena