October 20, 2017

MacBook Pro 13-inch (Touch Bar)

တန်ဖိုး – ကန်ဒေါ်လာ ၁၆၄၉.၉၉

အားသာချက်

အထူးမြင့်မားကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့အပြင် Display ပိုင်းကလည်း အလွန်တောက်ပ ကောင်းမွန်လှပါတယ်။ စပီကာအထွက်ပိုင်းလည်း ကြည်လင်ကောင်းမွန်တဲ့အပြင် မြန်ဆန်တဲ့ SSD
စနစ်ကလည်း သဘောကျစရာပါ။

အားနည်းချက်

USB Type-A ports မပါဝင်တာက ဒီ Notebook ရဲ့ အားနည်းချက်ဖြစ်တဲ့အပြင် ဈေးကြီးတာကလည်း ၀ယ်ဖို့စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်နေပါတယ်။

သုံးသပ်ချက်

၂ဝ၁၇ ထုတ် ၁၃ လက်မ MacBook Pro ရဲ့ ပုံစံက အရင်နှစ်က ထွက်ခဲ့တဲ့ ဒီဇိုင်းနဲ့ တူသယောင်ရှိပေမယ့် အရင်နှစ်ကမော်ဒယ်ထက် ပိုပါးတဲ့အပြင် OLED Touch Bar ပါဝင်လာတာက ဆန်းသစ်လှပါတယ်။ ဈေးကြီးတဲ့အလျောက် Windows Laptop တွေရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ပေါင်းစုံက ယှဉ်နိုင်တဲ့အပြင် တောက်ပကောင်းမွန်လှတဲ့ Display က ဒီ Notebook ရဲ့ အားသာချက်အနေနဲ့ ရှိနေပါတယ်။ ပရော်ဖက်ရှယ်နယ် သုံးချင်သူတွေအတွက် အထူးသင့်လျော်တဲ့ Notebook တစ်လုံးဖြစ်တဲ့အပြင် စပီကာပိုင်းကလည်း အသံထွက် အထူးကောင်းမွန်ပါတယ်။ ports တွေ ဒီထက်ပိုပါဝင်ပြီး Touch Bar မော်ဒယ်တွေကို Apple အနေနဲ့ လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်ရင်တော့ ပိုကောင်းမယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ Touch Bar မပါတဲ့ ကန်ဒေါ်လာ ၁,၂၉၉ တန် MacBook Pro မှာ Thunderbolt ပေါက် လေးခုအစား သုံးခုပဲပါဝင်တဲ့အပြင် သိုလှောင်မှုပိုင်းနဲ့ CPU ကလည်း နည်းနေတာကြောင့် Touch Bar ပါတဲ့ Notebook ကို ဝယ်ယူသင့်တယ်လို့ စဉ်းစားနိုင်အောင် ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ ၁၃.၃ လက်မမျက်နှာပြင်က 2560×1600 pixel ထိ ထောက်ပံ့နိုင်ပါတယ်။ Intel Core i5-7267U CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်ပိုင်းအတွက် Intel Iris Plus 650 ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ RAM 8GB နဲ့ သိုလှောင်မှုပမာဏ 512GB ပါဝင်မှာဖြစ်ပါတယ်။ ၅.၃x၃.၃ လက်မအရွယ်အစား Force Touch trackpad ကို တပ်ဆင်ထားပြီး Wi-Fi 802.11 a/b/g/n/ac ၊ Bluetooth 4.2 နဲ့ Thunderbolt 3 ပေါက်လေးခု၊ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။ အလေးချိန် ၁.၃ ကီလိုဂရမ် (၃ ပေါင်) ရှိပြီး ဘက်ထရီနဲ့ကို ၈း၎ဝ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com