October 20, 2017

Manufacturing Myanmar 2017 ကျင်းပမည်

e
e
e
e

ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍတိုးတက်စေရန်အတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်မယ့် Manufacturing Myanmar 2017 ကို အောက်တိုဘာ ၂၀ ရက် မှ ၂၂ ရက်အထိ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြပွဲကို နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိပြသသွားမှာဖြစ်ပြီး နောက်ဆုံးပေါ် စက်ရုံသုံး နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ပြည်ပမှကျွမ်းကျင် ပညာရှင်များမှလည်း လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ဈေးကွက်အပ်ချက်တွေကို လာရောက်ဆွေးနွေး သွားမှာဖြစ်ပါတယ်။

“ပြည်တွင်းက လုပ်ငန်းရှင်တွေ ပြည်ပကလုပ်ငန်းရှင်နဲ့ တိုက်ရိုက်တွေဆုံပြီး စီးပွားရေးအရာတွေကို ဆွေးနွေးနိုင်သလို လိုအပ်နေတဲ့ ဈေးကွက်အနေအထားနဲ့ ပတ်သတ်တဲ့ လိုအပ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြ
ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ UBM Myanmar မှ အထွေထွေမန်နေဂျာ Mr Fraser Hawkes ကပြောပါတယ်။

ပြပွဲမှာ ကုမ္ပဏီများပေါင်း ၈၀ ကျော် ပါဝင်ပြသသွားမှာဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ တရုတ်(တိုင်ပေ) မှ နိုင်ငံတကာပြခန်းတွဲ ၄ ခုမှလည်း ပါဝင်ပြသမှာဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ အခမဲ့ဖြစ်ပါတယ်

-အောင်သက်ကို