June 24, 2018

MacOS Mojave ရဲ႕ အေကာင္းဆုံး feature (၁၂) ခု

WWDC 2018 မွာ Apple က မိတ္ဆက္ေၾကညာ ခဲ့တဲ့ MacOS Mojave ရဲ႕ အေကာင္းဆံုး feature ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

Dark mode

MacOS High Sierra မွာ Mac ရဲ႕ menu bar နဲ႔ Dock ကို dark mode ျပဳလုပ္ခြင့္ေပးထားေပမယ့္ Mac ရဲ႕ display ထိပ္ဘက္နဲ႔ အစြန္ဘက္အၾကားမွာ အလင္းအားေကာင္းတဲ့ screen ေနရာလြတ္ ေတာ္ေတာ္မ်ားမ်ား က်န္ပါေသးတယ္။ MacOS Mojave မွာေတာ့ desktop တစ္ခုလုံးကို dark mode ေျပာင္းလဲဖုိ႔ ခြင့္ျပဳထားပါတယ္။ သုံးစြဲသူရဲ႕ desktop wallpaper နဲ႔ app ေတြအပါအဝင္ အားလုံးကို dark mode ေျပာင္းလဲႏိုင္ပါတယ္။ WWDC ပြဲမွာ လက္ေတြ႕စမ္းသပ္ျပသတဲ့အခါမွာေတာ့ Photos app အတြင္း ဓာတ္ပုံေတြ ေပၚလာတဲ့ေနရာမွာ dark mode အသုံးျပဳထားပါတယ္။

Apple ရဲ႕ကုိယ္ပုိင္ app ေတြထဲမွာ dark mode ဒီဇုိင္းေတြ ပါဝင္ၿပီး developer ေတြအေနနဲ႔ ကုိယ္ပုိင္ app အတြက္ dark mode ေတြဖန္တီးႏိုင္ေအာင္ Apple ရဲ႕ API အသုံးျပဳလာႏိုင္ပါတယ္။

Dynamic desktop

Dynamic desktop ဟာ dark mode သေဘာတရားမွာ အေျခခံထားၿပီး အသုံးဝင္ေအာင္ ျပဳလုပ္ထားပါတယ္။ Dynamic desktop က တစ္ေန႔လုံး သုံးစြဲသူရဲ႕ desktop wallpaper အလင္းေရာင္ကုိ ေျပာင္းလဲေပးသြားမွာ ျဖစ္ပါတယ္။ သုံးစြဲသူရဲ႕ desktop ေပၚမွာ တင္ထားတဲ့ Mojave သဲကႏၲာရဓာတ္ပုံထဲမွာ ေႏြးေထြးတဲ့ မနက္ခင္း အလင္းေရာင္၊ ေန႔လည္ခင္း အလင္းေရာင္နဲ႔ ေအးခ်မ္းတဲ့ ညေနခင္း အလင္းေရာင္ တစ္ဆင့္ျခင္း ေျပာင္းလဲေပးသြားမွာ ျဖစ္ပါတယ္။

Stacks

Desktop ေပၚမွာ ႐ႈပ္ပြေနတဲ့ ဖိုင္ေတြကို Mojave က သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ရွင္းလင္းစုစည္းၿပီး အစီအရီဆင့္ေပးသြားမွာ ျဖစ္ပါတယ္။ Stacks feature ဟာ Desktop ေပၚမွာ ျပန္႔က်ဲေနတဲ့ icon ေတြ အားလုံးကို ဖိုင္အမ်ိဳးအစား၊ ရက္စြဲအျပင္ tag မ်ားစြာနဲ႔ အစီအရီျဖစ္ေအာင္ စုစည္းေပးႏိုင္ပါတယ္။ စုစည္းမႈတစ္ခုအတြင္း ပါဝင္တဲ့ဖိုင္ကို ရွာေဖြဖို႔ expand လုပ္ႏိုင္ပါတယ္။

ဒါေပမဲ့စုစည္းမႈတစ္ခုကို အလ်င္အျမန္ ဖ်က္သိမ္းၿပီး ဖုိင္တစ္ခုကို app တစ္ခုထဲ drag ဆြဲထည့္တာ ဒါမွဟုတ္ အီးေမးလ္နဲ႔ attach တြဲေပးတာ လုပ္ႏိုင္ပါေသးတယ္။

Finder အတြက္ Gallery View

Finder မွာ Icons, List, Columns နဲ႔ Cover Flow ဆိုတဲ့ ျမင္ကြင္း ၄ ခု ရွိပါတယ္။ ဒါေပမဲ့ Mojave မွာေတာ့ Gallery ပုံစံအတြင္း ၅ ခုေျမာက္ျမင္ကြင္း ပါဝင္လာပါတယ္။ Finder ထဲမွာ ဓာတ္ပုံေတြကို ၾကည့္႐ႈတဲ့အခါမွာ အသုံးဝင္ၿပီး ဖုိင္ရဲ႕ metadata ကို preview
pane မွာေပးတဲ့အတြက္ ျမန္ဆန္တဲ့ ျပင္ဆင္မႈေတြ ျပဳလုပ္ႏိုင္ပါတယ္။ ဥပမာအေနနဲ႔ ဓာတ္ပုံကို Photos app ထဲထည့္ၿပီး PDF ဖန္တီးတာ ဒါမွမဟုတ္ ေရစာထည့္သြင္းတာ၊ ျပန္တည့္တာေတြ လုပ္စရာမလိုေတာ့ပါဘူး။

ေနရာမ်ားစြာမွာ ပါဝင္လာတဲ့ Markup tool

Mojave ရဲ႕ Markup tool ေတြကုိ Finder Quick Look နဲ႔ screenshot ေတြမွာ ထည့္သြင္းထားပါတယ္။ PDF မွာ သေကၤတထည့္သြင္းတာ ဒါမွမဟုတ္ ဓာတ္ပုံနဲ႔ screenshot ေတြမွာ စာထည့္သြင္းတာေတြကုိ အလြယ္တကူ လုပ္ႏိုင္ပါတယ္။

Screenshot tool အသစ္

Mojave မွာ screenshot tool သစ္တစ္ခု ပါဝင္လာပါတယ္။ အဲဒီ tool က iOS 11 နဲ႔ iPhone မွာမိတ္ဆက္ခဲ့တဲ့ screenshot tool နဲ႔ဆင္ပါတယ္။ Mojave မွာ screenshot ေတြ႐ိုက္ကူးမယ္ဆိုရင္ စာသားေတြ အလ်င္အျမန္ ထည့္သြင္းတာနဲ႔ sharing option ေတြကို thumbnail preview မွာျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ screen မွာ မွတ္တမ္းတင္ႏို္င္ဖို႔အတြက္ ဗီဒီယိုေထာက္ပံ့မႈကိုလည္း ထည့္သြင္းထားပါတယ္။

Safari မွာ Favicon ေတြပါဝင္လာ

အခုဆိုရင္ Safari browser မွာ သုံးစြဲသူေတြ ပုိမိုစိတ္ဝင္စားေစဖို႔ tab ေတြနဲ႔ bookmark ေတြမွာ icon အေသးစားေတြေဖာ္ျပေပးတဲ့ favicon ေတြ ပါဝင္လာမယ္လို႔ သိရပါတယ္။ WWDC 2018 ပြဲမွာ MacOS Mojave အေၾကာင္း ရွင္းလင္းတဲ့ နိဂုံးပုိင္းမွာေတာ့ Apple ရဲ႕ software အင္ဂ်င္နီယာအႀကီးတန္း ဒုဥကၠ႒ ခရိတ္ဖဒါရီခ်ီက Safari မွာ favicon ေတြ ပါဝင္မယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Mac ေတြမွာ iOS app ၄ ခုပါဝင္လာ

Apple အေနနဲ႔ iOS နဲ႔ MacOS ကိုေပါင္းစပ္ဖို႔ အစီအစဥ္မရွိဘူးလို႔ ဖက္ဒရီခ်ီက ျငင္းဆိုခဲ့ပါတယ္။ ဒါေပမဲ့ Apple က iPhone က app ေတြကို Mac ဆီ အလြယ္တကူ ထည့္သြင္းႏိုင္ဖို႔ ကာလရွည္ၾကာ စီမံကိန္းတစ္ခု အျဖစ္ေဆာင္ရြက္ခဲ့ပါတယ္။ Apple ဟာ MacOS Mojave မွာ iOS က အားထားရတဲ့ News, Stocks, Voice Memos နဲ႔ Home ကို ထည့္သြင္းလိုက္ပါတယ္။

Group FaceTime

FaceTime ေခၚဆိုမႈတစ္ခုမွာ လူ ၃၂ ေယာက္အထိ ပါဝင္ၿပီး PartyTime အျဖစ္ အသုံးျပဳႏိုင္ပါတယ္။

Continuity Camera

Mojave မွာ Continuity feature ကုိ မိတ္ဆက္ထည့္သြင္းလိုက္ပါတယ္။ iPhone နဲ႔႐ိုက္ကူးထားတဲ့ ဓာတ္ပုံနဲ႔ scan ျပဳလုပ္ထားတဲ့ စာရြက္စာတမ္းေတြကို Mac မွာ တုိက္႐ိုက္ထည့္သြင္း အသုံးျပဳႏိုင္ေအာင္ Continuity Camera နဲ႔ လုပ္ေဆာင္ခြင့္ျပဳထားပါတယ္။ Mac ေပၚမွာ ဓာတ္ပုံ႐ိုက္ကူးတာ ဒါမွမဟုတ္ scan ျပဳလုပ္လိုက္ရင္ iPhone က အသက္ဝင္လာမွာ ျဖစ္ၿပီး ဓာတ္ပုံနဲ႔ scan ျပဳလုပ္ထားတဲ့အရာေတြကို ရယူႏိုင္မွာ ျဖစ္ပါတယ္။ အခုနည္းလမ္းဟာ AirDrop ထက္ျမန္ဆန္ပါတယ္။

လုံၿခဳံေရးအဆင့္ျမႇင့္တင္မႈမ်ား

Mojave အေနနဲ႔ Safari ေပၚက ad tracker ေတြကုိ တားဆီးေပးမွာ ျဖစ္တယ္လို႔ Apple ကေျပာခဲ့ပါတယ္။ Mojave က ကြန္ပ်ဴတာရဲ႕ configuration နဲ႔ font ေတြနဲ႔ install လုပ္ထားတဲ့ plug-in ေတြအေပၚအေျခခံထားတဲ့ Mac ကို ခြဲျခားေဖာ္ထုတ္ရ ခက္ခဲေအာင္ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Mojave မွာ app ေတြက Mac ရဲ႕ကင္မရာနဲ႔ မိုက္က႐ိုဖုန္း အသုံးျပဳဖုိ႔ permission ေတာင္းဆိုသြားမွာျဖစ္ၿပီး အဲဒီလုပ္ေဆာင္ခ်က္ကုိ တည္ေနရာ၊ contact ေတြနဲ႔ ဓာတ္ပုံေတြအတြက္ ျပဳလုပ္ထားၿပီး ျဖစ္ပါတယ္။ Mojave မွာ mail database, message history,
Safari data, Time Machine backups, iTuines device backups, Locations နဲ႔ Routines and system cookies ေတြအတြက္ permission ေတြေတာင္းခံဖုိ႔ တုိးခ်ဲ႕ ခြင့္ျပဳထားပါတယ္။

ဒီဇိုင္းပုိင္းေျပာင္းလဲထားတဲ့ Mac App Store

Mojave မွာ Mac App Store ကိုေျပာင္းလဲအသုံးျပဳထားၿပီး tab သစ္ေတြျဖစ္တဲ့ Discover, Creat, Work and Play တို႔ပါဝင္လာပါတယ္။ Microsoft Office 365, Adobe Systems’ Lightrooom နဲ႔ BareBones’ BBEdit အပါအဝင္ ကာလရွည္ေစာင့္
ဆိုင္းေနတဲ့ app ေတြဟာ ဒီဇိုင္းပုိင္းေျပာင္းလဲထားတဲ့ Mac App Store မွာပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

-စိုးထက္
Ref: CNET

WWDC 2018 မှာ Apple က မိတ်ဆက်ကြေညာ ခဲ့တဲ့ MacOS Mojave ရဲ့ အကောင်းဆုံး feature တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Dark mode

MacOS High Sierra မှာ Mac ရဲ့ menu bar နဲ့ Dock ကို dark mode ပြုလုပ်ခွင့်ပေးထားပေမယ့် Mac ရဲ့ display ထိပ်ဘက်နဲ့ အစွန်ဘက်အကြားမှာ အလင်းအားကောင်းတဲ့ screen နေရာလွတ် တော်တော်များများ ကျန်ပါသေးတယ်။ MacOS Mojave မှာတော့ desktop တစ်ခုလုံးကို dark mode ပြောင်းလဲဖို့ ခွင့်ပြုထားပါတယ်။ သုံးစွဲသူရဲ့ desktop wallpaper နဲ့ app တွေအပါအဝင် အားလုံးကို dark mode ပြောင်းလဲနိုင်ပါတယ်။ WWDC ပွဲမှာ လက်တွေ့စမ်းသပ်ပြသတဲ့အခါမှာတော့ Photos app အတွင်း ဓာတ်ပုံတွေ ပေါ်လာတဲ့နေရာမှာ dark mode အသုံးပြုထားပါတယ်။

Apple ရဲ့ကိုယ်ပိုင် app တွေထဲမှာ dark mode ဒီဇိုင်းတွေ ပါဝင်ပြီး developer တွေအနေနဲ့ ကိုယ်ပိုင် app အတွက် dark mode တွေဖန်တီးနိုင်အောင် Apple ရဲ့ API အသုံးပြုလာနိုင်ပါတယ်။

Dynamic desktop

Dynamic desktop ဟာ dark mode သဘောတရားမှာ အခြေခံထားပြီး အသုံးဝင်အောင် ပြုလုပ်ထားပါတယ်။ Dynamic desktop က တစ်နေ့လုံး သုံးစွဲသူရဲ့ desktop wallpaper အလင်းရောင်ကို ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ desktop ပေါ်မှာ တင်ထားတဲ့ Mojave သဲကန္တာရဓာတ်ပုံထဲမှာ နွေးထွေးတဲ့ မနက်ခင်း အလင်းရောင်၊ နေ့လည်ခင်း အလင်းရောင်နဲ့ အေးချမ်းတဲ့ ညနေခင်း အလင်းရောင် တစ်ဆင့်ခြင်း ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

Stacks

Desktop ပေါ်မှာ ရှုပ်ပွနေတဲ့ ဖိုင်တွေကို Mojave က သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလင်းစုစည်းပြီး အစီအရီဆင့်ပေးသွားမှာ ဖြစ်ပါတယ်။ Stacks feature ဟာ Desktop ပေါ်မှာ ပြန့်ကျဲနေတဲ့ icon တွေ အားလုံးကို ဖိုင်အမျိုးအစား၊ ရက်စွဲအပြင် tag များစွာနဲ့ အစီအရီဖြစ်အောင် စုစည်းပေးနိုင်ပါတယ်။ စုစည်းမှုတစ်ခုအတွင်း ပါဝင်တဲ့ဖိုင်ကို ရှာဖွေဖို့ expand လုပ်နိုင်ပါတယ်။

ဒါပေမဲ့စုစည်းမှုတစ်ခုကို အလျင်အမြန် ဖျက်သိမ်းပြီး ဖိုင်တစ်ခုကို app တစ်ခုထဲ drag ဆွဲထည့်တာ ဒါမှဟုတ် အီးမေးလ်နဲ့ attach တွဲပေးတာ လုပ်နိုင်ပါသေးတယ်။

Finder အတွက် Gallery View

Finder မှာ Icons, List, Columns နဲ့ Cover Flow ဆိုတဲ့ မြင်ကွင်း ၄ ခု ရှိပါတယ်။ ဒါပေမဲ့ Mojave မှာတော့ Gallery ပုံစံအတွင်း ၅ ခုမြောက်မြင်ကွင်း ပါဝင်လာပါတယ်။ Finder ထဲမှာ ဓာတ်ပုံတွေကို ကြည့်ရှုတဲ့အခါမှာ အသုံးဝင်ပြီး ဖိုင်ရဲ့ metadata ကို preview
pane မှာပေးတဲ့အတွက် မြန်ဆန်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဓာတ်ပုံကို Photos app ထဲထည့်ပြီး PDF ဖန်တီးတာ ဒါမှမဟုတ် ရေစာထည့်သွင်းတာ၊ ပြန်တည့်တာတွေ လုပ်စရာမလိုတော့ပါဘူး။

နေရာများစွာမှာ ပါဝင်လာတဲ့ Markup tool

Mojave ရဲ့ Markup tool တွေကို Finder Quick Look နဲ့ screenshot တွေမှာ ထည့်သွင်းထားပါတယ်။ PDF မှာ သင်္ကေတထည့်သွင်းတာ ဒါမှမဟုတ် ဓာတ်ပုံနဲ့ screenshot တွေမှာ စာထည့်သွင်းတာတွေကို အလွယ်တကူ လုပ်နိုင်ပါတယ်။

Screenshot tool အသစ်

Mojave မှာ screenshot tool သစ်တစ်ခု ပါဝင်လာပါတယ်။ အဲဒီ tool က iOS 11 နဲ့ iPhone မှာမိတ်ဆက်ခဲ့တဲ့ screenshot tool နဲ့ဆင်ပါတယ်။ Mojave မှာ screenshot တွေရိုက်ကူးမယ်ဆိုရင် စာသားတွေ အလျင်အမြန် ထည့်သွင်းတာနဲ့ sharing option တွေကို thumbnail preview မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် screen မှာ မှတ်တမ်းတင်နို်င်ဖို့အတွက် ဗီဒီယိုထောက်ပံ့မှုကိုလည်း ထည့်သွင်းထားပါတယ်။

Safari မှာ Favicon တွေပါဝင်လာ

အခုဆိုရင် Safari browser မှာ သုံးစွဲသူတွေ ပိုမိုစိတ်ဝင်စားစေဖို့ tab တွေနဲ့ bookmark တွေမှာ icon အသေးစားတွေဖော်ပြပေးတဲ့ favicon တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ WWDC 2018 ပွဲမှာ MacOS Mojave အကြောင်း ရှင်းလင်းတဲ့ နိဂုံးပိုင်းမှာတော့ Apple ရဲ့ software အင်ဂျင်နီယာအကြီးတန်း ဒုဥက္ကဋ္ဌ ခရိတ်ဖဒါရီချီက Safari မှာ favicon တွေ ပါဝင်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Mac တွေမှာ iOS app ၄ ခုပါဝင်လာ

Apple အနေနဲ့ iOS နဲ့ MacOS ကိုပေါင်းစပ်ဖို့ အစီအစဉ်မရှိဘူးလို့ ဖက်ဒရီချီက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ Apple က iPhone က app တွေကို Mac ဆီ အလွယ်တကူ ထည့်သွင်းနိုင်ဖို့ ကာလရှည်ကြာ စီမံကိန်းတစ်ခု အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ Apple ဟာ MacOS Mojave မှာ iOS က အားထားရတဲ့ News, Stocks, Voice Memos နဲ့ Home ကို ထည့်သွင်းလိုက်ပါတယ်။

Group FaceTime

FaceTime ခေါ်ဆိုမှုတစ်ခုမှာ လူ ၃၂ ယောက်အထိ ပါဝင်ပြီး PartyTime အဖြစ် အသုံးပြုနိုင်ပါတယ်။

Continuity Camera

Mojave မှာ Continuity feature ကို မိတ်ဆက်ထည့်သွင်းလိုက်ပါတယ်။ iPhone နဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ scan ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေကို Mac မှာ တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်အောင် Continuity Camera နဲ့ လုပ်ဆောင်ခွင့်ပြုထားပါတယ်။ Mac ပေါ်မှာ ဓာတ်ပုံရိုက်ကူးတာ ဒါမှမဟုတ် scan ပြုလုပ်လိုက်ရင် iPhone က အသက်ဝင်လာမှာ ဖြစ်ပြီး ဓာတ်ပုံနဲ့ scan ပြုလုပ်ထားတဲ့အရာတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ အခုနည်းလမ်းဟာ AirDrop ထက်မြန်ဆန်ပါတယ်။

လုံခြုံရေးအဆင့်မြှင့်တင်မှုများ

Mojave အနေနဲ့ Safari ပေါ်က ad tracker တွေကို တားဆီးပေးမှာ ဖြစ်တယ်လို့ Apple ကပြောခဲ့ပါတယ်။ Mojave က ကွန်ပျူတာရဲ့ configuration နဲ့ font တွေနဲ့ install လုပ်ထားတဲ့ plug-in တွေအပေါ်အခြေခံထားတဲ့ Mac ကို ခွဲခြားဖော်ထုတ်ရ ခက်ခဲအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Mojave မှာ app တွေက Mac ရဲ့ကင်မရာနဲ့ မိုက်ကရိုဖုန်း အသုံးပြုဖို့ permission တောင်းဆိုသွားမှာဖြစ်ပြီး အဲဒီလုပ်ဆောင်ချက်ကို တည်နေရာ၊ contact တွေနဲ့ ဓာတ်ပုံတွေအတွက် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ Mojave မှာ mail database, message history,
Safari data, Time Machine backups, iTuines device backups, Locations နဲ့ Routines and system cookies တွေအတွက် permission တွေတောင်းခံဖို့ တိုးချဲ့ ခွင့်ပြုထားပါတယ်။

ဒီဇိုင်းပိုင်းပြောင်းလဲထားတဲ့ Mac App Store

Mojave မှာ Mac App Store ကိုပြောင်းလဲအသုံးပြုထားပြီး tab သစ်တွေဖြစ်တဲ့ Discover, Creat, Work and Play တို့ပါဝင်လာပါတယ်။ Microsoft Office 365, Adobe Systems’ Lightrooom နဲ့ BareBones’ BBEdit အပါအဝင် ကာလရှည်စောင့်
ဆိုင်းနေတဲ့ app တွေဟာ ဒီဇိုင်းပိုင်းပြောင်းလဲထားတဲ့ Mac App Store မှာပါဝင်လာတော့မှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET